Samitivej Virtual Hospital မှာ အထူးကုဆရာဝန်ကြီးများနဲ့ Video Call မှတစ်ဆင့် ဆွေးနွေးတိုင်ပင်ခြင်းများကို (၂၄) နာရီ ပတ်လုံး ပြုလုပ်နိုင်သလို သွေးနမူနာယူခြင်းနဲ့ ဆေးဝါးများ ကိုလည်း အိမ်တိုင်ရာရောက် ဝန်ဆောင်မှုအဖြစ် လုပ်ဆောင်ပေးနေပါတယ်။
ဒါကြောင့် လူနာများ အနေနဲ့ ဆစ်မီတဝေ့ဆေးရုံရဲ့ဝန်ဆောင်မှုများကို ဘယ်နေရာကနေပဲဖြစ်ဖြစ် အဆင်ပြေလွယ်ကူစွာ အချိန်အလေအလွင့်မရှိဘဲ ရရှိနိုင်မှာဖြစ်ပါတယ်။ Samitivej Virtual Hospital ကနေပေးနေတဲ့ဝန်ဆောင်မှုများဟာ ဈေးနှုန်းမျှတပြီး ဆေးရုံက ဝန်ဆောင်များအတိုင်း ဈေးနှုန်းအတူတူဖြစ်ပါတယ်။
ဆရာဝန်များရဲ့ အကြံဥာဏ်နဲ့ လမ်းညွှန်မှုများဟာလည်း လူနာများဘက်က ပေးတဲ့ အချက်အလက်များနဲ့ ကိုက်ညီမှုရှိပါတယ်။ ဒါပေမယ့်လည်း ဒီဝန်ဆောင်မှုဟာ တရားဝင်အသိအမှတ်ပြု ရောဂါရှာဖွေမှု မဟုတ်တာကြောင့် ရုတ်တရက် ဆုံးဖြတ်ရမယ့် အရေးပေါ် ကျန်းမာရေးအခြေအနေတွေမှာ အသုံးမပြုသင့်ပါဘူး။ Samitivej Virtual Hospital အကြောင်းကိုဆက်လက်သိရှိစေရန်
Samitivej Virtual Hospital ဝန်ဆောင်မှုများကို ရယူအသုံးပြုနိုင်မည့်နည်းလမ်းများ
-
Samitivej Plus application (Android နှင့် iOS)
-
ဆစ်မီတဝေ့ဆေးရုံရဲ့ဝက်ဘ်ဆိုဒ် အွန်လိုင်းဆွေးနွေးမှုအတွက်ယခုပဲကလစ်နှိပ်လိုက်ပါ။ 
-
Line application @Samitivej
-
ကျွန်တော်တို့ရဲ့ မိတ်ဖက် Application များ (myAIS, MTL smile service application, Sansiri home service application, SCG)
အထက်မှာ ဖော်ပြထားတဲ့ Application များကို သင့်ရဲ့ မိုဘိုင်းလ်ဖုန်း (သို့) Tablet များမှာ Download ဆွဲ ထည့်သွင်းပြီး အသုံးပြုနိုင်ပါတယ်။