ဆံပင်ဟာ လူတစ်ယောက်ရဲ့ အသက်(၃၀)မှာ သူ့ရဲ့ အမြင့်မားဆုံး သိပ်သည်းဆ နဲ့ အထူ ကို ရောက်ရှိပါတယ်။ အဲဒီနောက်မှာ အသက်အရွယ်ကြီးလာတာနဲ့အမျှ သိပ်သည်းစနဲ့ ဆံချည်မျှင်များဟာ စတင်လျော့ပါးလာပါတယ်။
ခေါင်းဖီးတဲ့အခါ ဘီးမှာဆံပင်များကပ်ငြိခြင်း ၊ ဆံပင်ပါးလာခြင်း ၊ ထိပ်ကွက်ခြင်း ၊ ခေါင်းလျှော်ပြီးနောက် ရေစစ်တဲ့အခါဆံပင်ကျွတ်ခြင်းစမ်းသပ်ခြင်း စတဲ့ နည်းလမ်းများနဲ့ ဆံပင်ကျွတ်ခြင်းကို သတိထားမိနိုင်ပါတယ်။
ဆံပင်ကျွတ်ခြင်းကိုအများဆုံးဖြစ်စေတဲ့ အကြောင်းအရင်းများကတော့ အသက်ကြီးလာခြင်း ၊ မိသားစုမှာဆံပင်ပါးတဲ့ရာဇဝင်ရှိခြင်း စတာတွေပဲဖြစ်ပါတယ်။
ဆံပင်ကျွတ်ခြင်းလို့ဆိုရာမှာ ဦးရေပြားက ဆံပင်ကျွတ်တာကိုခေါ်တာဖြစ်သလို ခန္ဓာကိုယ်ရဲ့ တခြားအစိတ်အပိုင်းက အမွှေးအမျှင်တွေကျွတ်တာကိုလည်း ဆိုလိုပါတယ်။ ခေါင်းလျှော်တဲ့အခါ ဆံပင်များပါလာခြင်း ၊ ဘီးမှာဆံထွေးများကပ်ငြိခြင်း ၊ ဆံပင်ပါးလာခြင်း ၊ ထိပ်ကွက်ခြင်း စတာတွေဟာ ပုံမှန်မဟုတ်ဘဲ အလွန်အကျွံဆံပင်ကျွတ်ခြင်းကို ညွှန်ပြနေပါတယ်။ ဒါကြောင့်ဆံပင်ကျွတ်ပြီဆိုရင် တိကျတဲ့အကြောင်းအရင်းကိုရှာဖွေဖို့နဲ့ သင့်လျော်တဲ့ ကုသမှုတွေ လုပ်ဆောင်ဖို့ ဆရာဝန်နဲ့သေချာတိုင်ပင်ဆွေးနွေးသင့်ပါတယ်။
ဆံပင်ကျွတ်ခြင်းဟာ သာမန်ဖြစ်စဉ်သာဖြစ်ပြီး နေ့စဉ်ဖြစ်ပွားနိုင်ပါတယ်။ တစ်ခါတစ်လေမှာလည်း ခဏတာသာ ဖြစ်နိုင်ပါတယ်။ တချို့လူတွေအတွက် ဒါဟာ သဘာဝအရ (သို့) အသက်အရွယ်အရ ဖြစ်လေ့ရှိပြီး ကုသစရာမလိုတဲ့ သာမန်ဖြစ်စဉ်တစ်ခုအဖြစ် လက်ခံထားကြပါတယ်။ ဒါပေမယ့်လည်း တခြားသူများအတွက် ဆံပင်ကျွတ်ခြင်းကြောင့် ယုံကြည်မှုပျောက်ဆုံးရပြီး စိတ်ဖိစီးမှု ၊ စိုးရိမ်မှုတွေ တိုးပွားစေကာနေ့စဉ်ဘဝကို ထိခိုက်စေပါ တယ်။ ဒါကြောင့် ဆံပင်ကျွတ်ရခြင်းအကြောင်းအရင်းကိုသိရဖို့ နဲ့ အထိရောက်ဆုံးနည်းလမ်းနဲ့ ကုသနိုင်ဖို့ ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးရမှာဖြစ်ပါတယ်။
သင့်ကိုယ်ရေးအချက်အလက်များသိမ်းဆည်းရန်နှင့် နောက်ရက်ချိန်းအသစ် ချိတ်နိုင်ရန် မှတ်ပုံတင်ပါ။
မှတ်ပုံတင်ပြီးသားလား။ ဝင်ရန်