ချောကလက်မှာ လူသားတို့ရဲ့ ကျန်းမာရေးအတွက် အထောက်အကူပြုပြီး နာမကျန်းခြင်းနဲ့ ရောဂါအမျိုး မျိုးကို ကာကွယ်ပေးနိုင်တဲ့ ဓာတ်ပစ္စည်းတွေ အများကြီးပါဝင်ပါတယ်။
၁။ ကဖင်းဓာတ်(Caffeine) - ကဖင်းဓာတ်(Caffeine) ဟာ ပင်မအာရုံကြောစနစ်ကို နှိုးဆွပေးပြီး ခန္ဓာကိုယ်အစိတ်အပိုင်း နေရာမျိုးစုံဆီကို သွေးလည်ပတ်မှု မြင့်မားစေပါတယ်။
၂။ သီယိုဘရိုမင်း (Theobromine) - သီယိုဘရိုမင်း (Theobromine) လို့ခေါ်တဲ့ ဓာတ်ပစ္စည်းတစ်မျိုးဟာ သွေးဖိအားကိုလျော့ကျစေဖို့ အထောက်အကူပြုကာ နှလုံးလုပ်ဆောင်မှုကို နှိုးဆွ ပေးပြီး နှလုံးကြွက်သားပုပ်ခြင်း (Myocardial Infaarction) ဖြစ်ပွားနိုင်မှုကို လျှော့ချ ပေးပါတယ်။
၃။ Flavonoid - Flavonoid လို့ခေါ်တဲ့ ဓာတ်ပစ္စည်းတစ်မျိုးဟာ Polyphenol ဒြပ်ပေါင်းအမျိုးအစား ဓာတ်တိုးလျှော့ချပစ္စည်း(Antioxidant) များပါဝင်ပါတယ်။ ၎င်း ဓာတ်ပစ္စည်းဟာ နှလုံးမှာရှိတဲ့ သွေးကြောများကို ပိုမိုအားကောင်းစေပြီး ရောဂါအမျိုးမျိုးမှ ကာကွယ်ပေးပါတယ်။