ဝက်ခြံဟာ အသက်ငယ်သူများမှာ အဖြစ်များတဲ့ အရေးပြား ပြဿနာတစ်မျိုး ဖြစ်ပြီး တဖြည်းဖြည်းနဲ့ အသက်ကြီးလာတဲ့အချိန်မှာ တွေ့ရနည်းသွားပါတယ်။ ဒါပေမယ့် တချို့လူတွေမှာတော့ အသက်(၄၀) ကျော်တဲ့အထိ ဆက်ပြီး ဖြစ်ပေါ်နေတာမျိုးလည်း ရှိပါတယ်။ အဲဒီထဲမှာ အချိန်ကာလအလိုက်ဖြစ်တဲ့ စိုးရိမ်စိတ်ကြောင့် အစက်အပြောက်များထခြင်း လည်း ပါဝင်ပါတယ်။ ဒါပေမယ့် သင့်လျော်တဲ့ကုသမှုအတွက် လူတစ်ယောက်ဝက်ခြံထွက်ရတဲ့အကြောင်းအရင်းကို တိတိကျကျသိမှသာ ရေရှည်မှာ ဒီပြဿနာကို ဖြေရှင်းနိုင်မှာဖြစ်ပါတယ်။
ဝက်ခြံဟာ ချွေးပေါက်(သို့)မွေးညင်းပေါက် ၊ အရေပြားအဆီဂလင်းများ ရောင်ရမ်း ခြင်းကြောင့်ဖြစ်ပေါ်ပါတယ်။ ဝက်ခြံကြောင့်ဖြစ်တဲ့ အစက်အပြောက်များဟာ အရေပြား အဆီဓာတ်အများဆုံးရှိတဲ့နေရာတွေဖြစ်တဲ့ မျက်နှာ ၊ ကျောအပေါ်ဘက်၊ ရင်ဘက် ၊ လည်ပင်း ၊ ပုခုံးနဲ့ လက်မောင်းအထက်ပိုင်း များမှာ ဖြစ်ပွားနိုင်ပါတယ်။
ကျွန်တော်တို့အနေနဲ့ ဝက်ခြံရဲ့ အမျိုးမျိုးသော ကြီးထွားမှုအခြေအနေကို Comedones ခေါ် အဖြူဆံ/အမည်းဆံတွေပါတဲ့ အဖုလေးများ ၊ အနီရောင်အဖုငယ်လေးများ (Papulonodular Spots) ၊ ပြည်ဖုများ (Pustules) ၊ အဖုအကြီးလိုက်ဖြစ်သော ဝက်ခြံများ(Nodulocystic Spots) အဖြစ် တွေ့ရပြီး သတိထားမိနိုင်ပါတယ်။ ဒါတွေဟာ သေချာမကုသဘဲ ထားလိုက် မယ်ဆိုရင် သေရာပါ အနာရွတ်အဖြစ် ကျန်ရှိနေနိုင်ပါတယ်။ ဒါကြောင့် လူနာများအနေနဲ့ တခြားသော နောက်ဆက်တွဲပြဿနာတွေဖြစ်လာနိုင်တဲ့ ဘေးထွက် ဆိုးကျိုးများကို ရှောင်ရှားနိုင်ဖို့ ကျွမ်းကျင်တဲ့ အရေပြားအထူးကုဆရာဝန်နဲ့ ပြသပြီး တိုင်ပင်ဖို့ လိုပါတယ်။
ယနေ့ခေတ်မှာ အသုံးပြုကြတဲ့ လေဆာကုထုံးပုံစံများကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
Omnilux Blue , Omnilux Revive 2 အပါအဝင် ဘတ်တီးရီးယားများကို ဖျက်စီးပြီး ရောင်ရမ်းမှုကိုလျှော့ချကာ အရေပြားအဆီပမာဏကို ထိန်းသိမ်းပေးတဲ့ Omnilux Light Therapy
အရေပြားအမည်းကွက်များကိုလျှော့ချပေးတဲ့ V Beam နှင့် အညိုကွက် များကို လျှော့ချပေးနိုင်တဲ့ Pico Laser ( ဒီနည်းလမ်းနှစ်မျိုးစလုံးဟာ အများအားဖြင့် တစ်ခုနဲ့ တစ်ခုတွဲပြီးလုပ်ဆောင်လေ့ရှိပါတယ်။
အဆိုပါလေဆာကုထုံးပုံစံသစ်မျိုးဟာ အောက်ဖော်ပြပါလေဆုံပုံစံ (၂) မျိုးကို အသုံးပြုပြီးလုပ်ဆောင်ပါတယ်။
ဝက်ခြံကိုကုသဖို့နည်းလမ်းအများကြီးရှိပေမယ့် နည်းလမ်းတိုင်းဟာ လူတိုင်းနဲ့ မကိုက်ညီပါဘူး။ ဒါကြောင့် သင့်မှာ ဒီလိုမျိုး အရေပြားပြဿနာတွေရှိနေပြီဆိုရင် ကိုယ့်အရေပြားရဲ့ အခြေအနေကို သေချာဆန်းစစ်ပြီး သီးသန့်လိုအပ်ချက်အပေါ် မူတည်တဲ့ နည်းလမ်းများပေးစွမ်းနိုင်တဲ့ အရေပြားအထူးကုဆရာဝန်နဲ့ ပြသတိုင်ပင် ဖို့လိုပါတယ်။ ဒါဟာ သင့်ရဲ့ ဝက်ခြံပြဿနာကို အဆုံးသတ်ပေးနိုင်မှာပဲဖြစ်ပါတယ်။
သင့်ကိုယ်ရေးအချက်အလက်များသိမ်းဆည်းရန်နှင့် နောက်ရက်ချိန်းအသစ် ချိတ်နိုင်ရန် မှတ်ပုံတင်ပါ။
မှတ်ပုံတင်ပြီးသားလား။ ဝင်ရန်