ကြိုတင်ဖွေရှာရင်သားကင်ဆာ

ကြိုတင်ဖွေရှာရင်သားကင်ဆာ

လေ့လာမှုအချက်အလက်များအရ ထိုင်းနိုင်ငံရှိအမျိုးသမီး အယောက် တစ်သိန်း မှာ (၃၀)ဟာ ရင်သားကင်ဆာရောဂါခံစားနေရတယ်လို့ ဆိုပါတယ်။ ဒါဟာ ယခင် တွေ့ရှိခဲ့ရတဲ့ အချက်အလက်များရဲ့ နှစ်ဆ ပမာဏဖြစ်ပြီး ရင်သားကင်ဆာဖြစ်စေ တဲ့ အကြောင်းအရင်းကိုတော့ လက်ရှိချိန်ထိ တိတိကျကျမသိနိုင်သေးပါဘူး။ နေထိုင်မှုပုံစံ သိသာစွာ ပြောင်းလဲခြင်းဟာ ဖြစ်နိုင်ခြေရှိတဲ့ အကြောင်းအရင်း တစ်ခုဖြစ်ပါတယ်။

ဆစ်မီတဝေ့ဆေးရုံရဲ့ ရင်သားကင်ဆာခွဲစိတ်အထူးကုဆရာဝန်ကြီး Major General Associate Professor Wichai Vassanasiri, MD, ကပြောကြားရာမှာ -“ ယခင်က ရင်သားကင်ဆာဟာ သားအိမ်ကင်ဆာနောက်မှာ ဒုတိယအဖြစ်အများ ဆုံး ကင်ဆာရောဂါအမျိုးအစားအဖြစ် သတ်မှတ်ခဲ့ကြပေမယ့် လက်ရှိမှာတော့ နံပါတ်တစ် အဖြစ်အများဆုံးကင်ဆာရောဂါဖြစ်လာပါပြီ။ အာရှတိုက်က အမျိုး သမီး တွေဟာ ဥရောပနဲ့ အမေရိကား က အမျိုးသမီးတွေထက် ရင်သားကင်ဆာ ပိုပြီးတော့ အဖြစ်များကြပါတယ်။ ထိုင်းမှာဆိုရင် ဘန်ကောက်မြို့နဲ့ တခြားပင် လယ်ဆိပ်ကမ်းစက်မှုမြို့များဖြစ်တဲ့ ရနောင်း၊ ချန်တာဘူရီ၊ ချောင်ဘူရီ စတဲ့ မြို့ များဟာ တခြားမြို့များထက် ရင်သားကင်ဆာဖြစ်ပွားမှု ပိုမိုများပြားကြောင်း တွေ့ရှိခဲ့ရပါတယ်။  ”

“ ရင်သားကင်ဆာရဲ့ အဓိကကျတဲ့လက္ခဏာတွေကတော့ ရင်သားမှာ အဖု အကျိတ်ဖြစ်ခြင်း၊ နို့သီးခေါင်းချိုင့်ဝင်ခြင်း၊ နို့ရည်ထွက်ခြင်း၊ ရင်သားနေရာအနာ ဖြစ်ခြင်း စတာတွေဖြစ်ပါတယ်။ ဒီလက္ခဏာတွေထဲက တစ်ခုခု ပြပြီဆိုရင် ရောဂါ အခြေအနေ ပိုမိုဆိုးရွားလာနိုင်တဲ့ လက္ခဏာမို့လို့ ဆရာဝန်နဲ့ ချက်ချင်းပြပြီး ကုသမှုခံယူသင့်ပါတယ်။  ”

“ ရင်သားကင်ဆာဟာ ကနဦးအဆင့်မှာ သိသိသာသာလက္ခဏာ မပြတာကြောင့် ထင်သာမြင်သာတဲ့လက္ခဏာပေါ်လာတဲ့အထိ စောင့်မနေသင့်ပါဘူး။ အမျိုးသမီး များဟာ အသက်(၄၀) အရွယ်မှစတင်ကာ ရင်သားဓာတ်မှန်ရိုက်ခြင်း (Mammogram)၊ အာထရာစောင်းရိုက်ခြင်း စတဲ့စစ်ဆေးမှုတွေကို နှစ်စဉ် လုပ်ဆောင်သင့်ပါတယ်။ တချို့ကတော့ ရင်သားဓာတ်မှန်ရိုက်ခြင်းဟာ ရင်သား ကင်ဆာဖြစ်ပွားစေတဲ့အကြောင်းအရင်းတစ်ခုဆိုပြီး နားလည်မှုလွဲနေကြပါတယ်။ ဒါဟာ လုံးဝမဟုတ်ပါဘူး။ တကယ်တမ်းမှာ ရင်သားဓာတ်မှန်ရိုက်ရာမှာ သုံးတဲ့ ဓာတ်ရောင်ခြည်ပမာဏဟာ လွန်စွာနည်းပါးပြီး အဆုတ်ဓာတ်မှန်ရိုက်ခြင်းရဲ့ (၃)ဆ (၄) ဆ လောက်သာရှိပါတယ်။ ဒါကြောင့် ရင်သားကင်ဆာဖြစ်စေတယ် တယ်ဆိုတာ လုံးဝမှားပါတယ်။  ”

ရင်သားဓာတ်မှန် နဲ့ အာထရာစောင်းရိုက်ပြီး စစ်ဆေးရာမှာ မူမမှန်မှုတစ်ခုခု တွေ့ရှိခဲ့ရတယ်ဆိုရင် ကုသမှုအဆင့်မတိုင်ခင် ဆရာဝန်မှ အပ်နဲ့အသားစယူခြင်း (သို့) ခွဲစိတ်ပြီးအသားစယူခြင်း နည်းလမ်းနဲ့ ဆဲလ်၊ တစ်ရှူးများကို အသေးစိတ်စစ်ဆေးကြည့်ရှု မှာဖြစ်ပါတယ်။

Dr.Wichai က ဆက်လက်ပြောကြားရာမှာ - “ တကယ်လို့ (၁)စင်တီမီတာ ထက်သေးတဲ့ အလုံးအကျိတ်ကို ရှာတွေ့တယ်ဆိုရင် အကျိတ်တည်တဲ့ နေရာ အတိအကျကို သိရဖို့ ဆရာဝန်အနေနဲ့ ရင်သားဓာတ်မှန်၊ အာထရာစောင်း ကိရိယာများကိုသုံးပြီး အသားစယူ စစ်ဆေးမှာဖြစ်ပါတယ်။ ပုံမှန်မဟုတ်တဲ့ အကျိတ်နေရာကို အပ်ထိုးသွင်းလိုက်ပြီး လိုအပ်တဲ့ စစ်ဆေးမှု၊ ရောဂါရှာဖွေမှု များ ပြုလုပ်ဖို့ အသားစနမူနာယူမှာဖြစ်ပါတယ်။ အပ်နဲ့အသားစယူခြင်းဟာ ဖြစ်နိုင်ခြေ ရှိတယ်ဆိုရင် ဦးစားပေးနည်းလမ်းတစ်ခုအနေနဲ့ ဆရာဝန်မှအကြံပြုမှာဖြစ်ပြီး ခွဲစိတ်ပြီးအသားစယူတဲ့နည်းလမ်းကို လုပ်ဆောင်တော့မှာမဟုတ်ပါဘူး။ အကျိတ် မှာရှိနေတဲ့တစ်ရှူးကို ဖယ်ရှားလိုက်ပြီး စစ်ဆေးရာမှာ ကင်ဆာဖြစ်နေကြောင်း တွေ့ရတယ်ဆိုရင် လူနာအနေနဲ့ တခြားခွဲစိတ်ကုသမှုများကို ဆက်လက်လုပ် ဆောင်ရကောင်း လုပ်ဆောင်ရမှာပါ။ ဒါကြောင့် ဆရာဝန်က အပ်နဲ့အသားစ ယူခြင်းကို အရင်လုပ်ဆောင်ပါမယ်။ ကင်ဆာရှိနေတယ်ဆိုရင် အရင်ဆုံး ကုသမှုအစီအစဉ်ကို ရေးဆွဲပြီး လူနာအနေနဲ့ တခြားခွဲစိတ်ကုသမှုများကို လုပ်ဆောင်နိုင်ပါတယ်။  ” လို့ဆိုပါတယ်။

အဖုအကျိတ်အရွယ်အစားအပေါ်မူတည် ရင်သားအလုံးအရွယ်အစား၊ ပြန်ရည်ကျိတ်များအထိပြန့်နှံ့မှုရှိမရှိ၊ ကင်ဆာဆဲလ်တွေ တခြားခန္ဓာကိုယ်အစိတ် အပိုင်းများဆီ ပျံ့နှံ့မှုရှိ မရှိ စတဲ့ အချက်တွေအပေါ်မူတည်ပြီး ဆရာဝန်က ကင်ဆာအဆင့်ကို သတ်မှတ်ပေးမှာဖြစ်ပါတယ်။ ဒါကြောင့် ခွဲစိတ်ကုသမှု လုပ်ပြီး တာနဲ့ ဆရာဝန်က ရောဂါအဆင့်ကိုသတ်မှတ်နိုင်ပါတယ်။ ခြွင်းချက်အနေနဲ့ ကြီးမားနက်နဲတဲ့ အနာများ၊ ချိုင်းနေရာမှ ပြန်ရည်ကျိတ်များအတွင်း အကျိတ် (သို့) အဖု ရှိနေတဲ့အခြေအနေမျိုးတွေမှာ ရောဂါရှာဆွေမှုကို ချက်ချင်း ပြုလုပ်နိုင်ပါတယ်။ ဒါဟာ ရောဂါကျွမ်းနေတဲ့ ကင်ဆာလက္ခဏာအခြေအနေ ဖြစ်ပြီး ခွဲစိတ်ကုသမှုမတိုင်ခင်မှာ ဆရာဝန်များအနေနဲ့ ခီမိုဆွေးသွင်းဖို့အတွက် အကြံပြုမှာပါ။

ပြန်ရည်ကျိတ်အတွင်း ကင်ဆာရှိ မရှိ ဆိုတဲ့အချက်ဟာ လိုအပ်တဲ့ ကုသမှု အတွက် အရေးတကြီးစဉ်းစားစရာ အချက်တစ်ချက်ဖြစ်ပါတယ်။ ပြန်ရည်ကျိတ် အသားစယူရာမှာ တည်နေရာသိရှိနိုင်ရန်အတွက် ဆိုးဆေး တစ်မျိုးကို ထိုးသွင်းဖို့ လိုပါတယ်။ အရေပြားမှာ ခွဲရာအနည်းငယ်ပေးပြီး ပြန်ရည်ကျိတ်ကို ထုတ်ယူမှာ ဖြစ်ပါတယ်။ အဲဒီနောက် ရောဂါဗေဒပညာရှင်မှ ကင်ဆာဆဲလ် ရှိ မရှိကို စစ်ဆေး မှာပါ။ အဲဒီလိုစစ်ဆေးရာမှ ထွက်ရှိလာတဲ့ ရလဒ်ကို ရောဂါပျောက်ကင်းနိုင်ခြေ တွက်ချက်ရာတွင်လည်းကောင်း၊ ခွဲစိတ်ပြီးနောက်ပိုင်းကုသမှုအတွက်လည်း ကောင်း အသုံးပြုနိုင်ပါတယ်။

ကုသမှုနည်းလမ်းကို အဓိကအားဖြင့် နှစ်မျိုးခွဲခြားထားပါတယ်။ ကင်ဆာဖြစ်တည် ရာနေရာကိုကုသခြင်း(Local Treatments) မှာ ခွဲစိတ်ကုသခြင်း၊ ဓာတ်ရောင် ခြည်ကုထုံး စသည်တို့သာမက ခီမိုဆေးသွင်းခြင်း၊ ဟော်မုန်းဆန့်ကျင်ကုသမှု၊ ဆေးဝါးများကဲ့သို့ တစ်ကိုယ်လုံးကို အထောက်အကူပြုတဲ့ ကုသမှုနည်းလမ်း များပါဝင်ပါတယ်။ တကယ်လို့ ကင်ဆာဆဲလ်တွေဟာ ပြန်ရည်ကျိတ်အတွင်း သို့ ဝင်ရောက်ပျံ့နှံ့သွားပြီဆိုရင် ဆရာဝန်အနေနဲ့ ခီမိုဆေးသွင်းခြင်း နဲ့ ဓာတ်ရောင် ခြည်ကုထုံးကို တွဲဖက်လုပ်ဆောင်ခြင်း(သို့)တစ်ခုစီလုပ်ဆောင်ခြင်း ၊ ဟော်မုန်းကုထုံး စတာတွေကို ရွေးချယ် အသုံးပြုမှာဖြစ်ပါတယ်။

“ ရင်သားကင်ဆာကို ပျောက်ကင်းအောင်ကုသဖို့အတွက် ခွဲစိတ်ကုသခြင်းက အကောင်းဆုံး နည်းလမ်းတစ်ခုပါပဲ။ ရင်သားကင်ဆာခွဲစိတ်ကုသမှုနည်းလမ်း (၂) မျိုးရှိပြီးရင်သားတစ်ခုလုံးကိုခွဲစိတ်ဖြတ်ထုတ်ခြင်း(Mastectomy) နဲ့ ရင်သားချန်ပြီးခွဲစိတ်ဖြတ်ထုတ်ခြင်း(Breast-Conserving Surgery) တို့ ဖြစ်ပါတယ်။ ရင်သားချန်ပြီးခွဲစိတ်ဖြတ်ထုတ်မယ်ဆိုရင် ရင်သားနဂိုပုံစံပြန်ရရန် ပြုပြင်ခြင်းမျိုးကို ခွဲစိတ်နေစဉ် တစ်ဆက်တည်း လုပ်ဆောင်န်ိုင်တဲ့အတွက် ခွဲစိတ် မှုအပြီးမှာ ကိုယ့်ကိုယ်ကို ယုံကြည်ချက်ရှိရှိနဲ့ နေသွားနိုင်မှာဖြစ်ပါတယ်။  ” လို့ Dr.Wichai က ဆိုပါတယ်။

ရင်သားကင်ဆာဆိုတာ စောစီးစွာ ရှာဖွေတွေ့ရှိလေ ပျောက်ကင်းနိုင်ခြေ ပိုမို များပြားလေဖြစ်ပါတယ်။ သက်(၄၀)နဲ့အထက် အမျိုးသမီးတွေဟာ ရင်သားကင် ဆာစစ်ဆေးခြင်းကို နှစ်စဉ်လုပ်ဆောင်သင့်ပါတယ်။ ဘယ်သူမဆို ရင်သားကင်ဆာဖြစ်ပြီဆိုရင် စိတ်ဓာတ်မကျပါနဲ့။ ပုံမှန်ကုသမှုနည်းလမ်းများနဲ့ ပျောက်ကင်းသက်သာနိုင်ပါတယ်။ ကင်ဆာအဆင့်(၄) ဆိုရင်တောင် ခီမိုဆေး သွင်းခြင်း၊ ဟော်မုန်းကုထုံး စတာတွေနဲ့ ကုသလို့ရပါတယ်။

Dr.Wichai က ဆက်လက်သတိပေးပြောကြားခဲ့ရာမှာ - “ ဒီကုသမှုနည်းလမ်း တွေကို မငြင်းလိုက်ပါနဲ့။ ဒါတွေဟာ အချိန်ကြာကြာယူပြီးမှ ထွက်ရှိခဲ့တဲ့ သုတေသန စမ်းသပ်မှုတွေဖြစ်ပြီး တစ်ခုချင်းစီရဲ့ ကောင်းကျိုး ဆိုးကျိုးကိုလည်း ဆရာဝန်တွေ လေ့လာစမ်းသပ်ခဲ့ပြီးဖြစ်ပါတယ်။ ရင်သားကင်ဆာအတွက် သဘာဝသစ်ဖုသစ်ဥ တွေနဲ့ဖော်စပ်ထားတဲ့ ဆေးတွေသုံးပြီးကုသခြင်းဟာ အလွန် အန္တရာယ်ကြီးပါတယ်။ ဒီလိုမျိုးဆေးများဟာ အသည်းနဲ့ ကျောက်ကပ် ကို ပျက်စီးသွားစေသည်အထိ အန္တရာယ်ကြီးမားပါတယ်။ ပြီးတော့ သေချာသုတေ သန ပြုလုပ်ထားခြင်းမျိုးလည်းမရှိပါဘူး။ အကျိုးဆက်အနေနဲ့ လူနာဟာ မှန်ကန် တဲ့ ကုသမှုနည်းလမ်းရရှိနိုင်မှု အခွင့်အရေးတွေ ဆုံးရှုံးသွားမှာ ဖြစ်ပါတယ်။ ” လို့ ဆိုပါတယ်။

 

Photo Credit: Paän Flickr via Compfight cc

အဆင့်သတ်မှတ်ချက်

မှတ်ပုံတင်ပြီးသားလား။