ရင်သားကင်ဆာနဲ့ပတ်သက်တဲ့အယူအဆအမှားများနဲ့လက်တွေ့အချက်အလက်များ

ရင်သားကင်ဆာနဲ့ပတ်သက်တဲ့အယူအဆအမှားများနဲ့လက်တွေ့အချက်အလက်များ

အယူအဆအမှား(၁)

ရင်သားပိုသေးတဲ့အမျိုးသမီးများဟာ ရင်သာကင်ဆာဖြစ်နိုင်ခြေပိုနည်းပါတယ်။

လက်တွေ့အချက်အလက်

ရင်သားအရွယ်အစားကြီးသည်ဖြစ်စေ သေးသည်ဖြစ်စေ ရင်သားကင်ဆာဖြစ်နိုင်ပါတယ်။ ဘာလို့လဲဆိုတော့ ရင်သားကင်ဆာဟာ နို့ရည်ပြွန် နဲ့ နို့ရည်ဂလင်း မူမမှန်ခြင်းကြောင့် ဖြစ်ပွားတာဖြစ်ပါတယ်။  ရင်သားအရွယ်အစားဟာ ရင်သားထဲရှိ ကင်ဆာမဖြစ်စေတဲ့ အဆီတစ်ရှူး ပြောင်းလဲမှုကြောင့်သာလျှင်ဖြစ်ပေါ်နိုင်ပါတယ်။ ရင်သားအရွယ်အစား ကြီးမားတဲ့အမျိုးသမီးများအနေနဲ့ နို့ရည်ပြွန်နဲ့ နို့ရည်ဂလင်းပမာဏ ပုံမှန်ပဲရှိတယ်ဆိုရင် ဘာမှ စိုးရိမ်ပူပန်ဖို့မလိုပါဘူး။ ဒါပေမယ့်လည်း ရင်သားတစ်ရှူးသိပ်သည်းမှုကြောင့် ရင်သားကြီးလာမယ်ဆိုရင် ရင်သားကင်ဆာဖြစ်နိုင်ခြေများတာကြောင့် ဆေးရုံမှာ ရင်သား မမ်မိုဂရမ် (Mammogram) ရိုက်ဖို့ အကြံပြုလိုပါတယ်။

အယူအဆအမှား(၂)

ချွေးနံ့ပျောက်ဆေးတွေသုံးခြင်းဟာရင်သားကင်ဆာဖြစ်နိုင်ခြေကိုမြင့်မားစေပါတယ်။

လက်တွေ့အချက်အလက်

American Cancer Institute ရဲ့တွေ့ရှိချက်အရ ချိုင်းမှာလိမ်းရတဲ့ချွေးနံ့ပျောက်ဆေး အသုံးပြုခြင်း ဟာ ရင်သားကင်ဆာဖြစ်နိုင်ခြေနဲ့ဘာမှ ဆက်စပ်မှုမရှိဘူးလို့ ဆိုပါတယ်။

အယူအဆအမှား(၃)

Underwire Bra ဝတ်ခြင်းဟာ ရင်သားကင်ဆာဖြစ်နိုင်ခြေကို မြင့်မားစေပါ တယ်။

လက်တွေ့အချက်အလက်

National Cancer Institute နှင့်  American Cancer Society (ACS) ကတော့ Underwire Bra ဘရာစီယာမဝတ်တဲ့အမျိုးသမီးများဟာ ဝတ်တဲ့အမျိုးသမီးများထက် ရင်သားကင်ဆာဖြစ်နိုင်ခြေ နည်းပါးတယ် ဆိုတဲ့ အချက်ကို  ငြင်းဆိုထားပါတယ်။

အယူအဆအမှား(၄)

ဗီတာမင်ဆေးများသောက်ခြင်းဟာ ရင်သားကင်ဆာဖြစ်နိုင်ခြေကိုမြင့်မားစေပါတယ်။

လက်တွေ့အချက်အလက်

မီးယပ်သွေးဆုံးတော့မယ့်အမျိုးသမီးများဟာ အီစ်ထရိုဂျင်ဟော်မုန်းဆေး(သို့) Omega-3 Fatty Acid ကဲ့သို့ ဟော်မုန်းတိုးဆေးများသောက်ခြင်းကနေ ရင်သားကင်ဆာဖြစ်နိုင်ခြေရှိပါတယ်။

 

အယူအဆအမှား(၅)

ပလတ်စတစ်ဆာဂျရီကြောင့်ကင်ဆာရောဂါဖြစ်နိုင်ပါတယ်။

လက်တွေ့အချက်အလက်

ဆီလီကွန်ထည့်ခြင်း (သို့) အရေပြားအောက်မှာဆားရည်ထည့်ခြင်းကြောင့် ရင်သားကြီးထွားခြင်းကနေ ဘာပြဿနာမှ မရှိနိုင်ပါဘူး။  ဒါ့အပြင် ဆီလီကွန် (သို့) ဖယောင်းဆီ တိုက်ရိုက်ထည့်ခြင်းကြောင့် ရင်သားကင်ဆာဖြစ်နိုင်တယ်ဆိုတဲ့အချက်ဟာ ခိုင်လုံတဲ့သက်သေမရှိပါဘူး။

အယူအဆအမှား(၆)

ရင်သားကင်ဆာစစ်ဆေးရာမှာသုံးတဲ့ ဓာတ်ရောင်ခြည်ဟာ ကျန်းမာရေးကိုထိခိုက်စေပါတယ်။

လက်တွေ့အချက်အလက်

ရင်သားကင်ဆာစစ်ဆေးခြင်းကို အကြိမ် (၁၀၀) နှင့် အထက် လုပ်ဆောင်မှသာ ဓာတ်ရောင်ခြည်ဟာ အန္တရာယ်ရှိတာဖြစ်ပါတယ်။

အယူအဆအမှား(၇)

ရင်သားဓာတ်မှတ်ရိုက်တဲ့အချိန်ရှိတဲ့ ဖိအားဟာ ရင်သားကို ကြီးထွားရောင်ရမ်းလာစေပြီးရင်သားကင်ဆာဖြစ်နိုင်ခြေကို မြင့်မားစေပါတယ်။

လက်တွေ့အချက်အလက်

ယနေ့ခေတ် နောက်ဆုံးပေါ်နည်းပညာများအသုံးပြုထားတဲ့ ရင်သားဓာတ်မှန်ရိုက်ခြင်းဟာ နာကျင်မှုကို လျော့နည်းစေပြီး ရင်သားအပေါ် ဖိအား နည်းနည်းပဲ သက်ရောက်စေခြင်းဖြင့် ပုံရိပ်အရည်အသွေးကို ထိန်းသိမ်းပေးပါတယ်။

အယူအဆအမှား(၈)

ရင်သားဓာတ်မှန်ရိုက်ရုံမျှနဲ့လုံလောက်ပါတယ်။

လက်တွေ့အချက်အလက်

ရင်သားဓာတ်မှန်ရိုက်ခြင်းတစ်ခုတည်းနဲ့ ရင်သားကင်ဆာကို ရှာမတွေ့နိုင်ပါဘူး။ ရင်သားဓာတ်မှန်ဟာ (၈၀) ရာခိုင်နှုန်းတိကျတယ်ဆိုပေမယ့်လည်း ပုံမှန်သေးငယ်တဲ့အရွယ်အစား အဖုအကျိတ်တွေကိုတော့ ရှာဖွေမပေးနိုင်ပါဘူး။ ဒါကြောင့် တိကျမှုအဆင့်ကို (၈၀) ရာခိုင်နှုန်းမှ (၈၅-၉၀) ရာခိုင်နှုန်းအထိ တိုးမြင့် လာသောကြောင့် အာထရာစောင်းရိုက်ဖို့ အကြံပြုချင်ပါတယ်။

အယူအဆအမှား(၉)

အမျိုးသားများမှာ ရင်သားကင်ဆာမဖြစ်နိုင်ပါဘူး။

လက်တွေ့အချက်အလက်

အမျိုးသားများမှာလည်း ရင်သားကင်ဆာဖြစ်ပွားနိုင်ပါတယ်။ အသက်ကြီးလာတဲ့အမျိုးသားများ ၊ အဝလွန်တဲ့အမျိုးသားများ ၊ အမျိုးသားတစ်ယောက်မှာရှိရမယ့် ပျမ်းမျှရင်သားအရွယ်အစားထက်ပိုကြီးသူများမှာ ရင်သားကင်ဆာဖြစ်ပွားနိုင်ပါတယ်။

အယူအဆအမှား(၁၀)

မိသားစုရာဇဝင်မှာ ရင်သားကင်ဆာဖြစ်ဖူးတဲ့ အမျိုးသမီးများမှာသာ ရင်သားကင်ဆာဖြစ်နိုင်ပါတယ်။

လက်တွေ့အချက်အလက်

ရင်သားကင်ဆာရှိကြောင်းရှာဖွေတွေ့ရှိရတဲ့ (၇၀) ရာခိုင်နှုန်းသောအမျိုးသမီးများဟာ ရောဂါဖြစ်စေတဲ့ အကြောင်းအရင်းတိတိကျကျမရှိပါဘူး။

အယူအဆအမှား(၁၁)

အရည်အိတ်များကိုမကုသဘဲထားမယ်ဆိုရင်ကင်ဆာဖြစ်နိုင်ပါတယ်။

လက်တွေ့အချက်အလက်

အရည်အိတ်များဟာ မ ဟော်မုန်းကြောင့်ဖြစ်ပြီး ဆဲလ်ထဲမှာမူမမှန်မှု မဟုတ်ပါဘူး။ ဒါဟာ ကင်ဆာအဖြစ်ပြောင်းလဲဖို့ ခဲယဉ်းပါတယ်။ ဒါပေမယ့် တချို့သော ကင်ဆာဆဲလ် တွေကတော့ အရည်အိတ်(cysts) နဲ့ဆင်တူပြီး မှားယွင်းတဲ့ရောဂါရှာဖွေမှုကိုဖြစ်စေနိုင်ပါတယ်။

အယူအဆအမှား(၁၂)

ရင်သားမှာအကျိတ်တစ်ခုတွေ့ရင်ကင်ဆာဖြစ်ပါတယ်။

လက်တွေ့အချက်အလက်

အမျိုးသမီးများရဲ့ ရင်သားအကျိတ်(၈၀)ရာခိုင်နှုန်းဟာ အန္တရာယ်မရှိတဲ့ပြောင်းလဲခြင်း ၊ အရည်အိတ် (သို့) တခြားသောအခြေအနေများကြောင့်ဖြစ်ပါတယ်။

အယူအဆအမှား(၁၃)

ကင်ဆာရှိမရှိ စစ်ဆေးတာထက် ဘာမှမေးခွန်းတွေထုတ်မနေဘဲ ဘဝကိုပျော်ရွှင်စွာနေထိုင်ခြင်းက ပိုမို ကောင်းမွန်ပါတယ်။

လက်တွေ့အချက်အလက်

၁။ ရင်သားကင်ဆာဟာ ကုသလို့ရပါတယ်။ ကင်ဆာကိုစောစောစီးစီးရှာတွေ့မယ်ဆိုရင် အသက်ရှင်နိုင်ခြ ပိုများပါတယ်။

၂။ ရင်သားကင်ဆာကြောင့် ချက်ချင်းကြီး အသက်ဆုံးရှုံးတာမျိုး မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် ချက်ချင်း ကုသဖို့တော့လိုပါတယ်။ ဒါပေမယ့် မကုသဘဲ ထားလိုက်မယ်ဆိုရင် မလိုအပ်ဘဲ တဖြည်းဖြည်းကြီးထွားလာပြီး (၁)နှစ်-(၂)နှစ်အတွင်း သေဆုံးသည်အထိဖြစ်နိုင်ပါတယ်။ ရင်သားကင်ဆာ စစ်ဆေးခြင်းဟာ ကြောက်ဖို့ကောင်းပေမယ့်လည်း လျစ်လျူရှုထားပြီး ပိုမိုပျံ့နှံ့ဖို့ ခွင့်ပြုလိုက်တာက ပိုပြီးကြောက်ဖို့ကောင်းပါတယ်။

ကိုးကားချက်များ
အဆင့်သတ်မှတ်ချက်

မှတ်ပုံတင်ပြီးသားလား။