EV71 Vaccine for Hand, Foot and Mouth Disease (HFMD) Prevention - လက် ၊ ခြေထောက် နှင့် ပါးစပ်ရောဂါ (HFMD)ကာကွယ်ဆေး EV71 Vaccine for Hand, Foot and Mouth Disease (HFMD) Prevention - လက် ၊ ခြေထောက် နှင့် ပါးစပ်ရောဂါ (HFMD)ကာကွယ်ဆေး

EV71 Vaccine for Hand, Foot and Mouth Disease (HFMD) Prevention - လက် ၊ ခြေထောက် နှင့် ပါးစပ်ရောဂါ (HFMD)ကာကွယ်ဆေး

Available through ၃၁ မတ် ၂၀၂၅

EV71 Vaccine for Hand, Foot and Mouth Disease (HFMD) Prevention - လက် ၊ ခြေထောက် နှင့် ပါးစပ်ရောဂါ (HFMD)ကာကွယ်ဆေး

မိဘများဟာ ကိုယ့်ရဲ့ရင်သွေးများကို ဗိုင်းရပ်စ်ပိုးနဲ့ ရောဂါများ အန္တရာယ်ကနေ ကာကွယ်နိုင်ဖို့အတွက် ကာကွယ်ဆေးထိုးဖို့ အမြဲသတိရှိကြပါတယ်။ ကံကောင်း ထောက်မစွာပဲ ယနေ့အချိန်မှာ ကလေးငယ်များမှာဖြစ်တတ်တဲ့ လက် ၊ ခြေထောက် နှင့် ပါးစပ်ရောဂါ နဲ့ပတ်သက်ပြီး စိတ်ပူနေတဲ့ မိဘများအတွက် ကာကွယ်ဆေးများ ရှိနေပြီဖြစ်ပါတယ်။

လက် ၊ ခြေထောက် နှင့် ပါးစပ်ရောဂါ (HFMD)ကာကွယ်ဆေး (EV71 VACCINE) က
လက်၊ ခြေထောက်နဲ့ ပါးစပ်တွေမှာ ပြင်းထန်တဲ့ လက္ခဏာ များကိုဖြစ်စေတဲ့ Enterovirus 71(သို့)  EV71 ခေါ် ဗိုင်းရပ်စ်ပိုးများရဲ့ရန်များကနေ ကလေးငယ်များကို ကာကွယ်နိုင်ပါတယ်။

ကာကွယ်ဆေးဟာ လက်၊ ခြေထောက်နဲ့ ပါးစပ်တွေမှာ ပြင်းထန်တဲ့ လက္ခဏာ များကိုဖြစ်စေတဲ့ EV71 ဗိုင်းရပ်စ်ပိုးကိုသာလျှင် ကာကွယ်ပေးနိုင်ပြီး တခြားသောဗိုင်းရပ်စ်ပိုးများကိုမကာကွယ်ပေးနိုင်ပါ။

EV71 ဗိုင်းရပ်စ်ပိုးကူးစက်မှုနဲ့ပတ်သက်တဲ့ လက်၊ခြေထောက်နဲ့ ပါးစပ်တွေမှာ ဖြစ်တတ်တဲ့ ပြင်းထန်လက္ခဏာများ

  • EV71 ဗိုင်းရပ်စ်ပိုးကူးစက်မှုဟာ အသက်အန္တရာယ်ကိုခြိမ်းခြောက်တဲ့ အခြေအနေအထိဖြစ်နိုင်ပါတယ်။
  • အတက်ရောဂါ၊ အားအင်ကုန်ခမ်းခြင်း၊ အော့အန်ခြင်း၊ ဦးနှောက်အမြှေးပါး ရောင်ခြင်း၊ ဦးနှောက်ရောင်ခြင်း၊ သွက်ချာပါဒဖြစ်ခြင်း၊ ရုတ်တရက်ဖြစ်တဲ့ ကြွက်သားများအားနည်းခြင်း၊ နှလုံးကြွက်သားရောင်ခြင်း၊ ရုတ်တရက်အဆုတ်ရောင်ခြင်း အပါအဝင် အာရုံကြောစနစ်ရောဂါပြသနာများ။
  • ဖော်ပြပါ လက္ခဏာများကို ကျော်ဖြတ်ပြီးတဲ့လူနာများအနေနဲ့ ရောဂါပိုး ကူးစက်မှုပြီးတဲ့အခါ အာရုံကြောစနစ်ရောဂါပြသနာများကို ခံစားရနိုင် ပါတယ်။

လက် ၊ ခြေထောက် နှင့် ပါးစပ်ရောဂါ (HFMD)ကာကွယ်ဆေး (EV71 VACCINE) - ၇၂၀၀ ဘတ်

  • (၂)ကြိမ် (တစ်လခြား)
  • ကာကွယ်ဆေးထိုးသင့်တဲ့အသက်အရွယ် - အသက်(၆)လ မှ (၅) နှစ်

မှတ်ချက်များ

စည်းကမ်းသတ်မှတ်ချက်များ

  • ဖော်ပြပါဈေးနှုန်းတွင် ဆရာဝန်အတွက်ကုန်ကျစရိတ်နှင့် ဆေးရုံဝန်ဆောင်ခ မပါဝင်ပါ
  • ပိုမိုသိရှိလိုပါက (သို့) ရက်ချိန်းရယူလိုပါက ဆက်သွယ်ရန်
    • ဆစ်မီတဝေ့ကလေးဆေးရုံ(ဆူခွန်ဗစ်) ၊ Building 1 ဒုထိယထပ်
    • ဆစ်မီတဝေ့ကလေးဆေးရုံ (ဆရီနာကရင်) ဒုတိယထပ်