DermoLift နည်းပညာများ နှင့် Focused ultrasound (သို့မဟုတ်) ရေဒီယိုလှိုင်းနည်းပညာ များကို အသုံးပြုခြင်း၊ Botulinum ထိုးခြင်းများ နှင့် filler ထိုးခြင်းတို့ ဖြင့် အရေးအကြောင်းများကို သိသာစွာ လျော့ပါးစေနိုင်ပါတယ်။
အသက် ၅၀ ကျော်လာပါက ကိုယ်ခန္ဓာ၏အရိုးငြမ်းဖွဲ့စည်းပုံမှာ သဘာဝအတိုင်းစတင်ယိုယွင်းလာပါပြီ။ Collagen နှင့် elastin တို့မှာ ယခင်ထက် ပမာဏ လျော့နည်းလာပြီးအရေးအကြောင်းပိုမိုဖြစ်စေပါတယ်။ ဒီအဆင့်မှာ Botulinum ထိုးခြင်းတစ်ခုတည်းဖြင့် အသားအရေပြန်လည်ပင့်တင်တင်းရင်းစေရန်မလုံလောက်တော့ပါ။ အရေပြားအတွင်းဖွဲ့စည်းတည်ဆောက်ပုံကိုအားဖြည့်ပေးရန်အထိရောက် ဆုံးနည်းလမ်းဖြစ်တဲ့ 'volume lift' နည်းပညာကို အသုံးပြုသော filler ကိုပါ ထိုးသင့်ပါတယ်။
ကျွန်တော်တို့ရဲ့ အရေပြားချောမွေ့တင်းရင်းပြီးနုပျိုမှုရှိစေရန်ဖိုင်ဘာအမျှင်မြောက်များစွာဖြင့် ဖွဲ့စည်းတည်ဆောက်ထားခြင်း ဖြစ်ပါတယ်။ ဒါပေမဲ့ အသက်ကြီးလာခြင်းအပြင် စားသောက်မှုပုံစံ၊ နေရောင်ခြည်၊ စိတ်ဖိစီးမှု နှင့် မျိုးရိုးလိုက်ခြင်း အပေါ်မူတည်ပြီး အရေပြားပျက်စီးယိုယွင်းလာပါတယ်။ အဲ့ဒီမှတဆင့်အရေးအကြောင်းများ (အချို့မှာအပေါ်ယံသာမဟုတ်) ၊ အရေပြားတွဲခြင်းနှင့် ချွေးပေါက်ကျယ်ခြင်း တို့ဖြစ်လာပါတယ်။ အဲ့လိုဖြစ်ရခြင်းမှာ ခန္ဓာကိုယ်ရှိ collagen နှင့် elastin တို့ လျော့ကျလာခြင်း၊ အဆီတစ်ရှူးများလျော့တွဲလာခြင်း၊အရွတ်များကျုံ့ဆန့်နိုင်မှုလျော့နည်းလာခြင်း နှင့်ကိုယ်ခန္ဓာ၏အရိုးငြမ်းဖွဲ့စည်းပုံသဘာဝအတိုင်း ယိုယွင်းလာခြင်းတို့ကြောင့်ဖြစ်ပါတယ်။ မျက်နှာအမူအရာကြောင့်လည်းထိုသို့ဖြစ်စေနိုင်ပါတယ်။ ကျွန်တော်တို့ပြုံးခြင်း၊ ရယ်ခြင်း၊မျက်မှောင် ကျုံ့ခြင်းနှင့်မျက်ခုံးပင့်ခြင်း ကဲ့သို့သောအမူအယာများကလည်း အရွယ်မတိုင်မီအိုမင်းရင့်ရော်ခြင်းနှင့် အရေးအကြောင်းများကို ဖြစ်စေနိုင်ခြင်းအပေါ် အကျိုးသက်ရောက်မှု ရှိပါတယ်။
အိုမင်းရင့်ရော်မှုလက္ခဏာများဖြစ်ပေါ်လာသည်အထိစောင့်နေခြင်း သို့မဟုတ်ထိုလက္ခဏာများဖြစ်လာပြီးမှ ကုသမှုနည်းလမ်း ရှာမည့်အစား ငယ်ရွယ်စဉ်ကတည်းက အသားအရေကိုဂရုစိုက်သင့်ပါတယ်။ ဘာလို့လဲဆိုတော့ အရေပြားဆဲလ်များက အပြည့်အဝပြန်လည်ပြည့်တင်းခြင်းမရှိနိုင်တော့တဲ့အထိ ပျက်စီးနေလောက်ပြီပျက်စီးနေလောက်ပြီ ဖြစ်သည်။
အသက် ၂၀ -၃၀ ကြား တွင် အသားအရေ ပြဿ နာများမှာမသိသာသေးပါဘူး။ ယခုအရွယ်တွင်ခရင်မ်အမျိုးမျိုးလိမ်းကာအသားအရေထိမ်းသိမ်းသောထုတ်ကုန်များသုံးပြီး အရေပြားဆဲလ်များကို အောက်ဆီဂျင်နှင့်ဗီတာမင်များပိုမိုရရှိစေရန်ကုထုံးများ သို့မဟုတ် collagen ထုတ်လုပ်မှု ကို လှုံ့ဆော်ပေးသော လေဆာကုထုံးရယူခြင်းများကိုပါပြုလုပ်ခြင်းဖြင့် အသားအရေကိုထိန်းသိမ်းခြင်းများမှာ ထိရောက်မှု ရှိပါတယ်။
အသက် ၃၀ - ၄၀ ကြား တွင် အရေးအကြောင်းများ ပိုမိုဖြစ်ပြီး အရေပြားစတင် တွဲ လာမည်ဖြစ်ပါတယ်။ အထက်ပါဖော်ပြထားသောကုထုံးများအပြင်မျက်နှာရှိကြွက်သားငယ်လေးများအား လျှော့ပေးရန် Botulinum ထိုးခြင်း အပြင် အရေးအကြောင်းများအား လျှော့ချရန် filler ထိုးခြင်း တို့ဟာ အသက် ၃၀ - ၄၀ကြား အသက်အရွယ်တွင် အမြန်ဆုံး နှင့် အထိရောက်ဆုံးကုထုံးများဖြစ်ပါတယ်။
အသက် ၄၀ - ၅၀ ကြား တွင် အပေါ်ယံကြွက်သား aponeurotic စနစ် (SMAS) ဟာ စတင် တွဲလာပြီဖြစ်ပါတယ်။ DermoLift နည်းပညာများ နှင့် Focused ultrasound (သို့မဟုတ်) ရေဒီယိုလှိုင်းနည်းပညာ များကို အသုံးပြုခြင်း၊ Botulinum ထိုးခြင်းများ နှင့် filler ထိုးခြင်းတို့ဟာ သိသာသောထိရောက်မှုကို ဖြစ်စေနိုင်ပါတယ်။
အသက် ၅၀ နှင့်အထက် အရွယ်တွင်အရိုးငြမ်းဖွဲ့စည်းပုံ မှာသဘာဝအတိုင်းစတင်ယိုယွင်းလာပါပြီ။ collagen နှင့် elastin တို့မှာ ယခင်ထက် ပမာဏ လျော့နည်းလာပြီး အရေးအကြောင်းပိုမိုဖြစ်စေပါတယ်။ ဒီအဆင့်မှာ Botulinum ထိုးခြင်းတစ်ခုတည်း ဖြင့်အသားအရေပြန်လည်ပင့်တင်တင်းရင်းစေနိုင်ရန်မလုံလောက်တော့ပါဘူး။ အရေပြား၏အတွင်းဖွဲ့စည်းတည်ဆောက်ပုံကိုအားဖြည့်ပေးရန်ရောက်ဆုံးနည်းလမ်းဖြစ်တဲ့ 'volume lift' နည်းပညာကို အသုံးပြုသော filler ကိုပါထိုးသင့်ပါတယ်။ ထိုသို့ပြုလုပ်ပါက အရေပြားဖွဲ့စည်းတည်ဆောက်ပုံအတွက်အပေါင်းလက္ခဏာ ဆောင်သောရလာဒ်များကိုပေးစွမ်းနိုင်မည်ဖြစ်ပါတယ်။
ထို့အပြင် ခန္ဓာကိုယ်အတွင်းမှ တဆင့် ထိန်းသိမ်းခြင်းဖြစ်သော antioxidant များစွာပါဝင်သောသစ်သီးနှင့် အသီးအရွက်များစွာ ပါဝင်ပြီးကျန်းမာရေးအတွက်ကောင်းသော မျှတစွာ စားသောက်မှုပုံစံဖြင့်စားသောက်ခြင်း၊ ပုံမှန်လေ့ကျင့်ခန်းပြုလုပ်ခြင်း၊ အိပ်ရေးဝ လင်စွာအိပ်စက်ခြင်း၊စိတ်ဖိစီးမှုများအားလျှော့ချခြင်း၊အပေါ့အလေးပုံမှန်သွားပေးခြင်းဖြင့်အိုမင်းရင့်ရော်ခြင်းကိုနှေးစေမည့် အပြင်ကိုယ်ခန္ဓာကိုပြန်လည်အသစ်ပြုပြင်နိုင်ပြီးကျန်းမာကြံ့ခိုင်စေမည်ဖြစ်ပါတယ်။
ဆောင်းပါးများ
သင့်ကိုယ်ရေးအချက်အလက်များသိမ်းဆည်းရန်နှင့် နောက်ရက်ချိန်းအသစ် ချိတ်နိုင်ရန် မှတ်ပုံတင်ပါ။
မှတ်ပုံတင်ပြီးသားလား။ ဝင်ရန်