ရိုးတွင်းခြင်ဆီအစားထိုးကုသမှု(Bone Marrow Transplant) ခံယူပြီးတဲ့ လူနာများဟာ GvHD (Graft vs Host Disease) ခေါ် အစားထိုးကုသပြီးနောက်ဖြစ်တတ်တဲ့ လက္ခဏာရောဂါများ ခံစားရနိုင်ပါတယ်။ အကြောင်းအရင်း ကတော့ Donor ဆီက ထုတ်ယူခဲ့တဲ့ ရိုးတွင်းခြင်ဆီ(သို့) Stem Cell တွေဟာ လက်ခံရယူလိုက်သူရဲ့ခန္ဓာကိုယ်ထဲမှာ လိုက်လျောညီစွာလှည့်ပတ်လုပ်ဆောင်နိုင်မှုမရှိဘဲ (သူစိမ်းတစ်ဦးကဲ့ သို့) ခန္ဓာကိုယ် ကို တိုက်ခိုက်ခြင်းကြောင့်ဖြစ်ပါတယ် ။ GvHD ရဲ့ ရောဂါလက္ခဏာတွေဟာ ပြင်းထန်သလို အချိန်ကြာရှည်စွာ ဖြစ်နေတတ်ပြီး အထူးသဖြင့် ကလေးငယ်များမှာ ဖြစ်ပေါ်တတ်ပါတယ်။ ဒါပေမယ့် Photopheresis (ဆဲလ်အခြေခံကိုယ်ခံအားစနစ်နဲ့ကုသခြင်း) နည်းပညာနဲ့ အဲဒီ ရောဂါလက္ခဏာအခြေအနေတွေကို ကာကွယ်ကုသပေးနိုင်ပါတယ်။