ရင်သွေးရဖို့ ခက်ခဲသူများအတွက် အထူးဆေးကုသမှု Package
ဆစ်မီတဝေ့ဆေးရုံရဲ့ သန္ဓေသားဗေဒ ဓာတ်ခွဲခန်းဟာ နောက်ဆုံးပေါ်ခေတ်မီနည်းပညာများကို အသုံးပြုထားပြီး သဘာဝဆန်ဆန်ဆိတ်ငြိမ်တဲ့ ဝန်းကျင်တစ်ရပ်အဖြစ် ဖန်တီးထားလို့ ကိုယ်ဝန်ဆောင်ဖို့ အခွင့်အရေးကို ပိုမိုဖြစ်ထွန်းစေပါတယ်။ ရှုထောင့်ပေါင်းစုံကနေစဉ်းစားသုံးသပ်ခြင်းဟာ အောင်မြင်တဲ့သန္ဓေသား ကိုယ်ဝန်ဆောင် ဖြစ်လာနိုင်ရန် ဆက်စပ်နေလို့ ကျွန်ုပ်တို့ ဆစ်မီတဝေ့ဆေးရုံကြီးမှာ အသေးစိတ်အချက်အလက်လေးက အစ သေချာ ထည့်သွင်းစဉ်းစားကြပါတယ်။ ကနဦးစစ်ဆေးစမ်းသပ်မှု ကနေ သန္ဓေသားလောင်း ကို မိခင်၏သားအိမ်ထဲသို့ပြန်လည်ထည့်သွင်းတဲ့ အဆင့်ထိ စောင့်ရှောက်မှုပေးဖို့ ကျွန်ုပ်တို့ အသင့်ရှိနေပါတယ်။
ဆစ်မီတဝေ့ဆေးရုံဟာ နိုင်ငံတကာစံချိန်စံညွှန်းများနဲ့အညီ အဆင့်အတန်းမြင့်မားတဲ့ ဆေးဘက်ဆိုင်ရာ နည်းပညာများအတိုင်း ကုသမှုပေးနေတာဖြစ်ပါတယ်။ လာရောက်ကုသတဲ့ နိုင်ငံအသီးသီးမှ လူနာများအတွက် လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုများပေးနိုင်ဖို့ စကားပြန်များလည်းထားရှိပြီး အကောင်းဆုံးကြိုးစားနေကြပါတယ်။ သင့်အနေနဲ့ ဒီဝန်ဆောင်မှု ကိုရယူဖို့ အွန်လိုင်းကနေရက်ချိန်းယူတဲ့အချိန် သေချာပြောပြပေးယုံပါပဲ။ မည်သည့်ကုသမှုဖြစ်စေ သင့်အနေနဲ့ ဆိုက်ရောက်ဗီဇာ (သို့မဟုတ်) ခရီးသွားဗီဇာ ပြသဖို့တော့လိုပါတယ်။ သင့်အတွက် လွယ်ကူစေဖို့ info@samitivej.co.th အီးမေးလ်မှတဆင့် ကြိုတင်ရက်ချိန်းရယူလိုက်ပါ။