သားအိမ်ခေါင်းကင်ဆာ ၊ သားအိမ်အတွင်းလွှာကင်ဆာ ၊ မ မျိုးဥအိမ်ကင်ဆာ ၊ မွေးလမ်းကြောင်းကင်ဆာကဲ့သို့ မျိုးပွားမှုစနစ်မှာဖြစ်တဲ့ကင်ဆာများကြောင့် မိန်းမကိုယ် က သွေးဆင်းတယ်ဆိုတာကို ရှာဖွေတွေ့ရှိရင်တော့ ဆရာဝန်က အောက်ပါ ကုသမှု နည်းလမ်းတွေကို လမ်းညွှန်ပေးမှာဖြစ်ပါတယ်။
- ခွဲစိတ်ကုသမှု တကယ်လို့ ကင်ဆာဆဲလ်တွေ ပျံ့နှံ့သွားပြီး ကင်ဆာပြန်လည်ဖြစ်ပွားနိုင်တယ်ဆိုရင် ကင်ဆာဆဲလ်ရှာတွေ့တဲ့ အစိတ်အပိုင်းနေရာကိုသာ ကွက်ပြီးခွဲစိတ်ကုသခြင်း ၊ ဆီးအိတ် ၊ မမျိုးဥအိမ် ၊ သားအိမ် ၊ မွေးလမ်းကြောင်း စတဲ့ ဆီးခုံရိုးအတွင်းအဂ်ါအစိတ်အပိုင်းများကို ခွဲစိတ်ဖယ်ရှားခြင်း နည်းလမ်းများနဲ့ကုသနိုင်ပါတယ်။
- ခီမိုဆေးသွင်းပြီးကင်ဆာဆဲလ်များကိုဖျက်စီးခြင်း - ဒီနည်းလမ်းဟာ ကင်ဆာရောဂါကျွမ်းနေတဲ့သူတွေ ၊ ကင်ဆာပြန်ဖြစ်နိုင်တဲ့သူတွေ အတွက် သင့်လျော်ပါတယ်။ အများအားဖြင့် ခွဲစိတ်ကုသမှုလုပ်ဆောင်ပြီးမှ ခီမိုဆေးသွင်းခြင်းကို လုပ်ဆောင်ပါတယ်။
- ကိုယ်ခံအားကုထုံး - ဒီနည်းလမ်းဟာ ကင်ဆာကို ရင်ဆိုင်ဖို့ ကိုယ်ခံအားစနစ် ကို မြှင့်တင်ပေးလိုက်တာဖြစ်ပါတယ်။ တခြားကုသမှုနည်းလမ်းများနဲ့ အလုပ် မဖြစ်တဲ့အခါ ဒီနည်းလမ်းကို အသုံးပြုနိုင်ပါတယ်။
- ပစ်မှတ်ထားကုထုံး ဒီကုထုံးဟာ ကင်ဆာဆဲလ်တွေကို ဖျက်စီးလိုက်တာဖြစ် ပြီး ခီမိုဆေးသွင်းခြင်းနဲ့ယှဥ်ရင် ဘေးထွက်ဆိုးကျိုးပိုနည်းကာ ပိုပြီးထိရောက်မှုရှိပါတယ်။
ဒါပေမယ့် သွေးဆင်းခြင်းဟာ သင့်ရဲ့ကျန်းမာရေး ကိုထိခိုက်စေပြီဆိုရင်တော့ ပြန်လည်ဖြစ်ပွားခြင်းနဲ့ ပိုမိုဆိုးရွားတဲ့အခြေအနေ မရောက်စေဖို့ သင့်လျော်တဲ့ကုသမှုတွေ လုပ်ဆောင်ဖို့လိုပါတယ်။ ဒီအလိုရောဂါ အခြေအနေတွေဟာ သက်သာအောင်ကုသလို့ရသလို တချို့အခြေအနေ များကတော့ အသက်အန္တရာယ်ထိ ဒုက္ခပေးတတ်တာမို့ အမျိုးသမီးများအနေနဲ့ သတိကြီးစွာထားရမှာြဖစ်ကြောင်း တိုက်တွန်းပြောကြားလိုပါတယ်။