အမာရွတ်မကျန်တဲ့ခွဲစိတ်ကုသမှု (သို့) NOTES နည်းပညာ

အမာရွတ်မကျန်တဲ့ခွဲစိတ်ကုသမှု (သို့) NOTES နည်းပညာ

ဟိုးယခင်ကတည်းက ရောဂါဘယတွေပျောက်ကင်းသက်သာဖို့အတွက် လူတွေဟာ ခွဲစိတ်ကုသခြင်းနည်းလမ်းကို ကောင်းစွာ လေ့လာသိရှိခဲ့ကြပါတယ်။ တစ်ဆက်တည်းမှာပဲ ခွဲစိတ်ခြင်းကနေရလာတဲ့ ခန္ဓကိုယ်ပေါ်က ရှည်လျားတဲ့ခွဲကြောင်း ၊ ကင်းခြေများပုံစံ (သို့) မီးရထားသံလမ်းပုံစံ ရှိတဲ့ချုပ်ရိုး ကျန်နေခဲ့တာကိုလည်း မရှောင်ရှားနိုင်ခဲ့ကြပါဘူး။ နောက်ပိုင်းမှာ ခွဲစိတ်ကုသမှု နည်းလမ်းတွေ တိုးတက်မြင့်မားလာသည့်အားလျော်စွာ ဆန်းသစ်တီထွင်ထားတဲ့ နည်းပညာအသစ်တစ်ခုပေါ်ထွက်လာခဲ့ပါတယ်။ ဒါကတော့ အသေးစားကင်မရာ ကို အသုံးပြုပြီး ခွဲစိတ်ကုသမှုကို လုပ်ဆောင်တာပဲဖြစ်ပါတယ်။ ဒီနည်းပညာဟာ ခွဲကြောင်းပိုမိုသေးငယ်ခြင်း အပြင် လူနာအတွက် ခွဲစိတ်ပြီးနောက်ပိုင်း  ပိုမိုကောင်းမွန်တဲ့ အကျိုးကျေးဇူးများ (သေးငယ်တဲ့ခွဲကြောင်း ၊ နာကျင်မှုနည်းပါးခြင်း) ကို ပေးစွမ်းတဲ့ မှန်ပြောင်းသုံးခွဲစိတ်ကုသမှု (Laparoscopic Surgery) ပဲဖြစ်ပါတယ်။ ယနေ့ခေတ်မှာ မှန်ပြောင်းသုံးခွဲစိတ်ကုသမှုဟာ လျှင်မြန်တဲ့နှုန်းတစ်ခုနဲ့ တိုးတက် မြင့်မားလာခဲ့ပါတယ်။  á„င်းရဲအ မူလဦးတည်ချက်ကတော့ ခွဲစိတ်ရာအရွယ်အစားကို လျှော့ချပြီး ခန္ဓာကိုယ်တွင်းရှိတစ်ရှူးများ နာကျင်ထိခိုက်မှုကိုလျှော့ချပေးကာ MIS လို့လူသိများတဲ့ ထိုးဖောက်မှုအနည်းဆုံးခွဲစိတ်ကုသမှု (Minimally Invasive Surgery) နည်းလမ်းနဲ့အညီ လုပ်ဆောင်တာဖြစ်ပါတယ်။

သမားရိုးကျမှန်ပြောင်းသုံးခွဲစိတ်ကုသမှု

သမားရိုးကျမှန်ပြောင်းသုံးခွဲစိတ်ကုသမှုကတော့ ဝမ်းဗိုက်နေရာမှာ အလွန်သေးငယ်တဲ့ ခွဲကြောင်း (၂)ခု ကနေ (၄) ခု ဖောက်ရပြီး ခန့်မှန်းအားဖြင့် (၀.၅)-(၁) စင်တီမီတာမျှသာရှိပါတယ်။ ယခင်ကလုပ်ဆောင်ခဲ့ကြတဲ့ ဗိုက်ခွဲရတဲ့ သာမန်ခွဲစိတ်ကုသမှုကတော့ ဝမ်းဗိုက်မှာ (၁၅) စင်တီမီတာ အရှည်လောက်ထိ ခွဲရပါတယ်။ သမားရိုးကျ မှန်ပြောင်းသုံးခွဲစိတ်ကုသမှုရဲ့ အဓိကအားသာချက်ကတော့ ခွဲစိတ်ပြီး နောက် နာကျင်မှုနည်းပါးပြီး အချိန်တိုအတွင်းပြန်လည်သက်သာလာခြင်းဖြစ်ကာ လူနာအတွက် သူတို့ရဲ့ နေ့စဥ်လုပ်ဆောင်မှုတွေကို ပိုမိုလျှင်မြန်စွာ လုပ်ဆောင်နိုင် ပါတယ်။ အလှအပဆိုင်ရာအားသာချက် ရှုထောင့်ကနေကြည့်မယ်ဆိုရင်လည်း ခွဲကြောင်းအရွယ်အစားကို ပိုမိုလျှော့ချပေးနိုင်ပါတယ်။

တစ်ပေါက်တည်းဖောက်ရတဲ့မှန်ပြောင်းသုံးခွဲစိတ်ကုသမှု

သမားရိုးကျ မှန်ပြောင်းသုံးခွဲစိတ်ကုသမှုဟာ နောက်တစ်ဆင့် မြင့်မားလာတဲ့အခါ Single-Port Laparoscopic Surgery ခေါ် တစ်ပေါက်တည်းဖောက်ရတဲ့ မှန်ပြောင်းသုံးခွဲစိတ်ကုသမှု တစ်ခု ပေါ်ထွက်လာခဲ့ပြန်ပါတယ်။ ယခင်က နည်းလမ်း တွေမှာ (၂)ပေါက် ကနေ (၄)ပေါက် ဖောက် ရမယ့်အစား ချက် နေရာ တစ်ခုတည်းမှာ သေးငယ်တဲ့အပေါက်တစ်ပေါက်သာဖောက်ပြီး လုပ်ဆောင်ရတဲ့ ကုသမှုနည်းလမ်းဖြစ်ပါတယ်။ Single Port Laparoscopic Surgery ရဲ့ အဓိကအားသာချက်ကတော့ အလှအပဆိုင်ရာ ရှုထောင့်အရ ပိုမိုကောင်းမွန်တဲ့ရလဒ်တွေ ရရှိစေပြီး ခွဲစိတ်မှုပြီးတဲ့အခါမှာ ချက်ကို သူ့ရဲ့ နဂိုမူလအခြေအနေအတိုင်း ပြန်လည် ထားရှိနိုင်ပါတယ်။ ဒါကြောင့် ခွဲကြောင်း နေရာမှာ မြင်သာတဲ့ အမာရွတ်လည်း မရှိတော့ပါဘူး။ သမားရိုးကျ မှန်ပြောင်းသုံး ခွဲစိတ်ကုသမှုနဲ့ယှဥ်ရင် တခြားအားသာချက်တွေ အများကြီးရှိပါတယ်။

 

အမာရွတ်မကျန်တဲ့ဝမ်းဗိုက်ခွဲစိတ်ကုသမှု

ဆေးပညာမှာ Natural Orifice Transluminal Endoscopic Surgery(NOTES) လို့ လူသိများတဲ့ အမာရွတ်မကျန်တဲ့ ခွဲစိတ်ကုသမှုဟာ အရင်က ရှိခဲ့တဲ့ မှန်ပြောင်းသုံး ခွဲစိတ်ကုသမှုများကို နောက်ထပ်အဆင့်မြှင့်တင်ထားတာဖြစ်ပါတယ်။ ဒါပေမယ့် ဒီနည်းပညာမှာတော့ ပါးစပ် ၊ စအို ၊ မွေးလမ်းကြောင်း စတဲ့ ခန္ဓာကိုယ်မှာ သဘာဝ အတိုင်းရှိနေတဲ့ အပေါက်ထဲကနေ ခွဲစိတ်တဲ့ကိရိယာကို ထည့်သွင်းတာဖြစ်ပါတယ်။

လက်ရှိအချိန်မှာ ဘေးအကင်းဆုံးနဲ့ ရွေးချယ်မှုအများဆုံး နည်းလမ်းကတော့ မွေးလမ်းကြောင်းကနေတစ်ဆင့်လုပ်ဆောင်တဲ့ ခွဲစိတ်ကုသမှုပဲဖြစ်ပါတယ်။ ဒီနည်းလမ်းမှာ သေးငယ်တဲ့ကင်မရာနဲ့ ကိရိယာကို သားအိမ်ခေါင်းကနေတစ်ဆင့် ထည့်သွင်းပြီး ခွဲစိတ်ကုသမှုကို လုပ်ဆောင်တာဖြစ်ပါတယ်။ ခွဲစိတ်ကုသမှုအဆင့် တိုင်းကို မွေးလမ်းကြောင်း အသုံးပြုပြီး ဝမ်းဗိုက်နေရာ ခွဲစိတ်ဖို့ မလိုတာကြောင့်  အမြင်လှပမှု နဲ့ ပုံစံအနေအထားဟာ ဒီနည်းလမ်းရဲ့ မြင်သာထင်သာအရှိဆုံး အားသာချက် ဖြစ်ပါတယ်။  တခြားသော မှန်ပြောင်းသုံးခွဲစိတ်ကုသမှုနည်းလမ်းများ ၊ ဝမ်းဗိုက်ကနေခွဲရတဲ့ ခွဲစိတ်ကုသမှုများနဲ့ ယှဥ်မယ်ဆိုရင် ဒီနည်းလမ်းဟာ ခွဲစိတ်မှုအပြီး နာကျင်မှုလည်း ပိုမိုနည်းပါးပါတယ်။ နောက်ထပ်အားသာချက်အနေနဲ့ ခွဲစိတ်ပြီးနောက် ပိုမိုမြန်ဆန်စွာသက်သာလာခြင်းပဲ ဖြစ်ပါတယ်။

 

မှန်ပြောင်းသုံးခွဲစိတ်ကုသမှုများနဲ့ နှိုင်းယှဥ်ချက်များ

  ဗိုက်ခွဲ ရတဲ့
ခွဲစိတ်ကုသမှု
သမားရိုးကျ မှန်ပြောင်းသုံးခွဲစိတ်ကုသမှု အပေါက်တစ်ပေါက် သာဖောက်ဖို့လိုတဲ့ခွဲစိတ်ကုသမှု အမာရွတ်မကျန်တဲ့နောက်ဆုံးပေါ်မှန်ပြောင်းခွဲစိတ်ကုသမှု (NOTES)
ဗိုက်ခွဲရာ ၈ - ၁၅ စင်တီမီတာ  á€. ၅ မှ ၁ စင်တီမီတာ ၊  ၂ မှ ၄ နေရာ  á‚ စင်တီမီတာ ၊ (ချက်တစ်နေရာတည်း)  á€—á€­á€Żá€€á€şá€á€˝á€˛á€…á€›á€Źá€™á€œá€­á€Ż
ခွဲစိတ်ပြီးနောက်နာကျင်မှု  á€žá€­á€žá€­á€žá€Źá€žá€Ź   အနည်းငယ်  á€Ąá€”ည်းငယ်  á€Ąá€”ည်းဆုလး
ဆေးရုံမှာသက်သာလာချိန် ၃ - ၅  ရက်  á‚ - ၃ ရက်  á‚ - ၃  ရက်  á - ၂ ရက်
ခွဲစိတ်ပြီးနောက်တစ်ရှူးများထူပြောလာခြင်း ဖြစ်နိုင်ခြေမြင့်မား  á€–ဟစ်နိုင်ခဟ္နည်း  á€–ဟစ်နိုင်ခဟ္နည်း  á€–á€źá€…á€şá€”á€­á€Żá€„á€şá€á€źá€ąá€Ąá€œá€˝á€”á€şá€”á€Šá€şá€¸
ခွဲစိတ်ထားတဲ့နေရာပိုးဝင်ခြင်း  á€›á€žá€­  á€”ည်းပဍး  á€”ည်းပဍး  á€Ąá€œá€˝á€”်နည်းပဍး
ခွဲစိတ်ထားတဲ့နေရာမှာအူကျွံခြင်း  á€›á€žá€­  á€Ąá€œá€˝á€”်နည်းပဍး  á€Ąá€œá€˝á€”်နည်းပဍး  á€™á€›á€žá€­

 

အပေါက်တစ်ပေါက်သာဖောက်ဖို့လိုတဲ့ခွဲစိတ်ကုသမှု နဲ့ အမာရွတ်မကျန်တဲ့ မှန်ပြောင်းသုံးခွဲစိတ်ကုသမှု နည်းလမ်း အသုံးပြုပြီးကုသနိုင်တဲ့ မီးယပ်ဆိုင်ရာရောဂါအခြေအနေများ

  • သားအိမ်ထုတ်ဖို့လိုအပ်တဲ့ မ မျိုးဥအိမ်တွင်အလုံးတည်ခြင်း
  • သားအိမ်အကောင်းပကတိအတိုင်းရှိနေဖို့ သားအိမ်နံရံမှ အလုံးအကျိတ်ကိုဖယ်ထုတ်ခြင်း
  • သေးငယ်တဲ့အရည်အိတ်လေးများကိုသာလျှင်ဖယ်ထုတ်ဖို့လိုအပ်တဲ့ သားအိမ်အရည်အိတ်များဖယ်ထုတ်ခြင်းနည်းလမ်းများ (သို့) မ မျိုးဥအိမ်တစ်ခုလုံးနှင့်အတူ သားအိမ်ပြွန် ကို ဖယ်ထုတ်ဖို့လိုအပ်ခြင်း

  • သားအိမ်ပြွန်တစ်ခု (သို့) နှစ်ခုစလုံးကိုဖယ်ထုတ်ဖို့လိုအပ်တဲ့ သန္ဓေတည်နေ ရာလွဲမှားတဲ့ ကိုယ်ဝန်ဆောင်များ (Etopic Pregnancies)

  • အမျိုးသမီးသားကြောဖြတ်ခြင်း
  • သားအိမ်ထုတ်ဖို့လိုတဲ့ သားအိမ်ခေါင်း(သို့) သားအိမ်အတွင်းလွှာ ရှိဆဲလ်များပုံမှန်မဟုတ်ခြင်းကနဦးအဆင့်

Single-Portနဲ့ အမာရွတ်မကျန်တဲ့ မှန်ပြောင်းသုံးခွဲစိတ်ကုသမှုများရဲ့ ကန့်သတ်ချက်များ

  • တင်ပါးဆုံနေရာမှာ အကျိတ်ပမာဏများစွာရှိနေတဲ့လူနာများအတွက် မလုပ်ဆောင်နိုင်ပါ။

  • သားအိမ်ကင်ဆာ (သို့)မီးယပ်ဆိုင်ရာကင်ဆာပျံ့နှံ့နေတဲ့အခြေနေမှာရှိတဲ့ လူနာများအတွက် မလုပ်ဆောင်နိုင်ပါ။

  • ပြင်းထန်တဲ့ နှလုံး(သို့) အဆုတ်ရောဂါရှိသူများအတွက် မလုပ်ဆောင်နိုင်ပါ။

ရောဂါအမျိုးမျိုးရဲ့ အခြေအနေနဲ့သဘောသဘာဝအပေါ်မူတည်ပြီး မတူညီတဲ့ ခွဲစိတ်ကုသမှုများကို လုပ်ဆောင်ရတာဖြစ်ပါတယ်။ Single-Port (သို့) အမာရွတ် မကျန်တဲ့ မှန်ပြောင်းသုံးခွဲစိတ်ကုသမှု ခံယူလိုသူများဟာ အရင်ဆုံး ရုပ်ပိုင်းဆိုင်ရာ စမ်းသပ်စစ်ဆေးမှုများကို မီးယပ်ဆိုင်ရာမှန်ပြောင်းသုံးခွဲစိတ်ကုသမှုမှာ တတ်ကျွမ်းနားလည်တဲ့ သားဖွားနဲ့မီးယပ်အထူးကုဆရာဝန်များနဲ့ တိုင်ပင် လုပ်ဆောင်ရမှာဖြစ်ပါတယ်။ ဒီစစ်ဆေးမှုကနေ လူနာဟာ Single Port နည်းလမ်းနဲ့လုပ်ဆောင်ရမလား ၊ အမာရွတ်မကျန်တဲ့ မှန်ပြောင်းသုံးခွဲစိတ်ကုသမှုကိုရွေးချယ်ရမလား ဆိုတဲ့ လူနာနဲ့ သင့်လျော်တဲ့ အကောင်းဆုံး ကုသမှုနည်းလမ်းကို အတည်ပြု ဆုံးဖြတ် ပေးမှာ ဖြစ်ပါတယ်။ ဒါမှသာ လူနာတစ်ဦးချင်းစီအတွက် ကုသမှုကနေ အကောင်းဆုံးရလဒ် ရရှိစေမှာဖြစ်ပါတယ်။

ဆစ်မီတဝေ့ ဆူခွန်ဗစ် ဆေးရုံရှိ Minimally Invasive Surgery (MIS)  á€‘ိုးဖ္ဏက်မသုဥနည်းဆုလးခွဲစိတ်ကုသမသုဥကဟ္ဏင်း ပိုမိုလေ့လာပါ။

အဆင့်သတ်မှတ်ချက်

မှတ်ပုံတင်ပြီးသားလား။