မိဘ(သို့) ကလေးထိန်းများအနေနဲ့ ကိုယ့်ကလေးဟာ အလွယ်တကူမျိုချမိနိုင်တဲ့ ပစ္စည်းများနဲ့ ဆော့ကစားခြင်းကို သေချာဂရုစိုက် စောင့်ကြည့်နေဖို့လိုပါတယ်။ အထူးသဖြင့် အသက်(၆)လမှ (၃)နှစ်အတွင်း ကလေးအများစု ဆော့ကစားရင်းနဲ့ မျိုချမိနိုင်တဲ့ ပစ္စည်းများကတော့ အကြွေစေ့တွေဖြစ်ပါတယ်။ မျိုချမိလိုက်တဲ့ ပစ္စည်းများရဲ့ (၈၀)ကနေ (၉၀)ရာခိုင်နှုန်းဟာ ဘာမှအန္တရာယ် မဖြစ်စေဘဲ အစာချေစနစ်မှစွန့်ထုတ်နိုင်ပြီး ကျန်းမာရေးပြဿနာ မရှိနိုင်ပါဘူး။ ဒါပေမယ့်လည်း မွေးကင်းစ ကလေးငယ်တွေ မျိုချမိလိုက်တဲ့ အရာဝတ္ထုများရဲ့ (၁၀)ရာခိုင်နှုန်းမှ (၂၀)ရာခိုင်နှုန်းဟာ အစာချေစနစ်ကနေ ကောင်းစွာမစွန့်ထုတ် နိုင်ပါဘူး။ ဒါကြောင့် အဲဒီအရာဝတ္ထုဟာ ပိတ်မိနေပြီး ကိရိယာသုံးကာ အစာအိမ်လမ်းကြောင်းအတွင်းမှဖယ်ရှားခြင်း(Endoscopic Removal) နည်းလမ်း ကို အသုံးပြုဖို့ လိုပါတယ်။ မတော်မဆမျိုချမိတဲ့ဖြစ်စဉ်များရဲ့ (၁)ရာခိုင်နှုန်းလောက်ဟာ ခွဲစိတ်မှု နည်းလမ်းကို အသုံးပြုကာ ဗိုက်ထဲက ပစ္စည်းကို ဖယ်ထုတ်ကြပါတယ်။ မျိုချမိတဲ့ ပစ္စည်းကို ဘယ်လိုမျိုးဖယ်ထုတ်မလဲဆိုတာကတော့ အဲဒီပစ္စည်းကိုဘာနဲ့လုပ် ထားသလဲ၊ ပစ္စည်းရဲ့အရွယ်အစား၊ ပိတ်မိနေတဲ့နေရာ၊ ကလေးရဲ့အသက်အ ရွယ်၊ မျိုချမိတာအချိန်ဘယ်လောက်ကြာပြီလဲ စတဲ့ အချက်တွေအပေါ်မှာ မူတည် ပါတယ်။ ပလတစ်စတစ်၊ သစ်သား၊ သေးငယ်တဲ့ငါးရိုး အပါအဝင် တချို့ပစ္စည်း များ ဟာ X-Ray မှာ မမြင်ရပါဘူး။ ဒါကြောင့် ကိုယ်ခံစားရတဲ့ လက္ခဏာနဲ့ မြိုချမိ ခဲ့တဲ့ အရာဝတ္ထုရဲ့ ပုံသဏ္ဍာန်၊ အရွယ်အစားကို ဆရာဝန်တွေကို သေချာပြောပြဖို့ လိုပါတယ်။ ဒီအချက်အလက်တွေအပေါ်အခြေခံပြီး ဆရာဝန် များမှ ကုသမှု နည်းလမ်းကို ဆုံးဖြတ်ပေးမှာဖြစ်ပါတယ်။
ပြတတ်တဲ့လက္ခဏာတွေကတော့ ချောင်းဆိုးခြင်း၊ အသက်ရှူကျပ်ခြင်း၊ အသက်ရှူရခက်ခဲခြင်း၊ လည်ချောင်းနာခြင်း၊ တံတွေးထွက်များခြင်း၊ တံတွေးထဲတွင်သွေးပါခြင်း၊ စားရသောက်ရ ခက်ခဲခြင်း၊ စားချင်စိတ်မရှိခြင်း၊ အစာအိမ်အောင့်ခြင်း၊ အော့အန်ခြင်း၊ သွေးထွက်ခြင်း တို့ဖြစ်ပါတယ်။ ဒါပေမယ့် တချို့ကလေးတွေဟာ လက္ခဏာလုံးဝမပြတာမျိုးလည်း ဖြစ်နိုင်ပါ တယ်။
မျိုချမိလိုက်တဲ့ အရာဝတ္ထုများဟာ အောက်ဖော်ပြပါ အရွယ်အစားရှိမယ်ဆိုရင် ကိရိယာအသုံးပြုကာအစာအိမ်လမ်းကြောင်း အတွင်းမှဖယ်ရှားခြင်း(Endoscopic) နည်းလမ်းကိုလုပ်ဆောင်ဖို့ အကြံပြုချင်ပါတယ်။
ငယ်ရွယ်သေးတဲ့ကလေးတွေဟာ သူတို့ရဲ့လုပ်လိုက်တဲ့ အပြုအမူများရဲ့ အန္တရာယ် ကို ကောင်းစွာ ခွဲခြားနိုင်ခြင်းမရှိသေးတာကြောင့် အနားမှာရှိတဲ့ အရာတွေကိုကောက်ပြီး မျိုချနိုင်ခြေ အများကြီးရှိပါတယ်။ ဒါကြောင့် မိဘ(သို့) ကလေးထိန်းများအနေနဲ့ ကလေးများကို ထိုက်သင့်သလောက် ကြီးမားတဲ့ ကစားစရာများနဲ့ ဆော့ကစားခြင်းမရှိစေဖို့ သတိပြု ရပါမယ်။ ဒါဆိုရင် အသက်ရှူကြပ်တော့မှာ မဟုတ်ပါဘူး။ ဒါ့အပြင် သေးငယ်တဲ့ အရာဝတ္ထုတွေကို ကလေးငယ်များနဲ့ဝေးရာမှာထားရပါမယ်။ ဒီလိုငယ်ရွယ်နုနယ်စဉ်အချိန်မှာ မိဘများအနေနဲ့ကိုယ့်ကလေးငယ်ကို မျက်စိဒေါက် ထောက်ကြည့်နေကာ ဂရုစိုက်ဖို့ကလွန်စွာအရေးကြီးကြောင်း အကြံပြု ရေးသား လိုက်ရပါတယ်။
*ထည့်သွင်းရန်လိုအပ်သည်။
သင့်ကိုယ်ရေးအချက်အလက်များသိမ်းဆည်းရန်နှင့် နောက်ရက်ချိန်းအသစ် ချိတ်နိုင်ရန် မှတ်ပုံတင်ပါ။
မှတ်ပုံတင်ပြီးသားလား။ ဝင်ရန်