IVM နဲ့ IVF လုပ်ဆောင်မှုရဲ့ ကွဲပြားမှုကတော့ မ မျိုးဥ ရင့်မှည့်အောင် လုပ်ဆောင်ချက် မတူညီတာပဲဖြစ်ပါတယ်။ IVF လုပ်ဆောင်မှုမှာ မျိုးအောင်စေပြီးမှ မ မျိုးဥ ကို သားအိမ်ထဲပြန်ထည့်လိုက်တာဖြစ်ပါတယ်။ IVM ကတော့ မ မျိုးဥ များကို မိခင်ခန္ဓာကိုယ်ပြင်ပ မှာ ရင့်မှည့်စေတာဖြစ်ပါတယ်။
IVM လုပ်ဆောင်မှုမှာ မိခင်ဖြစ်သူဟာ ဟော်မှုန်းနှိုးဆွမှု လုပ်ပေးဖို့မလိုအပ်ပါဘူး။ ဒါကြောင့် ဒီလို သားအိမ်အတွင်းလွှာဟာ မ မျိုးဥနဲ့ ကို ရင့်သန်အောင် ကူညီပေးဖို့ အရမ်းပါးလွန်းနေပါတယ်။
ဒီလိုအခြေအနေမှာ အမျိုးသမီး အီစထရိုဂျင်ဟော်မုန်းဆေးပေးပြီး သားအိမ်အတွင်း လွှာကို ထူလာအောင် လုပ်ဆောင်နိုင်ပါတယ်။ Dr. Boonsaeng ရဲ့ ပြောဆိုမှုအရ ဒီလုပ်ဆောင်မှုအတွက် အချိန်ယူရနိုင်ပြီး သားအိမ်က ပံ့ပိုးပေးနိုင်တဲ့အခြေအနေ ရောက်တဲ့အထိ မ မျိုးဥ ကို အေးခဲထားရမယ် လို့ ဆိုပါတယ်။တစ်ခါတစ်လေမှာ ဟော်မုန်းနှိုးဆွမှု ကို တစ်စိတ်တစ်ပိုင်းသာ လုပ်ဆောင်ရပါတယ်။ မိခင် အနေနဲ့ မ မျိုးဥကို မထုတ်ယူခင်(၅) ရက်ထက်မပိုဘဲ ဟော်မှုန်းနှိုးဆွမှု ကို လုပ်ဆောင်ရပါမယ်။ ဒါဆိုရင် သားအိမ်နှိုးဆွမှုလွန်ကဲတဲ့ လက္ခဏာ များကိုလည်း ကာကွယ်ပြီးသားဖြစ်ပါတယ်။
မျိုးပွားခြင်းအထောက်အကူပြု နည်းပညာများအသုံးပြုပြီး သန္ဓေသားလောင်း အဆင့် ကနေ မွေးကင်းစကလေးငယ်ဖြစ်လာစေတဲ့ အောင်မြင်မှုနှုန်းဟာ (၂၀) ရာခိုင်နှုန်းရှိ တယ်လို့ Dr. Boonsaeng က ဆိုပါတယ်။ IVM နည်းပညာရဲ့ အောင်မြင်မှုနှုန်းဟာ (၁၂) ရာခိုင်နှုန်းပဲ ရှိပေမယ့် သန္ဓေသားလောင်းများကို သားအိမ်ထဲ ထည့်သွင်းရာမှာ ဘေးထွက်ဆိုးကျိုး အနည်းငယ်သာရှိပါတယ်။
ဒီလုပ်ဆောင်မှုရဲ့ အောင်မြင်မှုနှုန်းနဲ့ပတ်သက်ပြီး Dr. Boonsaeng က ရှင်းလင်း ပြောကြားရာမှာ - “ ဟော်မှုန်းနှိုးဆွမှုအပြည့်အဝရှိတဲ့ လူနာတွေဟာ အများအား ဖြင့် သန္ဓေသားလောင်းတစ်ခုသာရှိပါတယ်။ ဒါပေမယ့် IVM နည်းပညာအသုံးပြုတဲ့ သူတွေမှာတော့ သန္ဓေသားလောင်း (၂)ခု (သို့) (၃) ခု ရှိနိုင်ပြီး အောင်မြင်မှုနှုန်း ကလည်း (၃၀) ရာခိုင်နှုန်းလောက်ထိရှိပါတယ်။ ” လို့ ဆိုပါတယ်။


IVM လုပ်ဆောင်မှုအဆင့်ဆင့်
IVM လုပ်ဆောင်မှုမှာ အဆင့်များစွာပါဝင်ပြီး (၂)ပတ်ကျော်လောက် အချိန်ယူ လုပ်ဆောင်ရပါတယ်။
- အစောပိုင်းအဆင့်မှာ မ မျိုးဥတွေကိုစုဆောင်းရပါတယ်။ ( မမျိုးဥ များ မရင့်မှည့်သေးသည့်အချိန်)
- မရင့်မှည့်သေးတဲ့ မ မျိုးဥ တွေကို အထူးပြုလုပ်ထားတဲ့ ကြားခံနေရာ တစ်ခုမှာ ထားရှိပြီး ဓာတ်ခွဲခန်းထဲမှာ လုံလောက်ပြည့်ဝတဲ့အထိ ရင့်မှည့် စေပါတယ်။ ( ဟော်မုန်းလှုံ့ဆော်မှု မလုပ်နိုင်တဲ့လူနာများအတွက်)
- တကယ်လို့ သုတ်ပိုးထဲမှာ မူမမှန်တာ တစ်ခုခုတွေ့ရှိရတယ်ဆိုရင် မမျိုးဥကို Intracytoplasmic Sperm Injection(ICSI) ခေါ် ထိုးဆေး တစ်မျိုးထိုးပြီး သန္ဓေအောင်မှု ကို လှုံ့ဆော်ပေးတဲ့ “Calcium Ionophore” နဲ့ ကုသရပါမယ်။ ဒီနည်းလမ်းဟာ သန္ဓေသားလောင်းရဲ့ အရည်အသွေးကို မြှင့်တင်ပေးပြီး ကိုယ်ဝန်ဆောင်နိုင်မှုနှုန်းကို ပိုမိုများပြားစေမှာြဖစ်ပါတယ်။
- မမျိုးဥတွေ ရင့်မှည့်ပြီဆိုတာနဲ့ သုတ်ပိုးနဲ့အတူ ICSI ဆေးကို ထိုးပေးရပါ မယ်။
- ဆေးထိုးထားတဲ့ မမျိုးဥများ ကို သန္ဓေသားလောင်းအဆင့် ရောက်စေဖို့ ရက်အနည်းငယ်ကြာအောင် မွေးမြူထားရပါမယ်။ (IVF နည်းလမ်းနှင့် အတူတူဖြစ်ပါသည်။)
- သန္ဓေအောင်ပြီးနောက် (၂)ရက် - (၃)ရက် အကြာမှာ သန္ဓေသားလောင်း များကို မိခင်ရဲ့ သားအိမ်ထဲကို ပြန်လည်ထည့်သွင်းပါတယ်။(IVF နည်းလမ်းနှင့် အတူတူဖြစ်ပါသည်။)
IVM နည်းပညာဟာ ကုသမှုရဲ့ လိုအပ်ချက်အတိုင်းပြည့်မီအောင် အထောက်အပံ့ ပေးနိုင်ပြီး မ မျိုးဥ မထုတ်ယူခင်မှာ မည်သည့်ဆေးဝါး (သို့) ဟော်မုန်းလှုံ့ဆော်မှုမှ မလိုအပ်ပါဘူး။ နှစ်များစွာကြာခဲ့ပြီး ယခုအချိန်အထိ IVM နည်းပညာဟာ အောင်မြင်မှုမြင့်မားတဲ့ ကုသမှု အခြေအနေတစ်ခုကို စဥ်ဆက်မပြတ် ပေးစွမ်းထားနိုင်ပါတယ်။
ဆစ်မီတဝေ့ဆူခွန်ဗစ်ဆေးရုံမှာရရှိနိုင်တဲ့ IVM နည်းပညာရဲ့ဖွံ့ဖြိုးတိုးတက်မှု
လွန်ခဲ့တဲ့ (၇)နှစ် (၈) နှစ်လောက်က IVM နည်းပညာအသုံးပြုမှုဟာ သမားရိုး ကျအသုံးပြုမှု အဆင့်သာရှိပါသေးတယ်။ ဒါပေမယ့် ၂၀၁၆ ခုနှစ်မှာ ဆစ်မီတဝေ့ဆူခွန်ဗစ်ဆေးရုံဟာ IVM နည်းပညာကို Modulator IVM အဖြစ် ပြောင်းလဲပြီး နောက်ထပ်ခြေလှမ်း တစ်လှမ်း လှမ်းကာ မြှင့်တင်ခဲ့ပါတယ်။
IVM နည်းပညာရဲ့ အဆင့်မြင့်တိုးတက်လာမှုလို့ ဆိုရာမှာ မရင့်မှည့်သေးတဲ့ မ မျိုးဥများကို သားအိမ်ထဲမှ ထုတ်ယူလိုက်ပြီး ဓာတ်ခွဲခန်းထဲမှာထားပါတယ်။ ၄င်း မ မျိုးဥများကို ရင့်မှည့်လာစေဖို့အတွက် ဟော်မုန်းအနည်းငယ် ထိုးပြီး မွေးမြူပါတယ်။ ဒီလိုနည်းလမ်းအားဖြင့် သုတ်ပိုးဆေးထိုးခြင်းနဲ့ ရင့်မှည့်ပြီးသား မ မျိုးဥတွေ သန္ဓေမအောင်ခင်မှာ ပိုမိုကောင်းမွန်ပြီးပြည့်စုံစွာရင့်မှည့်ဖို့ အထောက်အကူပေးပါတယ်။
ဒါကြောင့် ၂၀၁၆ ခုနှစ်ဟာ ဆစ်မီတဝေ့ဆေးရုံအတွက် နောက်ထပ် ဂုဏ်ယူစရာနှစ် တစ်နှစ်ဖြစ်ခဲ့ပြီး Modulator IVM ကို တရားဝင်အသုံးပြုကာ အောင်မြင်မှုတွေ ရရယူနိုင်ခဲ့ပါတယ်။ ကလေးရယူလိုတဲ့ စုံတွဲများရဲ့ အိပ်မက် ကို ဖြည့်ဆည်းပေးပြီး ယခင်ကထက် ပိုမို ရိုးရှင်းထိရောက်စွာ ကလေးရယူနိုင်ဖို့ ဆစ်မီတဝေ့ဆေးရုံအနေနဲ့ ရည်ရွယ်ထားပါတယ်။
Dr. Boonsaeng Wutthiphan ရဲ့ လူနာများထဲမှာ ထိုင်းနိုင်ငံသာမက နိုင်ငံခြားသား လူနာများပါ ပါဝင်ပါတယ်။ အဲဒီလူနာများဟာ သွေးပြန်ကြောသွေးခဲခြင်း နဲ့ ရင်သားကင်ဆာကုသမှု ခံယူပြီူသူများ ပါ ပါဝင်ပါတယ်။ အဲဒီလူနာများအတွက် IVM ဟာ အကောင်းဆုံးကုသမှုနည်းလမ်း ပဲ ဖြစ်ပါတယ်။ အမျိုးသမီးအီစထရိုဂျင်ဟော်မုန်းမြင့်မားမှု မရှိပေမယ့်လည်း လူနာရဲ့ ကျန်းမာရေးအခြေအနေဟာ နောက်တစ်ကြိမ်ပြန်လည်ဖြစ်ပွားလာနိုင် ခြေ အနည်းငယ်သာရှိပါတယ်။
To read the story of a couple who had undergone IVM treatment, click here.
Photo Credit: bradfordst219 via Compfight cc