“အမျိုးသမီးများဟာ သူတို့ရဲ့ အလှအပကို တစ်ရက်ကလေးတောင် လျစ်လျူမရှုကြပါဘူး။ ” ဒီ အဆိုဟာ မိန်းကလေးအများစုအတွက် ရင်းနှီးကျွမ်းဝင်ပြီး သားဖြစ်တဲ့အပြင် လှ သထထက် လှအောင် နေ့စဉ်ဘဝမှာ ကြိုးစားထိန်းသိမ်းကြ ပါတယ်။ ဘာလို့လဲဆိုတော့ ကြည်လင်ဝင်းပတဲ့အသားအရေဟာ အမျိုးသမီးများ အတွက် ယေဘုကျကျန်းမာရေးကောင်းမွန်ခြင်းရဲ့ ပြယုဂ် တစ်ခုဖြစ်နေလို့ပါပဲ။ တခြား အရာတွေကောင်းမွန်နေခြင်းအပြင် ကြည်လင်ဝင်းပတဲ့ အသားအရေ ပိုင်ဆိုင်ခြင်းဟာ လူတစ်ယောက်ရဲ့ ကိုယ့်ကိုယ်ကို တန်ဖိုးထားမှုကို ပိုမိုမြှင့်တင်ပေးပါတယ်။ ဒါဆိုရင် အမျိုးသမီးများအတွက် ကျန်းမာကြည်လင်ဝင်းပတဲ့ အသားအရေ ပိုင်ဆိုင်နိုင်ဖို့ လွယ်ကူရိုးရှင်းပြီး ထိရောက်မှုအရှိဆုံး အသားအရေထိန်းသိမ်းမှု နည်းလမ်း (၆) ခုကို ကြည့်ရအောင်ပါ။
ပိုမိုကြည်လင်ဝင်းပတဲ့ မျက်နှာတစ်စုံကို ရရှိစေနိုင်မယ့် ပထမဆုံး အဆင့်အနေနဲ့ ကိုယ့်ရဲ့ မျက်နှာဟာ သန့်ရှင်းနေရပါမယ်။ တကယ်လို့ကိုယ့်ရဲ့မျက်နှာမှာ အညစ်အကြေး တွေရှိနေမယ်ဆိုရင် ချွေးပေါက်တွေကို ပိတ်မိစေပြီး ဝက်ခြံတွေ ထွက်လာနိုင်ပါတယ်။ မျက်နှာပြင်အသားအရေအတွက်အသုံးပြုမယ့် ပစ္စည်းများဟာ ခြောက်သွေ့မှုကို မဖြစ်စေဘဲ သန့်ရှင်းမှုကို ပေးစွမ်းနိုင်ရပါမယ်။ ရေမွှေးလိုမျိုး အသားအရေကို ကျိန်းစပ်မှု ဖြစ်စေတဲ့ ဓာတ်ပစ္စည်းများ မပါဝင်စေဖို့လည်း အရေးကြီးပါတယ်။
ဆဲလ်သေများကိုဖယ်ရှားပြီး ဆဲလ်အသစ်များပြန်လည်မွေးဖွားလာစေဖို့ အတွက် Scrub တိုက်ခြင်းကို တစ်ပတ်ကို (၁)ကြိမ် (သို့) နှစ်ကြိမ်ထက်ပိုပြီး မလုပ်သင့်ပါဘူး။ ရွေးချယ်ဝယ်ယူရာမှာလည်း ချွေးပေါက်များကို မပိတ်စေဖို့အတွက် သေးငယ်တဲ့အစေ့ များ ပါဝင်တဲ့ Scrub Cream ကို ရွေးချယ်သင့်ပါတယ်။ တချို့အမျိုးသမီးများအနေနဲ့ Scrub တ်ိုက်ခြင်းအစား မျက်နှာမှာအသုံးပြုဖို့သင့်လျော်ပြီး သဘာဝသစ်သီးကရတဲ့ အက်ဆစ် အနည်းငယ်ပါဝင်တဲ့ ခရင်(မ်) ကို တစ်ပတ်မှာ (၁)ကြိမ် (သို့) (၂)ကြိမ် အိပ်ယာမဝင်ခင် အသုံးပြုကြပါတယ်။
ပိုမိုကြည်လင်ဝင်းပတဲ့ အသားအရေ ရရှိစေဖို့ အမျိုးသမီးများအနေနဲ့ မှန်ကန်တဲ့ အသားအရေထိန်းသိမ်း ပစ္စည်းများရွေးချယ်ခြင်းရဲ့ အရေးပါမှုကိုလည်း လျစ်လျူရှုလို့ မရပါဘူး။ ဒီအတွက် ဗီတာမင်စီ (Ethyl Ascorbic Acid, Ascorbyl Tetraisopalmitate, Ascorbyl Glucoside) ၊ ဗီတာမင် B-3 (Niacinamide) စတဲ့ ဓာတ်ပစ္စည်း များအပြင် အသားအရေကို ကောင်းကျိုးပြုတဲ့ ဓာတ်ပစ္စည်းများ (Arbutin,Kojic Acid, Thiamidol, Undecylenoyl Phenylalanine, L-Glutathione, Resorcinol, Deoxyarbutin, Licorice Extract, Resveratrol, Tranexamic Acid) ပါဝင်တဲ့ အလှကုန်များကို ရွေးချယ်ရမှာဖြစ်ပါတယ်။ ဒီလိုမျိုး ပါဝင်ပစ္စည်းများကို စဉ်းစားရွေးချယ်ခြင်းအပြင် အမျိုးသမီးများအနေနဲ့ အရေပြားအပေါ်မှာ အသုံးပြုမှုကို ဦးစားပေးပြီး ကိုယ်လိုချင်တဲ့ ကျန်းမာတဲ့အသားအရေ ရရှိဖို့ ဒီပစ္စည်းဟာ ကိုယ်နဲ့ ကိုက်ညီမှု ရှိ မရှိ ဆိုတဲ့ အချက်ကိုပါ ထည့်သွင်းစဉ်းစားဖို့လိုပါတယ်။
ထိုင်းနိုင်ငံရဲ့ အပူချိန်မှာ UV Index ပါဝင်မှုနှုန်းမြင့်မားတာကြောင့် လူတစ်ယောက် အပြင်ထွက်တဲ့အခါ SPF rating 30 နဲ့ PA Score 3+ ပါဝင်တဲ့ မျက်နှာနဲ့ အရေပြား ခရင်(မ်)များကို လိမ်းမှသာလျှင် အရေပြားကျန်းမာရေးအတွက် ရေရှည် အကျိုးရှိ စေမှာဖြစ်ပါတယ်။
ကျန်းမာတဲ့ ဘဝနေထိုင်မှုပုံစံ ဟာ ရေဓာတ်ပြည့်ဝခြင်းနဲ့ စတင်ပါတယ်။ တစ်နေ့ကို ရေ ဖန်ခွက် (၆)ခွက် ကနေ (၈) ခွက်လောက် ပုံမှန်သောက်ပေးရပါမယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဘဝနေထိုင်မှု ပုံစံများထဲမှာ ဓာတ်တိုးဆန့်ကျင်ဓာတ်ပစ္စည်းများပါဝင်တဲ့ သစ်သီးနဲ့ ဟင်းသီးဟင်းရွက် အမျိုးမျိုးကိုစားသုံးခြင်း၊ သင့်လျော်တဲ့အချိန် (ညသန်းခေါင်မတိုင်ခင်) မှာ အိပ်စက်ခြင်း ၊ တစ်နေ့ကို မိနစ်(၃၀) ခန့် လေ့ကျင့်ခန်း လုပ်ခြင်း စတာတွေ ပါဝင်ပါတယ်။ ဒီလိုလုပ်ဆောင်မယ်ဆိုရင် ဟော်မုန်းညီမျှမှုကို ထိန်းသိမ်းပေးပြီး ပျက်စီးနေတဲ့အသားအရေကို ရေရှည်ထိန်းသိမ်းပေးကာ သင့်ကို ကျန်းမာစေမှာဖြစ်ပါတယ်။
အမျိုးသမီးများရဲ့ အနည်းငယ်မျှသောအားလပ်ချိန် အတွင်း ကျန်းမာရေးနဲ့ပိုမို ညီညွတ်တဲ့ အသားအရေကိုရရှိနိုင်မယ့်နည်းလမ်းကတော့ လေဆာနဲ့အရေပြား ကုသမှု ပဲဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ထိုကဲ့သို့နည်းလမ်းတွေ အများကြီးကို ရွေးချယ်နိုင်ပြီ ဖြစ်ပါတယ်။ ၎င်း ကုသမှုနည်းလမ်းများဟာ အသားအရေကို ပိုမိုဝင်းလက်ကြည်လင် တောက်ပစေရုံသာမက အသားဖြူစေတဲ့ ပစ္စည်းတွေ သုံးရတဲ့ အချိန်ကိုပါ လျှော့ချ ပေးပါတယ်။ ဒါ့အပြင် လေဆာကုသမှု များကို အသားအရေထိန်းသိမ်းမှုနည်းလမ်းများနဲ့ တွဲဖက်လုပ်ဆောင်ခြင်းဖြင့် ပိုမိုကျန်းမာတဲ့ အသားအရေကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။ လေဆာကုသမှုနည်းလမ်းများ -
ကျန်းမာရေးနဲ့ပိုမိုညီညွတ်ပြီး ပိုမိုဝင်းပတဲ့ အသားအရေရရှိဖို့ဟာ သင်ထင်သလောက် မခက်ခဲသလို ဈေးကြီးတဲ့ ပစ္စည်းတွေကိုလည်း အိမ်မှာ ဝယ်သုံးစရာမလိုပါဘူး။ တချို့အချက်တွေကို လိုက်နာဖို့ ၊ ကိုယ့်အသားအရေနဲ့ကိုက်ညီတဲ့ အလှကုန်တွေ ရွေးချယ်တတ်ဖို့ပဲလိုအပ်ပါတယ်။ ဒါ့အပြင် သင့်ရဲ့ ခန္ဓာကိုယ်ကို ကျန်းမာပြည့်ဝ စေမယ့် ဘဝနေထိုင်မှုပုံစံများကိုလည်း လိုက်နာနေထိုင်ဖို့ လိုအပ်ပါတယ်။
သင့်ကိုယ်ရေးအချက်အလက်များသိမ်းဆည်းရန်နှင့် နောက်ရက်ချိန်းအသစ် ချိတ်နိုင်ရန် မှတ်ပုံတင်ပါ။
မှတ်ပုံတင်ပြီးသားလား။ ဝင်ရန်