Foliate လို့ သိကြတဲ့ ဖောလစ်အက်ဆစ် (Folic Acid) ဟာ DNA တည်ဆောက်ရာမှာ အဓိကအခန်းကဏ္ဍကနေ ပါဝင်ပြီး ဆဲလ်အားလုံးရဲ့ အခြေခံ လိုအပ်ချက်လည်းဖြစ်ပါတယ်။ အနှစ်ချုပ်အနေနဲ့ပြောရမယ်ဆိုရင် ဖောလစ် အက်ဆစ်ဟာ အထူးသဖြင့် ကိုယ်ဝန်ဆောင်ပထမသုံးလ ကာလအတွင်း ဆဲလ်ကြီးထွားဖွံ့ဖြိုးဖို့ အထောက်ကူပြုရာမှာ အဓိက ကျပါတယ်။ ဒါ့အပြင် အာရုံကြောဆဲလ်နဲ့ ကျောရိုး တည်ဆောက်ရာမှာလည်း အဓိကကျပါတယ်။ ဖောလစ်အက်ဆစ်ဟာ ရောဂါနဲ့ မူမမှန်မှုများကို ကာကွယ်ပေးရုံသာမက ဦးနှောက်(သို့)အင်္ဂါမစုံဘဲမွေးလာခြင်း (Anencephaly) နဲ့ မွေးရာပါ ဘုဖြစ်ခြင်း(Spinal Bifida) ကဲ့သို့သော အာရုံကြောစနစ်(Nervous System)၊ ဦးနှောက်၊ ကျောရိုး(Spinal Cord) များရဲ့ ချို့ယွင်းမှုများကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။
ကိုယ်ဝန်ဆောင်ချိန် ပထမ (၃)လနောက်ပိုင်းမှာ ခန္ဓာကိုယ်ရဲ့ ဖောလစ်အက်ဆစ် လိုအပ်မှုဟာ လုံးဝမလိုအပ်တော့သည်အထိ ဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့်လည်း မိခင်လောင်းအနေနဲ့ သွေးနီဥတိုးပွားလာဖို့အတွက် ဖောလစ်အက်ဆစ်ကို ဆက်လက်သောက်သုံးဖို့ ဆရာဝန်က ညွှန်ကြားနိုင်ပါတယ်။ ဖောလစ်အက်ဆစ် ဟာ သံဓာတ်အားဆေးများမှာ ပါဝင်ပါတယ်။
ကလေးယူဖို့ အစီအစဉ်ရှိတဲ့ အမျိုးသမီးများအနေနဲ့ စတင်ကိုယ်ဝန်ဆောင်ချိန်က စပြီး ပထမသုံးလကာလ အပြီးအထိ ဆရာဝန်ရဲ့ အကြံပေးချက်အတိုင်း ဖောလစ်အက်ဆစ်ကို နေ့စဉ် ပုံမှန် သောက်သုံးရမှာဖြစ်ပါတယ် ။ ဖောလစ်အက်ဆစ်ပါတဲ့ အစားအစာများကို ပုံမှန်စားသုံးပေးဖို့ကိုလည်း အကြံပေး ချင်ပါတယ်။ အရွက်ပါတဲ့ဟင်းသီးဟင်းရွက်များ၊ ဆန်လုံးညို၊ အနီရောင်ပဲ နဲ့ သစ်သီး စတာတွေမှာ ဖောလစ်အက်ဆစ်ပါဝင်ပါတယ်။
Photo Credit: Francesco Crippa via Compfight cc
သင့်ကိုယ်ရေးအချက်အလက်များသိမ်းဆည်းရန်နှင့် နောက်ရက်ချိန်းအသစ် ချိတ်နိုင်ရန် မှတ်ပုံတင်ပါ။
မှတ်ပုံတင်ပြီးသားလား။ ဝင်ရန်