အူမကြီးမှန်ပြောင်းကြည့်စစ်ဆေးခြင်းအစီအစဉ် အူမကြီးမှန်ပြောင်းကြည့်စစ်ဆေးခြင်းအစီအစဉ်

အူမကြီးမှန်ပြောင်းကြည့်စစ်ဆေးခြင်းအစီအစဉ်

Available through ၃၁ ဒီ ၂၀၂၅

အူမကြီးမှန်ပြောင်းကြည့်စစ်ဆေးခြင်းအစီအစဉ်

ဂျပန်နိုင်ငံ ဆေးဘက်ဆိုင်ရာနည်းပညာများ AI နည်းပညာသုံး အူမကြီးမှန်ပြောင်းကြည့်စစ်ဆေးခြင်းအစီအစဉ်

ဂျပန်နိုင်ငံ Sano Hospital မှ  Narrow Band Imaging(NBI) နည်းပညာဟာ အူမကြီးမှန်ပြောင်းကြည်ခြင်းရဲ့ တိကျမှုကို ဘယ်လောက်ထိမြှင့်တင်ပေးနိုင်သလဲ?

အူမကြီးကင်ဆာနဲ့ပတ်သက်ရင် ကမ္ဘာပေါ်မှာ ထိပ်တန်း(၁၀)နိုင်ငံစာရင်းဝင်တဲ့ ဂျပန်နိုင်ငံ ဟာ ဆေးပညာဆန်းသစ်မှုမှာ အပြောင်းအလဲတစ်ခုကို လုပ်ဆောင်နိုင်ခဲ့ပါတယ်။ ဂျပန်နိုင်ငံမှာရှိတဲ့ Sano Hospital ဟာ အူမကြီးမှန်ပြောင်းခြင်းနည်းလမ်းနဲ့ပတ်သက်ရင် ကမ္ဘာတစ်ဝန်း အသိအမှတ်ပြုမှုကို ရရှိစေခဲ့တဲ့ Narrow Band Imaging (NBI) နည်းပညာကို တွေ့ရှိခဲ့ပါတယ်။ ဆစ်မီတဝေ့ဆေးရုံမှ ဆရာဝန်များဟာ ဒီနည်းပညာကို လေ့ကျင့်သင်ယူခဲ့ပြီး ၂၀၁၅ ခုနှစ်မှ စတင်ကာ အူမကြီးကင်ဆာလူနာပေါင်း ၁၃,၅၉၅ ဦးကို ကုသပေးနိုင်ခဲ့ပါတယ်။

သမားရိုးကျမှန်ပြောင်းကြည့်သကဲ့သို့ အဖြူရောင်လှိုင်းအလျား အပေါ်မှာ မှီခိုခြင်း မပြုတဲ့ NBI နည်းပညာဟာ အစိမ်းရောင်နဲ့ အပြာရောင်လှိုင်းအလျားများအသုံးပြုကာ အူမကြီးနံရံမှာရှိတဲ့ မတူညီချက်တွေကို ပိုမိုရှာဖွေပေးနိုင်ပါတယ်။ အဆိုပါအဆင့်မြင့် အမြင်ပုံရိပ်ဟာ သမားရိုးကျ နည်းလမ်းနဲ့ရှာဖွေရာမှာ စိန်ခေါ်မှုအဖြစ်ရှိနေခဲ့တဲ့ အူမကြီးအနားစွန်းမှာ ရောထွေးကပ်ငြိပြီး ပြားနေတဲ့ ပုံစံရှိတဲ့ (သို့)လွှသွားပုံဖြစ်နေတဲ့ အဖုအကျိတ်ကိုတောင် ရှာဖွေပေးနိုင်ပါတယ်။ အဖုအကျိတ်ရှာဖွေ နိုင်မှုနှုန်းမှာ အောင်မြင်တဲ့ တိုးတက်မှုတစ်ခုလို့ ဆိုရမှာဖြစ်ပါတယ်။

NBI နည်းပညာဟာ ဆရာဝန်များအတွက် အဖုအကျိတ်များကို လျှင်မြန်တိကျစွာ ရှာဖွေ ပေးနိုင်ပြီး အလျှင်အမြန်ဖယ်ရှာပေးနိုင်ကာ အူမကြီးကင်ဆာဖြစ်နိုင်ခြေကို လျော့ပါးစေပါတယ်။ ကင်ဆာဖြစ်စေတဲ့ အဖုအကျိတ်မျိုးဆိုရင် ရောဂါရှာဖွေမှုနည်းလမ်း ဟာ ဆရာဝန်များအတွက် အူမကြီးကင်ဆာကိုကုသဖို့ အလျှင်အမြန်ဆုံးဖြတ်ပေးနိုင်ပါတယ်။

AI နည်းပညာသုံးအူမကြီးမှန်ပြောင်းကြည့်ခြင်းဖြင့် တိကျမှုကိုမြှင့်တင်ပေးခြင်း ဆစ်မီတဝေ့ဆေးရုံဟာ AI-assisted colonoscopy အသုံးပြုပြီး AI အထောက်အကူပြု အူမကြီးမှန်ပြောင်းကြည့်ခြင်း ကို အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ပါ တယ်။ အဆိုပါ AI နည်းပညာဟာ အစာအိမ်နဲ့အူလမ်းကြောင်းမှန်ပြောင်းကြည့်ရာမှာ အနာ(ဒဏ်ရာ) တွေ့ရှိမှုကို မြင့်မားစေခဲ့ပြီး သမားရိုးကျနည်းလမ်းများနဲ့ယှဉ်ရင် (၁.၅) ဆ ပိုမိုကြည်လင်ပြတ်သားစွာ မြင်တွေ့နိုင်ပါတယ်။ မြင်တွေ့ရဖို့အလွန်ခက်ခဲတဲ့ နေရာများမှာ ရှိတဲ့ သေးငယ်တဲ့အဖုအကျိတ်(သို့) အနာ ကို တစ်ချိန်တည်းမှာ ပုံရိပ်ဖမ်းယူနိုင်ပြီး အချက်ပေးသံနဲ့ အလင်းရောင်ပေးစွမ်းနိုင်ကာ အူမကြီးကင်ဆာကို ကာကွယ်ဖို့ အဖုအကျိတ်များ ရှာဖွေဖြတ်ထုတ်ရာမှာ ပိုပြီး စွမ်းဆောင်ပေးနိုင်ပါတယ်။

 

Program Promotion Price
(THB)
AI နည်းပညာအထောက်အကူပြု အူမကြီးမှန်ပြောင်းကြည့်ခြင်း  | Buy Now 28,000
31,055

စည်းမျဉ်းသတ်မှတ်ချက်များ

  • အူမကြီးမှန်ပြောင်းကြည့်ခြင်းကိုမေ့ဆေးပြီးသာလုပ်ဆောင်မည်ဖြစ်ပါသည်။
  • ဖော်ပြပါဈေးနှုန်းတွင် ဆရာဝန်အတွက်ကုန်ကျစရိတ်နှင့်ဆေးရုံဝန်ဆောင်ခ ပါဝင်ပြီးဖြစ်ပါသည်။
  • ဖော်ပြပါဈေးနှုန်းတွင် မှန်ပြောင်းကြည့်ခန်းအတွက်ကုန်ကျစရိတ် ၊ လက္ခဏာစောင့်ကြည့်မှုအတွက်နားနေခန်းစရိတ် များပါဝင်ပါသည်။
  • ဖော်ပြပါဈေးနှုန်းတွင် ဝမ်းနှုတ်ဆေးအတွက် ပါဝင်ပြီးဖြစ်သော်လည်း အူမကြီးမှန်ပြောင်းမကြည့်ခင် ရုပ်ပိုင်းဆိုင်ရာစစ်ဆေးမှုများအတွက် ကုန်ကျစရိတ် မပါဝင်ပါ။
  • ဖော်ပြပါဈေးနှုန်းတွင် အူမကြီးမှန်ပြောင်းမကြည့်ခင် ကနဦး ဆရာဝန်နှင့်ပြသတိုင် ပင်ခြင်းအတွက် ကုန်ကျစရိတ် မပါဝင်ပါ။
  • အူမကြီးမှန်ပြောင်းကြည့်ရာတွင် ထပ်ဆောင်းရောဂါဗေဒရှာဖွေစစ်ဆေးမှု အတွက် ပေးဆောင်ရပါမည်။ (၁)စင်တီမီတာအထက်အဖုအကျိတ်တစ်ခုလျှင် ဘတ်(၁,၅၀၀) ( လိုအပ်သည့် စက်ကိရိယာများအတွက်ကုန်ကျစရိတ်မပါဝင်ပါ)
    (၂) စင်တီမီတာအထက်အဖုအကျိတ် များအတွက် အမှန်တကယ် မူရင်းကုန်ကျစရိတ်အပေါ်မူတည်ပြီးတွက်ချက်မည်ဖြစ်ပါသည်။
  • ထပ်ဆောင်းကုန်ကျစရိတ်နှင့်ပတ်သက်သည့်အချက်အလက်များအတွက် ဝန်ဆောင်မှုမရယူခင် ဆေးရုံဝန်ထမ်းများနှင့်ဆက်သွယ်နိုင်ပါသည်။
  • ကျန်းမာရေးအာမခံတင်သွင်းလိုပါက ဝန်ဆောင်မှုမရယူခင်တင်သွင်းနိုင်ပါသည်။
  • ပရိုမိုးရှင်းအစီအစဉ်များသည် ထိုင်းနိုင်ငံသားများနှင့် ထိုင်းနိုင်ငံအတွင်းနေထိုင် သည့် နိုင်ငံခြားသားများအတွက်သာ အကျုံးဝင်ပါသည်။
  • ပရိုမိုးရှင်းအစီအစဉ်ကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၃၁)ရက်နေ့အထိ ရယူနိုင်ပါသည်။
  • ဝန်ဆောင်မှုများကို ဆစ်မီတဝေ့ဆူခွန်ဗစ်ဆေးရုံ ၊ Japanese Hospital Building ၊ အသည်းနှင့်အစာခြေစနစ်ကုသမှုဌာနရှိ အူမကြီးကုသမှုစင်တာတွင် မနက် ၈ နာရီ မှ ညနေ ၆ နာရီအထိ ရရှိနိုင်ပါသည်။


အူမကြီးမှန်ပြောင်းကြည့်ခြင်းနဲ့ပတ်သက်ပြီးအမေးအဖြေများ

၁။ အူမကြီးမှန်ပြောင်းကြည့်ခြင်းဆိုတာဘာလဲ?အူမကြီးစစ်ဆေးတဲ့မှန်ပြောင်း(Colonoscope) အသုံးပြုပြီး အစာအိမ်နှင့် အူလမ်းကြောင်းအောက်ပိုင်းစစ်ဆေးခြင်း လို့လူသိများတဲ့ အူမကြီးမှန်ပြောင်း ကြည့်ခြင်း(Colonoscopy) ဟာ သေးငယ်ပြီး ကွေးဆန့်လွယ်တဲ့ ကင်မရာငယ် ကို စအိုကနေတစ်ဆင့် အူမကြီးအထိ ဖြေးဖြေးချင်း ထိုးသွင်းပြီး စစ်ဆေးတာဖြစ်ပါတယ်။ ကင်မရာကို(၃၆၀) ဒီဂရီလှည့်ပြီး အူမကြီးနံရံရှိ မူမမှန်မှုများကို ရှာဖွေပေးပါ တယ်။ အလျား (၁၆၀)-(၁၈၀) စင်တီမီတာရှည်တဲ့ အူမကြီးကို အသေးစိတ် စစ်ဆေးရာမှာ ဂျပန်နိုင်ငံကလာတဲ့ AI အထောက်အကူပြု Narrow Band Imaging (NBI) နည်းပညာအသုံးပြုပြီး ပုံရိပ်ရဲ့ အသေးစိတ်ကျတဲ့ မြင်နိုင်မှု ကို ပေးစွမ်းကာ အမျိုးမျိုးသော မူမမှန်မှုများကို ရှာဖွေပေးနိုင်ပါတယ်။
၂။ အူမကြီးမှန်ပြောင်းကြည့်ခြင်း၏အကျိုးကျေးဇူးများ - အူမကြီးကင်ဆာကိုဘယ်လိုကာကွယ်နိုင်သလဲ?အူမကြီးကင်ဆာ ဟာအူအတွင်းမှာရှိတဲ့ အဖုအကျိတ်များ ကြီးထွားလာရာကနေ တစ်ဆင့်ဖြစ်ပေါ်ပြီး ဘဝနေထိုင်မှုပုံစံများကြောင့်လည်းကောင်း ၊ မိသားစု ကျန်းမာရေးရာဇဝင်ကြောင့်လည်းကောင်း ဖြစ်နိုင်ပါတယ်။ အူမကြီးမှန်ပြောင်း ကြည့်ခြင်းအားဖြင့် ကင်ဆာအဆင့်ထိမရောက်ခင် အဆိုပါ အဖုအကျိတ်များကို ဖယ်ရှားပေးနိုင်ပြီး အူမကြီးကင်ဆာဖြစ်နိုင်ခြေကို ၉၀ ရာခိုင်နှုန်းအထိ လျှော့ချ ပေးနိုင်ပါတယ်။
3. အူမကြီးကင်ဆာစစ်ဆေးဖို့ အတွက်အူမကြီးမှန်ပြောင်းကြည့်ခြင်းကို ဘယ်သူတွေ လုပ်ဆောင်သင့်သလဲ?
  • မိသားစုထဲမှာ ကင်ဆာဖြစ်ဖူးသူများ ၊ နာတာရှည် ဗိုက်အောင့်ဗိုက်နာခံစားရသူ များ ၊ အူမကြီးထဲမှာ အဖုအကျိတ် တွေ့ရှိရသူများ
  • အသက်(၄၅)နှစ်နှင့်အထက်ရှိသူများ
  • ဆီးချို ၊ အဝလွန်ခြင်း ၊ အသည်းအဆီဖုံးခြင်း စသဖြင့် အူမကြီးကင်ဆာဖြစ်ပွား နိုင်မှုကိုမြင့်မားစေတဲ့ ရောဂါအခံရှိသူများ
အူမကြီးမှန်ပြောင်းကြည့်ခြင်းကို အသက်အရွယ်တစ်ခုရောက်ရှိတဲ့အခါ ဆရာဝန်များက လုပ်ဆောင်သင့်တယ်လို့ အကြံပြုလာတဲ့အချိန်မှာ လုပ်ဆောင်ဖို့ တိုက်တွန်းချင်ပါတယ်။ ဒါ့အပြင် အသက် (၄၅)နှစ်အထက်ရှိသူများ ၊ မိသားစုထဲမှာ အူမကြီးကင်ဆာဖြစ်ဖူးသူများ ၊ ဆေးလိပ်နှင့်အရက်သောက်သုံး လေ့ရှိသူများအနေနဲ့ အူမကြီးမှန်ပြောင်းကြည့်ခြင်းကို လုပ်ဆောင်သင့်ပါတယ်။
၄။ NBI နည်းပညာအသုံးပြုပြီး အူမကြီးမှန်ပြောင်းမကြည့်ခင်ပြင်ဆင်ထားရမည့် အချက်များ
  • အူမကြီးမှန်ပြောင်းမကြည့်ခင် အနည်းဆုံး (၆)နာရီကြာအောင် အစားအစာနဲ့ ရေကို ကြိုတင် ရှောင်ကျဉ်ထားရပါမယ်။
  • အူမကြီးမှန်ပြောင်းမကြည့်ခင် ညနေခင်းမှာ ဝမ်းနုတ်ဆေးကို ရေနဲ့ရောသောက်ပြီး အူကိုရှင်းထားရပါမယ်။
  • ဆရာဝန်မှ လူနာကို အိပ်ဆေးပေးမှာဖြစ်ပါတယ်။ နာတာရှည်ဖျားနာမှုရှိတဲ့ လူနာများအနေနဲ့ အသက်ရှူသွင်းရှူထုတ်ပုံစံ ပျော့ပျောင်းတဲ့ အိပ်ဆေးကို ပေးမှာဖြစ်ပါတယ်။ ဒီဆေးဟာ အစွမ်းပြတာမြန်ပြီး အလျှင်အမြန်ပဲ ပြေလျော့ သွားပါတယ်။
  • * အိပ်ဆေးပေးပြီးတာနဲ့ ဆရာဝန်မှ မှန်ပြောင်း(Colonoscope)ကို စအိုကနေ တစ်ဆင့်ထည့်သွင်းမှာဖြစ်ပါတယ်။ အဆိုပါမှန်ပြောင်းဟာ ၁.၆ မီတာရှည် လျားပြီး (၇၀)-(၈၀) စင်တီမီတာအထိ နက်အောင်သွားနိုင်ပါတယ်။ ဆရာဝန် အနေနဲ့ အူမကြီး ထဲ စဝင်တဲ့နေရာကစပြီး အူသိမ်ပိုင်း အဆုံးထိ စစ်ဆေးမှာဖြစ်ပါတယ်။
၅။ အူမကြီးမှန်ပြောင်းကြည့်ရင်နာကျင်မှုရှိလား?အူမကြီးမှန်ပြောင်းကြည့်တဲ့အချိန်မှာ ပုံမှန်အားဖြင့် လူနာဟာ အိပ်ပျော်နေမှာ (သို့) မှန်ပြောင်းထည့်လိုက်တဲ့နေရာမှာ ထုံနေမှာဖြစ်ပါတယ်။ အောင်မြင်စွာလုပ် ဆောင်ပြီးချိန် အိပ်ဆေးပြယ်တဲ့အချိန်မှာ လူနာဟာ ပြန်ပြီး သတိလည်လာမှာ ဖြစ်ပါတယ်။ အူမကြီးမှန်ပြောင်းကြည့်တာဟာ မိနစ်(၂၀)_(၃၀) မျှသာ ကြာပါတယ်။ အူမကြီးမှန်ပြောင်းကြည့်ပြီးချိန်မှာ လက္ခဏာများအနေနဲ့ ဆေးအရှိန်ကြောင့်မူးဝေနေခြင်း ၊ မှန်ပြောင်းထည့်ထားတဲ့နေရာမှာနာကျင်ခြင်း စတာတွေကို ခံစားရနိုင်ပေမယ့် အချိန်တိုအတွင်း ပျောက်ကင်းသက်သာနိုင်ပါတယ်။
၆။ အူမကြီးမှန်ပြောင်းကြည့်နေစဉ်အတွင်းတွေ့ရှိရတဲ့ကင်ဆာမဟုတ်တဲ့ အကျိတ်များကိုကုသခြင်း(၂.၅)-(၃) စင်တီမီတာထက်သေးငယ်တဲ့ အကျိတ်တစ်ခုခုကိုတွေ့ရတယ်ဆိုရင် ဆရာဝန်များအနေနဲ့ Colonoscopeကိုသုံးပြီး ချက်ချင်းဖယ်ရှားပစ်မှာဖြစ်ပါ တယ်။ ပိုမိုကြီးမားတဲ့အကျိတ်များအတွက် Endoscopic Submucosal Dissection (ESD) ခေါ် ခွဲစိတ်ဖို့မလိုတဲ့ နည်းလမ်းနဲ့ ဖယ်ရှားလိုက်မှာဖြစ်ပါတယ်။ အဆိုပါ ထိုးဖောက်မှုအနည်းဆုံး နည်းလမ်းဟာ နောက်ဆက်တွဲပြဿနာများမဖြစ်စေဘဲ ဘေးကင်းမှုမြင့်မားကာ အလျှင်အမြန် ပြန်လည်သက်သာလာနိုင်ပါတယ်။
၇။ ရောဂါရှာဖွေမှုအပြီးအူမကြီးကင်ဆာအတွက်ကုသမှုနည်းလမ်းများ

အူမကြီးကင်ဆာဖြစ်နေကြောင်းရှာဖွေတွေ့ရှိရတယ်ဆိုရင် အောက်ပါကုသမှုနည်းလမ်း များကို ရွေးချယ်နိုင်ပါတယ်။

  • ခွဲစိတ်ကုသမှု - ဒီနည်းလမ်းဟာ ကင်ဆာဘယ်အဆင့်မှာမဆို အသုံးပြုနိုင်ပြီး တစ်ခါတစ်ရံမှာ ဓာတ်ကင်ခြင်း ၊ ခီမိုဆေးသွင်းခြင်း နည်းလမ်း များနဲ့တွဲဖက်အသုံးပြုနိုင်ပါတယ်။
  • ခီမိုဆေးသွင်းခြင်း - ဒီကုသမှုနည်းလမ်းကတော့ ကင်ဆာဆဲလ် တွေနဲ့ သူတို့ရဲ့ အစိတ်အပိုင်းတွေကို ဖျက်စီးလိုက်တာဖြစ်ပါတယ်။ ခီမိုဆေးသွင်း ရာမှာ ဆေးထိုးခြင်း(သို့)သောက်ဆေး အနေနဲ့ ပေးလေ့ရှိပြီး ခွဲစိတ်မှုမတိုင်ခင် (သို့) ခွဲစိတ်မှုအပြီးမှာ လုပ်ဆောင်ပါတယ်။ တစ်ခါတစ်ရံမှာလည်း ဓာတ်ကင်ခြင်း နဲ့ အတူတွဲပြီးလုပ်ဆောင်ပါတယ်။ ခီမိုဆေးသွင်းခြင်းဟာ သာမန်ဆဲလ်များနဲ့ တခြားသောကိုယ်အဂ်ါအစိတ်အပိုင်းများကို ထိခိုက်စေပြီး ပျို့အန်ခြင်း ၊ မအီမသာဖြစ်ခြင်း ၊ အစာစားချင်စိတ်မရှိခြင်း ၊ ဆံပင်ကျွတ်ခြင်းများ ခံစားရနိုင် ပါတယ်။
  • ဓာတ်ကင်ခြင်း - ဒီနည်းလမ်းဟာ ပြင်းအားမြင့်မားတဲ့ ရောင်ခြည်များနဲ့ ကင်ဆာဆဲလ်များကို ဖျက်စီးလိုက်တာဖြစ်ပြီး တစ်ဖန်ပြန်လည်ဖြစ်ပွားမှုကို လျှော့ချပေးပါတယ်။ အများအားဖြင့် ကုသမှုကိုပိုမိုထိရောက်ဖို့ ခီမိုဆေးသွင်းခြင်းနည်းလမ်းနဲ့အတူ တွဲဖက် အသုံးပြုပါတယ်။
  • ပစ်မှတ်ထားကုထုံး  - ဒီကုထုံးဟာ တိကျမှုရှိပြီး ကင်ဆာဆဲလ်များကို တိုက်ဖျက်ရာမှာ ဘေးတစ်ဝိုက်ရှိဆဲလ်များကို ပျက်စီးမှု အနည်းဆုံးဖြစ်အောင် လုပ်ဆောင်ပေးပါတယ်။ အများအားဖြင့် ပျံ့နှံ့ပြီးဖြစ်တဲ့ ကင်ဆာအမျိုးအစားများကိုကုသရာမှာ ခီမိုဆေးသွင်းခြင်းနည်းလမ်းနဲ့ တွဲဖက် အသုံးပြုပါတယ်။ လေ့လာချက်များအရ ပစ်မှတ်ထားကုထုံးနည်းလမ်းဟာ ခီမိုဆေးသွင်းခြင်းတစ်ခုတည်းအသုံးပြုကုသခြင်းနည်းလမ်းနဲ့ယှဉ်ရင် ပိုမို ရောဂါသက်သာပြီး ပိုမိုအသက်ရှင်သန်နိုင်တယ်လို့ သိရပါတယ်။ 

  • ခုခံအားကုထုံး - ဒီနည်းလမ်းဟာ ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်ကို မြှင့်တင်ပေးပြီး ကင်ဆာဆဲလ်များကို ပိုမိုရှာဖွေတိုက်ဖျက်ပေးနိုင်ကာ ပိုမိုကြာရှည်စွာအသက်ရှင် နိုင်မှုနှုန်း ပိုမြင့်မားပါတယ်။ အဓိကအားဖြင့် ပျံ့နှံ့ပြီးဖြစ်တဲ့ ကင်ဆာအမျိုးအစား များကို ကုသရာမှာအသုံးပြုပြီး ကုသမှုပိုမိုထိရောက်ဖို့အတွက် အသားစယူခြင်း ကိုလည်း မဖြစ်မနေလုပ်ဆောင်ရပါတယ်။
၈။ အူမကြီးမှန်ပြောင်းကြည့်ခြင်းကို ဘယ်နှကြိမ်လုပ်ဆောင်သင့်သလဲ?

ပုံမှန်အားဖြင့် ဆရာဝန်များမှ (၅)နှစ်တစ်ခါ အူမကြီးမှန်ပြောင်းကြည့်ဖို့ အကြံ ပြုပါလိမ့်မယ်။ ဒါပေမယ့်လည်း ရောဂါဖြစ်နိုင်ခြေများတဲ့အုပ်စုမှာပါဝင် တယ်ဆိုရင် ကနဦးရောဂါလက္ခဏာများအပေါ်မူတည်ပြီး (၃)နှစ်-(၅)နှစ်တစ်ခါ စစ်ဆေးသင့်ပါတယ်။ တချို့အခြေအနေတွေမှာ ဆရာဝန်ရဲ့ ညွှန်ကြားချက်အရ (၂)နှစ်-(၃)နှစ်တစ်ခါစစ်ဆေးရတာမျိုးလည်းရှိပါတယ်။