၁ ။ ဒူးနာခြင်း
လမ်းလျှောက်တဲ့အချိန်နဲ့ လှေကားအတက်အဆင်းပြုလုပ်တဲ့အချိန်မှာ နာကျင်မှုကို ခံစားရ ပါတယ်။ ပြင်းထန်တဲ့ ဒူးနာခြင်းဆိုရင် ထိုင်နေတဲ့အချိန်၊ လှဲနေတဲ့ အချိန်မှာတောင်ခံစားရပါတယ်။ လူနာများအနေနဲ့ လမ်းလျှောက်တဲ့ အချိန် နဲ့ လှေကားထစ်အတက်အဆင်းလုပ်တဲ့အချိန်စူးကနဲနာကျင်ခြင်း၊ ခြေအိတ်(သို့) ဖိနပ် ဝတ်တဲ့ အချိန်မှာနာကျင်ခြင်း၊ အိပ်နေတဲ့အချိန် (သို့) ထိုင်ရာကနေထလိုက်တဲ့အချိန် နာကျင်ခြင်း စတာတွေကိုကြုံတွေ့ရနိုင်ပါတယ်။
၂။ နီမြန်းဖောင်းကားတဲ့အဆစ်ရောင်ခြင်း
အချိန်ကာလကြာအောင် အဆက်မပြတ်ဒူးနာခြင်း(သို့)နာတာရှည်ဒူးနာခြင်း ဟာ နီမြန်းခြင်းနဲ့ ဒူးအဆစ်ရောင်ခြင်းအပါအဝင် နောက်ဆက်တွဲဝေဒနာတွေကို ခံစားရပါတယ်။ ဒီလိုမျိုးကြုံတွေ့ရပြီဆိုရင် အကောင်းဆုံးကုသမှုနည်းလမ်းကို လုပ်ဆောင်ဖို့အတွက် ဆရာဝန်နဲ့ ပြသပြီး ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
၃။ ဒူးထိခိုက်စေတဲ့ပုံစံပျက်ခြင်း
ဒူးပုံပျက်ခြင်းဟာ လမ်းလျှောက်ခြင်းနဲ့ ကိုယ်ဟန်အနေအထားမျှတမှုကို ထိခိုက် စေပြီး တင်ပါးအထိပျံ့နှံ့သွားတဲ့ ခါးနာခြင်းကိုပါ ခံစားရစေပါတယ်။ ဒူးပုံပျက်သူများဟာ လမ်းလျှောက်ရာမှာ ထော့နဲ့ထော့နဲ့ ဖြစ်သွားပြီး ကျောရိုး ကိုပါ ပြဿနာရှိစေပါတယ်။ ဒီလိုမျိုးခံစားရသူတွေဟာ တိကျစွာအဖြေရှာဖို့ အတွက် ဒူးဆစ်အစားထိုးခွဲစိတ်ဖို့ လိုအပ်ပါတယ်။
၄။ ဒူးကိုအပြည့်အဝဆန့်မရခြင်း
ဒါဟာ လမ်းလျှောက်ရာမှာ ဒူးခွင်ခြင်းဖြစ်စေတဲ့အပြင် ဒူးတစ်ဝိုက်မှာရှိတဲ့ ကြွက်သားများကိုလည်း အားနည်းသွားစေသလို ထိုင်ရာက ထ လိုက်တဲ့ အချိန်မှာ ဆိုးရွားစွာနာကျင်ခြင်းကို ခံစားရနိုင်ပါတယ်။