မစင်ဆိုတာ အနံ့ဆိုးတဲ့အပြင် ညစ်ပတ်တဲ့အတွက် လူအများစုကရှောင်ကြဉ်ကြတဲ့ အရာတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကလေးငယ်တွေရဲ့ မိဘတွေကတော့ သူတို့ကလေးရဲ့ မစင်ကို နေ့စဉ်ကြည့်ရှုနေဖို့လိုအပ်ပါတယ်။ မိဘတွေက ကလေးငယ်တွေရဲ့ ဝမ်းသွားပုံအမူအကျင့်တွေကို စိုးရိမ်သကဲ့သို့ ဝမ်းချူပ်ခြင်း နှင့် သန့်စင်ခန်းအလေ့အထတွေကိုပါ စိုးရိမ်သင့်ပါတယ်။
မိဘတွေကြားထဲမှာ ကွဲပြားတဲ့နားလည်မှုတွေရှိနေတတ်ကြပါတယ်။ ကလေးငယ်ကို ကာကွယ်ဆေးထိုးဖို့ ခေါ်သွားတဲ့အခါ မိဘတွေအနေနဲ့ ဆရာဝန်ကို မစင်အမျိုးအစားခွဲခြားတဲ့ဇယားကို ပြသဖို့ တောင်းဆိုသင့်ပါတယ်။ အဆိုပါ ဇယားမှာဆိုရင် အသက်အရွယ်အလိုက် ပုံမှန်မစင်က ဘယ်လိုမျိုး ကွာခြားသလဲဆိုတာကို ဖော်ပြထားပါတယ်။ ကလေးငယ်က ၆ လအောက်ပဲ ရှိနေသေးပြီး မိခင်နို့ကိုပဲ တိုက်ကျွေးနေသေးတယ်ဆိုရင် မစင်က အရည် (သို့) အရည်ပျော့ပျော့ဖြစ်နေခြင်းက ပုံမှန်ပါ။ ကလေးငယ်က ၆ လအရွယ်မှာ ဖြည့်စွက်စာတွေကို စတင်စားသုံးနေပြီဆိုရင်တော့ မစင်က cream ဖြစ်နေတာက ပုံမှန်ပါ။ မာတော့ မာဦးမှာမဟုတ်ပါဘူး။ ဒါပေမယ့် ၂ နှစ်အောက်ကလေးငယ်တစ်ယောက်က မစင်ကို သွားတိုက်ဆေးညှစ်ထားသလိုမျိုး မာကျောတဲ့မစင်ကို စွန့်ထုတ်ခြင်းက ပုံမှန်မဟုတ်ပါဘူး။ အခုဖြစ်ရပ်မှာ ကလေးငယ်က သူ (သို့) သူမရဲ့ ဝမ်းကို ရှင်းထုတ်ဖို့ ငြင်းဆန်ရာကနေ မစင်ဟာ အူမကြီးကို ထိခိုက်စေတာဖြစ်ပါတယ်။ အဲ့ဒါက ဝမ်းချူပ်ခြင်းရဲ့ လက္ခဏာတစ်ခုလည်း ဖြစ်ပါတယ်။
အချို့သော ကလေးငယ်တွေက ပျော့ပြောင်းတဲ့ မစင်ကို တစ်နေ့ကို ၂ ကြိမ်စွန့်ထုတ်ပါတယ်။ တချို့သောကလေးငယ်တွေကလည်း သူတို့ရဲ့ ဝမ်းကို နေ့စဉ် (သို့) တစ်ရက်ကို ၂ ကြိမ်ရှင်းပါတယ်။ ဝမ်းချူပ်ခြင်းကို လက္ခဏာတွေအရရော၊ မစင်ပမာဏအရရော ခွဲခြားနိုင်ပါတယ်။
ဝမ်းသွားခြင်းက ကလေးငယ်တွေမှာ ပုံမှန်အားဖြင့် နေ့စဉ် (သို့) တစ်ပတ်ကို ၃ ကြိမ်သွားလေ့ရှိပါတယ်။ ပုံမှန်အားဖြင့် တစ်ပတ်ကို ၂ ကြိမ် နဲ့ ၂ ကြိမ်အောက် ဝမ်းသွားခြင်းက ဝမ်းချူပ်ခြင်းရဲ့ လက္ခဏာတစ်ခုဖြစ်ပါတယ်။ အကယ်၍ ကလေးငယ်က မစင်ကို များများနဲ့ အခက်အခဲမရှိပဲ၂ ရက် တစ်ကြိမ်သွားတယ်ဆိုရင် အဲ့ဒါက ကလေးငယ်မှာ ဝမ်းချူပ်တယ်လို့ သတ်မှတ်လို့မရပါဘူး။ အဲ့ဒါက မစင်က ကလေးငယ်ရဲ့ အူမကြီးအတွင်းမှာ ဆက်မထိန်းနိုင်တော့တဲ့အထိ ရှိနေတာလို့ သတ်မှတ်လို့ရပါတယ်။ တကယ်လို့ ကလေးငယ်က သူရဲ့ ဝမ်းဗိုက်ကို အဲ့ဒီလိုအချိန်မျိုးမှာ ရှင်းလိုက်တယ်ဆိုရင် ပထမအပိုင်းက မာနေမှာဖြစ်ပြီးတော့ ကျန်အပိုင်းကတော့ ပျော့ပြောင်းနေမှာဖြစ်ပါတယ်။ အကယ်၍ ဝမ်းသွားရခြင်းက ခက်ခဲနေတယ် (သို့) နာကျင်နေတယ်ဆိုရင် ကလေးငယ်ကို အိမ်သာသွားခြင်းမှ ၂ ရက်ကနေ ၃ရက်အထိ ထိန်းထားဖို့ လိုမှာဖြစ်ပါတယ်။ မစင်ကို အူမကြီးထဲမှာ ရှိနေစေပြီးတော့ ထိန်းထားလို့မရတော့တဲ့အထိ ရောက်အောင်နေရမှာဖြစ်ပါတယ်။ ဒါကြောင့် မိဘတွေဟာ သူတို့ရဲ့ ကလေးတွေကို ဝမ်းချူပ်ခြင်းမရှိအောင်လို့ ဝမ်းသွားတဲ့အလေ့အကျင့်တွေကို စောင့်ကြည့်ဖို့ လိုအပ်မှာပါ။
အကယ်၍ ကလေးငယ်က မစင်ကို ပုံမှန်စွန့်ပစ်နေပေမယ့် သာမန်ထက် မာကျောပြီးတော့ နည်းနည်းပဲ စွန့်ပစ်တာဆိုရင် ဒါဟာ ဝမ်းချူပ်နေတဲ့လက္ခဏာတစ်ခုဖြစ်နိုင်ပါတယ်။ အူမကြီးက အလွန်ရှည်လျားပြီးတော့ မစင်ကို ပမာဏအများကြီး သိုလှောင်ထားနိုင်ပါတယ်။ အကယ်၍ ကလေးငယ်က မာကျောတဲ့မစင်ကို စွန့်ပစ်ပေမယ့် အရေအတွက် အနည်းငယ်ပဲ စွန့်တယ်ဆိုရင် ဒါဟာ အူမကြီးထဲမှာ မစင်တွေကျန်နေသေးပြီး အပြင်ကိုထွက်မလာတာပဲဖြစ်ပါတယ်။ အဲ့ဒါကဘာနဲ့တူလဲဆိုရင် ကျောက်တုံးတွေက တစ်ဆင့်ပြီးတစ်ဆင့်အပေါ်မှာထပ်နေရင်းနဲ့ အရမ်းကို မြင့်လာတဲ့အချိန်မှာ ကျောက်တုံးတွေက ပြိုကျတာနဲ့တူပါတယ်။
ကလေးငယ်တွေမှာ ဝမ်းချူပ်ခြင်းက အရမ်းဆိုးဝါးတဲ့အခြေအနေတစ်ခုမဟုတ်ပါဘူး။ များသောအားဖြင့်တော့ ဝမ်းချူပ်ခြင်းက အမူအကျင့်ဆိုင်ရာ ပြဿနာတွေကြောင့်အဖြစ်များပါတယ်။ ဘာပဲဖြစ်ဖြစ် မိဘတွေအနေနဲ့ ဒါကို မကုသပဲမထားသင့်ပါဘူး။ ရေရှည်ဝမ်းချူပ်ခြင်းက စိတ်ပိုင်းဆိုင်ရာ နဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေး ပြဿနာတွေကိုဖြစ်ပွားစေပါတယ်။ ဒါပေမယ့် မိဘတွေက ဝမ်းပျော့ဆေး၊ ဝမ်းချူတောင့်ဆေးတွေကို ကျွမ်းကျင်တဲ့ကျန်းမာရေးဝန်ထမ်းရဲ့ အကြံပြုချက်မရှိပဲ မဝယ်ယူသင့်ပါဘူး။ ဘာကြောင့်လဲဆိုရင် သူတို့က ဘေးထွက်ဆိုးကျိုးတွေရှိနေနိုင်ပါတယ်။ ကလေးငယ်ကို ဆရာဝန်ဆီကို ခေါ်သွားပြီး ပြသခြင်းက အပြုလုပ်သင့်ဆုံးအရာတစ်ခုပါ။
မစင်က အူမကြီးအတွင်းမှာ ရှိနေသောကြောင့်ဝမ်းဗိုက်ပိုင်း သက်တောင့်သက်သာမရှိစေခြင်း နဲ့ မစင်ခံနေတဲ့အတွက် အော့အန်နေတဲ့အချိန်မှာ Enema ကိုအသုံးပြုခြင်းဖြစ်ပါတယ်။ တကယ်ကို သင့်တော်ပြီးတော့ တိကျဖို့က အရမ်းကို အရေးကြီးပါတယ်။ ဥပမာအားဖြင့် ဆေးပေးတဲ့သူဟာ ကလေးရဲ့ စအိုကို နာကျင်အောင်မလုပ်ရပါဘူး။ Enema ကို ဝယ်ယူတဲ့မိဘတွေက သူတို့ရဲ့ ကလေးငယ်တွေကို မှားယွင်းတဲ့ဆေးပမာဏမပေးမိဖို့ အရေးကြီးပါတယ်။ Enema တွေကို သုံးစွဲခြင်းက ကလေးငယ်တွေကို နာကျင်စေပါတယ်။ ကလေးငယ်အများစုက သူတို့ရဲ့ စအိုဝအတွင်းကို အခုလိုဆေးထည့်သွင်းခြင်းကို မကြိုက်တဲ့အတွက် သူတို့ရဲ့ မိဘတွေက တင်းတင်းဆုပ်ကိုင်ထားဖို့ လိုအပ်ပါတယ်။ ယခုလိုပြုလုပ်ခြင်းက ကြောက်စိတ်နဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကို ဖြစ်ပွားစေတတ်ပါတယ်။
Laxatives တွေကတော့ ဘေးထွက်ဆိုးကျိုးရှိနိုင်တဲ့အတွက် အချို့အခြေအနေတွေ နဲ့ တိကျတဲ့အချိန်ကာလတစ်ခုမှာပဲ အသုံးပြုရမှာဖြစ်ပါတယ်။ ဝမ်းချူပ်ခြင်းက စိတ်လှုပ်ရှားမှု၊ စိတ်ပိုင်းဆိုင်ရာ နဲ့ ကိုယ်ခန္ဓာမှာ ရောဂါလက္ခဏာတွေဖြစ်နေနိုင်တဲ့အတွက် ကုသရခက်ခဲနိုင်ပါတယ်။ မကုသရသေးတဲ့ ဝမ်းချူပ်ခြင်းက ကြာရှည်တဲ့ကုသချိန်လိုအပ်ပြီးတော့ ၃ လမှ ၆လအထိ (သို့) အချို့ကလေးငယ်တွေမှာ နှစ်နဲ့ချီပြီး ကြာနိုင်ပါတယ်။ ဆေးဝါးတွေကလည်း အချိန်ပေါ်မှုတည်ပြီး ချိန်ညှိဖို့ (သို့) ပြောင်းလဲဖို့ လိုအပ်ပါတယ်။ ဒါ့ကြောင့် မိဘတွေအနေနဲ့ ဆေးကောင်တာမှာပဲ ဆေးဝယ်ယူတာမျိုး မလုပ်သင့်ပါဘူး။ အထူးသဖြင့် ၆ နှစ်အောက် ကလေးငယ်တွေအတွက်ဖြစ်ပါတယ်။ ဆေးဝန်ထမ်းတွေကလည်း ကျွမ်းကျင်ပညာရှင်တွေဖြစ်ပေမယ့် သူတို့က ဆရာဝန်တွေလိုမျိုး လူနာရဲ့ သတင်းအချက်အလက်တွေကို အကုန်သိရှိနားလည်မှာမဟုတ်ပါဘူး။ ဥပမာအားဖြင့် သောက်သုံးခဲ့တဲ့ ဆေးတွေရဲ့ ကြာချိန်၊ ဆေးအပေါ်ခုခံအား နဲ့ အခြားသော ဓါတ်ပြုမှုတွေ နဲ့ အဆိပ်အတောက်ဖြစ်စေမှုတွေကြောင့် အတူယှဉ်ပြီးမသောက်သင့်တဲ့ဆေးများပေးခြင်းတို့ဖြစ်ပါတယ်။
Enema ဖြစ်စေ၊ Laxatives ဖြစ်စေ ထိုဆေးဝါးတွေကိုအသုံးပြုခြင်းက မှန်ကန်တဲ့လုပ်ရပ်မဟုတ်ပါဘူး။ မိဘတွေအနေနဲ့ ကလေးငယ်တွေရဲ့ ဝမ်းသွားတဲ့အလေ့အထတွေကို လေ့လာရပါမယ်။ ဒါ့အပြင် ဝမ်းသွားတဲ့အလေ့အကျင့်ကိုပါ အောက်ပါနည်းလမ်းတွေအတိုင်း လေ့ကျင့်ပေးသင့်ပါတယ်။
နောက်ဆုံးအချက်အနေနဲ့ကတော့ ကလေးငယ်တွေအတွက် ကျန်းမာတဲ့ အစားအစာအစီအစဉ်တွေကို ကျန်းမာတဲ့ဝမ်းသွားခြင်းအတွက် ဖန်တီးခြင်းက အမြဲတမ်းမလွယ်ကူပါဘူး။ သို့ပေမယ့် အရမ်းလည်း မခက်ခဲပါဘူး။ ဝမ်းချူပ်ခြင်းရောဂါက ကာကွယ်နိုင်ပါတယ်။ ကလေးငယ်တစ်ဦးရဲ့ မိခင်က မစင်က မာကျောနေခြင်း (သို့) ပုံမှန်မဟုတ်တဲ့ ဝမ်းသွားမှုတွေကို မကုသပဲမနေသင့်ပါဘူး။ ငယ်ရွယ်စဉ်မှာ ဝမ်းချူပ်ခြင်းကို ကုသဖို့က အရေးကြီးပါတယ်။ ရေရှည်ဝမ်းချူပ်ခြင်းတွေက သက်သာပျောက်ကင်းစေဖို့အတွက် လုံလောက်တဲ့ ကုသချိန်တစ်ခုကို ပေးရမှာဖြစ်ပါတယ်။ သင့်ကလေးကို ကာကွယ်ဆေးထိုးတဲ့အချိန်မှာ ဆရာဝန်နဲ့ ကလေးငယ်ကို တိုက်ကျွေးသင့်တဲ့ အစားအစာနဲ့ နို့ရည်ပမာဏကို တိုင်ပင်ရပါမယ်။ Enemas တွေကို အသုံးပြုဖို့မတိုက်တွန်းပါဘူး။ အကယ်၍ ဝမ်းချူပ်တဲ့ လက္ခဏာဖြစ်လာခဲ့တယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ပြီးတော့ Enema မသောက်သုံးသင့်ပါဘူး။ အရေးအကြီးဆုံးနဲ့ အဓိကအချက်ကတော့ သင့်ကလေးရဲ့ ဝမ်းသွားပုံအမူအကျင့်တွေကို လေ့လာရမှာဖြစ်ပါတယ်။
ဆစ်မီတဝေ့ဆေးရုံမှာဆိုရင် ကလေးငယ်တွေအတွက် သီးသန့်ပြုလုပ်ထားတဲ့ အိမ်သာထိုင်ခုံတွေနဲ့ အိမ်သာ ဘယ်လိုသွားရမလဲဆိုတာတွေကို လေ့ကျင့်ပေးတဲ့အစီအစဉ်များရှိသည့်အပြင် Balloon Exercise နဲ့ Breathing Exercise လို့ခေါ်တဲ့ Therapeutic လေ့ကျင့်ခန်းတွေပါရှိပါသေးတယ်။ ဝမ်းချူပ်ခြင်းကို ခံစားနေရတဲ့ ကလေးငယ်တွေရဲ့ မိဘများအနေနဲ့ အကောင်းဆုံးသော ကျန်းမာရေးစောင့်ရှောက်မှုတွေပေးစွမ်းနိုင်ဖို့အတွက် ကျွန်ပ်တို့ရဲ့ ဆရာဝန်များနဲ့ ဆက်သွယ်ဆွေးနွေးပြီး တိုင်ပင်နိုင်ပါတယ်။
ဝမ်းချူခြင်း နဲ့ ဝမ်းနှုတ်ဆေးတိုက်ခြင်းဟာ အကောင်းဆုံးရွေးချယ်မှုများပဲ ဖြစ်ပါ တယ်။ ဒါကြောင့်မိဘများအနေနဲ့ ကလေးငယ်များရဲ့ သန့်စင်ခန်းအလေ့အထကို အမြဲတမ်း ဂရုတစိုက်စောင့်ကြည့်ပြီး အောက်ပါနည်းလမ်းများနဲ့ သန့်စင်ခန်းသွားခြင်း အလေ့အထကို ပြုစုပျိုးထောင်ပေးသင့်ပါတယ်။
အောက်ပါနည်းလမ်းများနဲ့ ကလေးငယ်များကိုဝမ်းပျော့အောင်လုပ်လို့ရပါတယ်။
အသက်ငယ်သေးတဲ့ ကလေးငယ်များအတွက် ကျန်းမာရေးနဲ့ညီညွတ်တဲ့ သန့်စင်ခန်းအလေ့အထ ကို ပျိုးထောင်ပေးရတာ မလွယ်ကူလှပါဘူး။ ဒါပေမယ့် သိပ်ပြီး ခက်ခဲတာမျိုးလည်း မဟုတ်ပါဘူး။ ဝမ်းချုပ်ခြင်းဟာ ကြိုတင်ကာကွယ်လို့ ရတဲ့ ကိစ္စတစ်ခုဖြစ်ပါတယ်။ မိဘများအနေနဲ့ ကလေးငယ်များရဲ့ ဝမ်း(မစင်) မာကျောမှု နဲ့ ပုံမှန်မဟုတ်တဲ့ သန့်စင်ခန်းအလေ့အထ ကို မကုသဘဲ ဒီအတိုင်း ပစ်မထားသင့်ပါဘူး။ နာတာရှည်ဝမ်းချုပ်ခြင်း ကဲ့သို့သော ကလေးငယ်များမှာ ဖြစ်လေ့ရှိတဲ့ ဝမ်းချုပ် ခြင်းကို ကုသဖို့ဟာ အရေးကြီးပြီး ကုသချိန်ဟာလည်း အချိန်တစ်ခု ယူရပါတယ်။ ကလေးငယ်ကို ကာကွယ်ဆေးတစ်ခုခု ထိုးဖို့ ကြုံကြိုက်လာတဲ့အခါမှာ အစားအစာ နဲ့ နို့ ကို သင့်တင့်တဲ့ ဘယ်လောက်ပမာဏ စားသုံးသင့်သလဲ ဆိုတာကို ပါ ဆရာဝန်နဲ့ဆွေးနွေးဖို့ လိုအပ်ပါတယ်။ ဝမ်းချူခြင်းကို အကြံမပြု လိုပါဘူး။ တကယ်လို့ ဝမ်းချုပ်လာတဲ့အခါမှာ ဝမ်းချူခြင်း မလုပ်ဘဲ ဆရာဝန်နဲ့ အရင်ဆုံး ဆွေးနွေးတိုင်ပင်ပါ။ အရေးအကြီးဆုံးကတော့ ကလေးငယ်ရဲ့ သန့်စင်ခန်းအလေ့အထကို သေချာ ဂရုတစိုက်စောင့်ကြည့်ဖို့ ဖြစ်ပါတယ်။
ကလေးအစာအိမ်အူလမ်းကြောင်းနှင့်အသည်းရောဂါကုသမှုစင်တာ မှာ ကလေးငယ်များအတွက် အထူးပြုလုပ်ထားတဲ့ သန့်စင်ခန်းထိုင်ခုံ နဲ့ သန့်စင်ခန်း အလေ့အထသင်ကြားမှုအစီအစဉ်များ ဝန်ဆောင်ပေးလျက်ရှိသလို Ballon Exercise နဲ့ Breathing Exercise လို့ခေါ်တဲ့ ကုထုံးလေ့ကျင့်ခန်းများလည်း ရှိပါတယ်။ မိမိတို့ရဲ့ ရင်သွေးများ ဝမ်းချုပ်ခြင်းကို ကြုံနေရတဲ့ မိဘများအနေနဲ့ ဆစ်မီတဝေ့ဆေးရုံမှ ဆရာဝန်များနဲ့ ဆွေးနွေးတိုင်ပင်ပြီး အကောင်းဆုံး နည်းလမ်းကို ရွေးချယ်နိုင်ပါတယ်။
ဆောင်းပါးများ
သင့်ကိုယ်ရေးအချက်အလက်များသိမ်းဆည်းရန်နှင့် နောက်ရက်ချိန်းအသစ် ချိတ်နိုင်ရန် မှတ်ပုံတင်ပါ။
မှတ်ပုံတင်ပြီးသားလား။ ဝင်ရန်