ဆစ်မီတဝေ့ဆေးရုံ ရဲ့ ထုံးစံအတိုင်း သင့်အနေနဲ့ ထူးခြားဆန်းသစ်တဲ့ နိုင်ငံတကာအဆင့်မီ ကျန်းမာရေးစောင့်ရှောက်မှုတွေကို သင် မျှော်လင့်လို့ရပါတယ်။ နောက်ဆုံးပေါ် ခေတ်မီ စက်ကိရိယာ တွေနဲ့ နည်းပညာတွေကို အသုံးပြုထားလို့ ကျွန်တော်တို့ရဲ့ စစ်ဆေးမှုအဖြေများကို မိနစ် ၆၀ မှ မိနစ် ၉၀ အတွင်း လုပ်ဆောင်ဆန်းစစ်နိုင်မှာဖြစ်ပါတယ်။ ဆစ်မီတဝေ့ရဲ့ ကျန်းမာရေးစစ်ဆေးမှုစင်တာ (Wellness Center) ရဲ့ ဘာသာစကားအမျိုးမျိုး တတ်ကျွမ်းတဲ့ ဝန်ထမ်းများဟာ ကောင်းစွာလေ့ကျင့် ပေးထားသလို နှစ်ပေါင်းများစွာ အတွေ့အကြုံများလည်း ရှိခဲ့ပြီးဖြစ်ပါတယ်။ တကယ်လို့ သင်ဟာ ဆစ်မီတဝေ့ကိုရောက်လာမယ်ဆိုရင် နွေးထွေးပျူငှာပြီး အလုပ်ကို တကယ်တတ်ကျွမ်းလုပ်ကိုင်တဲ့ ဝန်းကျင် တစ်ခုကို ကိုယ်တွေ့ ခံစားရမှာဖြစ်ပါတယ်။
လူနာများကျန်းမာရေးစစ်ဆေးမှုကို ပိုပြီး ပုံမှန်ပြုလုပ်လာနိုင်စေဖို့ ကျွန်တော်တို့အနေနဲ့ အမျိုးမျိုးသော ခန္ဓာကိုယ်ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးမှုများအတွက် အထူးအစီအစဉ် Package တွေကိုလည်း ရေးဆွဲထားပါတယ်။ တကယ်လို့ သင့်အနေနဲ့ ကျွန်တော်တို့ ဆေးရုံကို ရောက်လာပြီဆိုရင် ရွေးချယ်စရာတွေ အများကြီး ရှိပါတယ်။ ဆေးရုံမှာရှိနေပြီးသား ကျန်းမာရေးစစ်ဆေးမှုကို လုပ်မလား ၊ ဆရာဝန်နဲ့တွေ့ပြီး အကြံဥာဏ်ရယူမလား ဒါမှမဟုတ် သင့်ရဲ့တစ်ကိုယ်ရည်သီးသန့် လိုအပ်ချက်အတွက် အထူး စစ်ဆေးမှုအစီအစဉ်ရေးဆွဲမလား စသဖြင့် ကြိုက်တဲ့တစ်ခုကို ရွေးချယ်ခွင့်ရှိပါတယ်။ ဆစ်မီတဝေ့ဆေးရုံမှာ ဗီဇာ ၊ အသက်အာမခံ စတဲ့ ကိစ္စများအတွက် ကျန်းမာရေးစစ်ဆေးမှုများသာမက နှစ်စဉ် ခန္ဓာကိုယ်ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးစစ်ဆေးမှု ၊ ကိုယ်ဝန်ဆောင်အကြိုစစ်ဆေးမှု များအပြင် တခြားသော ကျန်းမာရေး စစ်ဆေးမှုများလည်း လုပ်ဆောင်ပေးလျက်ရှိပါတယ်။ တစ်ဦးချင်းအတွက် လုပ်ဆောင်ပေးမှု သာမက အဖွဲ့အစည်းများအတွက်ပါ လုပ်ဆောင်ပေးပါတယ်။ အသက်အရွယ်နဲ့ ကျား မ ဖြစ်သည်ကို ပဓာနမထားဘဲ ကျွန်တော်တို့ရဲ့ အကောင်းဆုံးသော စွမ်းဆောင်ရည်များနဲ့ အားလုံးအတွက် ကြိုးစား ဝန်ဆောင်မှုပေးနေတာဖြစ်ပါတယ်။
ဆစ်မီတဝေ့ဆေးရုံ ရဲ့ ထုံးစံအတိုင်း သင့်အနေနဲ့ ထူးခြားဆန်းသစ်တဲ့ နိုင်ငံတကာအဆင့်မီ ကျန်းမာရေးစောင့်ရှောက်မှုတွေကို သင် မျှော်လင့်လို့ရပါတယ်။ နောက်ဆုံးပေါ် ခေတ်မီ စက်ကိရိယာ တွေနဲ့ နည်းပညာတွေကို အသုံးပြုထားလို့ ကျွန်တော်တို့ရဲ့ စစ်ဆေးမှုအဖြေများကို မိနစ် ၆၀ မှ မိနစ် ၉၀ အတွင်း လုပ်ဆောင်ဆန်းစစ်နိုင်မှာဖြစ်ပါတယ်။ ဆစ်မီတဝေ့ရဲ့ ကျန်းမာရေးစစ်ဆေးမှုစင်တာ (Wellness Center) ရဲ့ ဘာသာစကားအမျိုးမျိုး တတ်ကျွမ်းတဲ့ ဝန်ထမ်းများဟာ ကောင်းစွာလေ့ကျင့် ပေးထားသလို နှစ်ပေါင်းများစွာ အတွေ့အကြုံများလည်း ရှိခဲ့ပြီးဖြစ်ပါတယ်။ တကယ်လို့ သင်ဟာ ဆစ်မီတဝေ့ကိုရောက်လာမယ်ဆိုရင် နွေးထွေးပျူငှာပြီး အလုပ်ကို တကယ်တတ်ကျွမ်းလုပ်ကိုင်တဲ့ ဝန်းကျင် တစ်ခုကို ကိုယ်တွေ့ ခံစားရမှာဖြစ်ပါတယ်။
အကြို အသက်အာမခံ ကျန်းမာရေးစစ်ဆေးမှုများကိုလည်း အာမခံကုမ္ပဏီများရဲ့ စီစဉ်မှုအရ ကျွမ်းကျင်ဆရာဝန်များက လုပ်ဆောင်ပေးနေပါတယ်။
- ကျောင်းမတက်ခင်ကျန်းမာရေးစစ်ဆေးမှု
- အလုပ်မလုပ်ခင်ကျန်းမာရေးစစ်ဆေးမှု
- ဗီဇာနှင့်အလုပ်လုပ်ကိုင်ခွင့်အတွက်ကျန်းမာရေးစစ်ဆေးမှု(ထိုင်းနိုင်ငံသားမဟုတ်သူများအတွက်)
- ယာဉ်မောင်းလိုင်စင်ရရှိရန်ကျန်းမာရေးစစ်ဆေးမှု
- Mobile health check-up
- အထွေထွေကျန်းမာရေးစစ်ဆေးမှု
- နှစ်စဉ်ကျန်းမာရေးစစ်ဆေးမှု
- ဝန်ထမ်းများအတွက်ကျန်းမာရေးစစ်ဆေးမှု
- နိုင်ငံခြားမသွားခင်ကျန်းမာရေးစစ်ဆေးမှု
- Silver Package ကျန်းမာရေးစစ်ဆေးမှု
- တုပ်ကွေးရောဂါနှင့်တခြားဗိုင်းရပ်စ်ရောဂါပိုးများအတွက်ကာကွယ်ဆေးထိုးခြင်း
အောက်ပါကျန်းမာရေးအခြေအနေများအတွက်လည်းစစ်ဆေးမှုအမျိုးမျိုးကို ပြုလုပ်ပေးလျက် ရှိပါတယ်။
- သွေးအမျိုးအစားခွဲခြင်း
- ကိုယ်ဝန်ဆောင်ချိန်အတွင်း ကြိုတင်ကာကွယ်မှုများပြုလုပ်ရန် RH factor (သွေးနီဥအပြင်ဘက်ရှိပရိုတိန်း) ရှိ မရှိ စစ်ဆေးခြင်း
- နာတာရှည်ရောဂါ ရှိ မရှိ သိရှိနိုင်ရန်အတွက် သွေးအလုံးစုံရေတွက်စစ်ဆေးခြင်း(CBC)
- ဆစ်ဖလစ်(Syphilis)ရောဂါနှင့်တခြားရောဂါများအတွက် ကာလသားရောဂါသုတေသန ဓာတ်ခွဲခန်း (VDRL)
- အသည်းရောင်အသားဝါ ဘီပိုး စစ်ဆေးခြင်း
- HIV ပိုး စစ်ဆေးခြင်း
- ဝက်သက်ရောဂါခုခံနိုင်စွမ်းရှိ မရှိ စစ်ဆေးခြင်း (Rubella IgG)
- ပုံမှန်မဟုတ်သည့်ဟေမိုဂလိုဘင်စစ်ဆေးဖို့အတွက် ဟေမိုဂလိုဘင်အမျိုးအစားခွဲခြင်း
- ရင်သားကင်ဆာအတွက်ရင်သားဓာတ်မှန်ရိုက်ခြင်း
- အရိုး၏သိပ်သည်းဆနှင့်အရိုးပွရောဂါစစ်ဆေးခြင်း