ပြန်လည်ကောင်းမွန်သက်သာလာဖို့ကြာချိန်ဟာ ခွဲစိတ်မှုမတိုင်ခင်လူနာရဲ့ အခြေခံကျန်းမာရေးအခြေအနေ၊ လုပ်ဆောင်လ်ိုက်တဲ့ခွဲစိတ်ကုသမှုအမျိုးအစား၊ ခွဲစိတ်ပြီးနောက်ဂရုစိုက်မှု စတဲ့ အကြောင်းအရင်းများစွာအပေါ် မူတည်ပါတယ်။
- ခွဲထားတဲ့နေရာမှာ မပြင်းထန်တဲ့နာကျင်မှု (သို့) ကိုက်ခဲခြင်းကို ခံစားရနိုင် ပါတယ်။
- ခွဲစိတ်မှုအပြီး (၂)ရက်အကြာမှာ လူနာဟာ ထပြီး လမ်းလျှောက်နိုင်ရပါမယ်။
- လူနာအနေနဲ့ ခွဲစိတ်မှုအပြီး (၅)ရက်အကြာမှာ ရေချိုးနိုင်မှာဖြစ်ပြီး ခွဲစိတ် ထားတဲ့ ဒဏ်ရာနေရာကိုတော့ ဂရုစိုက်ဖို့လိုပါမယ်။ ဒါ့အပြင် သားအိမ် လမ်းကြောင်းချဲ့မှုကို ဆရာဝန်ရဲ့ အကြံပြုချက်အတိုင်း လုပ်ဆောင်ရပါ မယ်။
- ခွဲစိတ်မှုပြီးတဲ့နောက် (၃)လ-(၆)လ အကြာထိ ရောင်ရမ်းခြင်း ဖြစ်ပေါ်နိုင် ပါတယ်။
- ခွဲစိတ်ထားတဲ့နေရာမှာ အာရုံခံစားမှုလျော့ကျတာမျိုးဖြစ်နိုင်ပါတယ်။ ဒါပေမယ့် (၃)လ ကနေ (၆)လ အတွင်း ပြန်လည်သက်သာလာမှာပါ။
- ခွဲစိတ်မှုပြီးနောက် ပထမ(၁)လ-(၃)လ အတွင်း ခွဲထားတဲ့နေရာမှာ နီရဲ ရောင်ရမ်းနေနိုင်ပါတယ်။ ဒါပေမယ့် (၆)လ ကနေ (၁၂) အတွင်း ပြန်လည် ကောင်းမွန်လာနိုင်ပါတယ်။
- ခွဲစိတ်ပြီးနောက် ပထမ (၃)လ မှ (၆)လအတွင်း နေရောင်ခြည်နဲ့ တိုက်ရိုက်ထိတွေ့မှုကိုရှောင်ကျဉ်ပါ။
- လူနာဟာ (၄)ပတ်-(၈)ပတ် အတွင်း အလုပ်ပြန်လုပ်နိုင်မှာပါ။
- ခွဲစိတ်မှုပြီးတဲ့နောက် (၄)ပတ်-(၆)ပတ် အထိ လေ့ကျင့်ခန်းလုပ်ခြင်းကို ရှောင်ကျဉ်ပါ။
ယနေ့ခေတ်မှာ လိင်ပြောင်းခွဲစိတ်မှုအတွက် နည်းလမ်းပေါင်းများစွာ ရှိလာပြီ ဖြစ်ပေမယ့်လည်း အလွန်ရှုပ်ထွေးတဲ့ ခွဲစိတ်ကုသမှုများဖြစ်တာကြောင့် ဒီပညာ ရပ်မှာ အတွေ့အကြုံရှိပြီး အထူးကျွမ်းကျင်တဲ့ ဆရာဝန်များနဲ့သာ ဆွေးနွေး တိုင်ပင်ပြီး လုပ်ဆောင်သင့်ပါတယ်။ ဒီလိုနည်းလမ်းများနဲ့ ပုံစံတူ အတွေ့အကြုံရှိတဲ့ ဆရာဝန်များကို လုပ်ဆောင်စေသင့်ပါတယ်။ ၎င်း ဆရာဝန် များဟာ အန္တရာယ်ကင်းရှင်းမှုအမြင့်မားဆုံးလုပ်ဆောင်ပေးနိုင်ပြီး ဘေးထွက်ဆိုး ကျိုးနည်းပါးတဲ့အပြင် လိုချင်တဲ့ ရလဒ်အတိုင်း ရရှိစေမှာပါ။ ဆစ်မီတဝေ့ပလတ်စတစ်ဆာဂျရီနှင့်အလှအပဆိုင်ရာခွဲစိတ်ကုသမှုအင်စတီကျု Samitivej Plastic and Esthetic Surgery Institute ဟာ ဘန်ကောက်မြို့မှာ ပလတ်စတစ်ဆာဂျရီနဲ့ပတ်သက်ပြီး အလုံးစုံသော ဝန်ဆောင်မှုများကို ရရှိနိုင်တဲ့ နေရာဖြစ်ပါတယ်။ ဆစ်မီတဝေ့ရဲ့ ပလတ်စတစ်ဆာဂျရီနှင့် ခန္ဓာကိုယ်အစိတ် အပိုင်း အစားထိုးခွဲစိတ်အထူးကုဆရာဝန်များမှ သင့်ရဲ့ အပြင်ပန်း ပုံသဏ္ဍာန် ကို စိတ်ထဲရှိတဲ့ အတိုင်းဖြစ်အောင် အကောင်းဆုံးသော နည်းလမ်း အားလုံးနဲ့ ခွဲစိတ်ကုသမှုပေါင်းများစွာကို လုပ်ဆောင်ပေးလျက်ရှိပါတယ်။
ဆစ်မီတဝေ့ဆေးရုံအနေနဲ့ ရင်သားကြီးထွားစေဖို့ခွဲစိတ်ကုသမှု၊ ရင်သားတင်းစေ ရန်ခွဲစိတ်ကုသမှု၊ ရင်သားသေးအောင်ခွဲစိတ်ပြုပြင်မှု စတာတွေကို အထူး ဝန်ဆောင်မှုပေး လျက်ရှိပါတယ်။ ဆစ်မီတဝေ့ရဲ့ ပလတ်စတစ်ဆာဂျရီ ခွဲစိတ်အ ထူးကုဆရာဝန် ကြီးများဟာ မျက်နှာခွဲစိတ်ပြုပြင်ခြင်း၊ ကိုယ်ခန္ဓာ အဆီပိုများကို ခွဲစိတ်ဖယ်ရှားခြင်း၊ သိသိသာသာကိုယ်အလေးချိန်ကျဆင်းပြီးနောက် ခန္ဓာကိုယ်ကိုခွဲစိတ်ပြုပြင်ခြင်း စတာတွေမှာလည်း အတွေ့အကြုံရှိပြီးသား ဖြစ်ပါတယ်။ ဆရာဝန်များအနေနဲ့ ရင်သားအပြင် ဝမ်းဗိုက်နဲ့ တခြားအစိတ်အပိုင်းများကိုလည်း တစ်ပေါင်းတည်း ခွဲစိတ်ကုသမှုမျိုးကိုလည်း လုပ်ဆောင်ပေးပါတယ်။
ပလတ်စတစ်ဆာဂျရီနှင့်အစားထိုးခွဲစိတ်ဆရာဝန်များ အပြင် သူနာပြု၊ မေ့ဆေးအထူးကု၊ နှလုံးအထူးကု၊ တခြားအထူးကုဆရာဝန်များ ရဲ့ လက်တွဲ လုပ်ဆောင်မှုနဲ့အတူ ခွဲစိတ်ကုသမှုခံယူမယ့် လူနာအတွက် ဘေးကင်းလုံခြုံမှု ကို ပေးစွမ်းနိုင်မှာပါ။
ဆစ်မီတဝေ့မှ ဝန်ထမ်းများအနေနဲ့ လူနာများကိုကူညီဖို့အတွက် အောက်ပါ ဝန်ဆောင်မှုများပေးဖို့အသင့်ရှိနေပါတယ်။
- အွန်လိုင်းဗီဒီယိုကောလ်မှတစ်ဆင့်ဆရာဝန်နှင့် ကုသမှုအစီအစဉ် ဆွေးနွေးတိုင်ပင်ခြင်း (ဒုတိယရွေးချယ်မှု) ။
- တခြားဆေးရုံမှဆေးမှတ်တမ်းများနဲ့ ခန့်မှန်းကုန်ကျစရိတ်များရှိ ခဲ့မယ်ဆိုရင်လုပ်ဆောင်နိုင်တဲ့ကုသမှုစီစဉ်ရေးဆွဲခြင်း ။
- ဆစ်မီတဝေ့ရဲ့ တန်ဖိုးတွက်ချက်မှုအဖွဲ့ (Appraisal Team) မှ အာမခံ ဈေးနှုန်းနဲ့အတူ ကုန်ကျစရိတ်တွက်ချက်ရေးဆွဲခြင်း။ ( နောက်ဆက်တွဲ ရောဂါမရှိသည့်ကုသမှုအစီအစဉ်များအတွက်သာ)
- ထိုင်းနိုင်ငံအပါအဝင် နိုင်ငံတကာကုမ္ပဏီများနှင့် ဆေးဝါးဝယ်ယူနိုင် သည့်ပမာဏ (Initial Coverage Eligibility) တွက်ချက်ပေးခြင်း။ (ဆေးရုံနှင့်စာချုပ် ချုပ်ဆိုထားသည့်ကုမ္ပဏီများအတွက်သာ)