တင်ပါးဆုံရိုးကျိုးခြင်း ဟာ အသက်ကြီးတဲ့သူတွေ ချော်လဲတဲ့အခါ အဖြစ်အများဆုံး ကိစ္စဖြစ်ပြီး တင်ပါးနာကျင်ခြင်းဝေဒနာကို ခံစားရမှာဖြစ်ကာ အဲဒီနေရာကို အလေးချိန်သက်ရောက်မှု မခံနိုင်တဲ့အထိ ဖြစ်နိုင်ပါတယ်။ တချို့ သက်ကြီးပိုင်းများအနေနဲ့ ပေါင်ခြံထိပ်ပိုင်းမှာ သွေးခြေဥတာမျိုးဖြစ်နိုင်ပြီး ခြေတစ်ဖက်သိမ်ခြင်း (သို့) ခြေဖဝါးအစွန်းပိုင်းအပြင်ဘက်ကို ကားထွက်ခြင်း စတဲ့ ခြေထောက် အောက်ပိုင်းမှုမမှန်မှုများကို ခံစားရနိုင်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ တခြား လိုအပ်တဲ့ ရောဂါရှာဖွေမှုများ ဆက်လက်လုပ်ဆောင်နိုင်ဖို့ ချက်ချင်း ဆေးရုံမှာ သွားရောက်ပြသသင့်ပါတယ်။
တင်ပါးဆုံရိုးကျိုးခြင်းဟာ ကျိုးသွားတဲ့နေရာ နဲ့ ထိခိုက်မိတဲ့အရိုးနေရာ လှုပ်ရှားမှု အပေါ်မူတည်ပြီး ကုသမှုနည်းလမ်းတွေ ကွဲပြားသွားပါတယ်။
၁။ပေါင်ထိပ်ရိုးကျိုးခြင်း
- အရိုး တည်နေရာမလွဲသွားဘူးဆိုရင် အရိုးကိုပြန်လည် တည့်မတ်နိုင် ဖို့အတွက် မူလီစုပ်ပြီး ကုသရပါမယ်။
- တကယ်လို့ အရိုးဟာလုံးဝ နေရာလွဲသွားပြီဆိုရင်တော့ အရိုးအစားထိုးခွဲစိတ်ကုသမှုလုပ်ဆောင်ဖို့ ဆရာဝန်တွေက စဉ်းစားပါ လိမ့်မယ်။
၂။ Intertrochanteric Fractures လို့လည်းခေါ်တဲ့ ပေါင်ထိပ်ရိုးကျိုးခြင်း ကို ခွဲစိတ်ကုသမှုအပြင် အရိုးရဲ့အတွင်းပိုင်းတည်ဆောက်ပုံကို တည့်မတ်စေဖို့ သတ္တုချောင်းထည့်ပြီး ကုသပါတယ်။
တင်ပါးဆုံရိုးကျိုးခြင်းကို သင့်လျော်တဲ့ရောဂါရှာဖွေမှုနည်းလမ်းများနဲ့ သေချာအဖြေရှာသင့်ပြီး အံဝင်ခွင်ကျအဖြစ်ဆုံး ကုသမှုနည်းလမ်းနဲ့ အမြန်ဆုံး ကုသရပါမယ်။ တကယ်လို့ ခွဲစိတ်ကုသမှုလိုအပ်တဲ့အခြေအနေဆိုရင် ( လူနာ အနေနဲ့ ခွဲစိတ်ကုသမှုကို အဟန့်အတားဖြစ်စေတဲ့အခြေအနေမရှိဘူးဆိုရင်) အမြန်ဆုံးခွဲစိတ်ကုသသင့်ပါတယ်။
ခွဲစိတ်ပြီးနောက် လူနာများအနေဖြင့် လမ်းလျှောက်ခြင်းနှင့် ဟန်ချက်ညီမှုအတွက် အထောက်အကူပြုရန်
ကိုယ်ခန္ဓာပြန်လည်သန်စွမ်းရေး ကုထုံးများ ခံယူရန် လိုအပ်ပါတယ်။ ထိုမှသာ ခန္ဓာကိုယ်အား အပြည့်အဝနှင့် လျင်မြန်စွာ ပြန်လည်ကောင်းမွန်ရန် အကောင်းဆုံးအခွင့်အရေးကို ပေးစွမ်းနိုင်မည်ဖြစ်ပါတယ်။