ကာကွယ်ဆေးပါဝင်တဲ့ ကင်ဆာကုထုံးကျဆော့ သွေးဖြူဥတွေရဲ့ လုပ်ဆောင်နိုင်မှုကို မြှင့်တင်ပေးတာဖြစ်ပြီး ခီမိုသရာဖီ နဲ့ ယှဉ်ကြည့်မယ်ဆိုရင် ပစ်မှတ်ထားကုထုံးလိုမျိုး ဘေးထွက်ဆိုးကျိုးတွေ နည်းပါးစေပါတယ်။ ခန္ဓာကိုယ်ဟာ ဆေးဝါးနဲ့ ချိန်ညှိနေချိန်အတွင်းမှာ သွေးဖြူဥတွေရဲ့ စွမ်းဆောင်ရည် မြင့်တက်လာခြင်းက အကွက်တွေထွက်လာတာ၊ အူမကြီး ရောင်ရမ်းခြင်း၊ ဝမ်းလျှောတာ၊ နမိုးနီးယား၊ သိုင်းရွိုက်ရဲ့ လုပ်ငန်းတွေ မငြိမ်မသက်ဖြစ်လာတာ၊ သွေးတွင်း အချိုဓာတ် မြင့်မားလာတာ စတဲ့ မလိုလားအပ်တဲ့ လက္ခဏာတွေတော့ ပြလာတတ်ပါတယ်။ ကုသပေးမယ့် ဆေးပညာရှင်ဟာ လူနာမှာ ဖြစ်နေတဲ့ ကင်ဆာရဲ့ အမျိုးအစားနဲ့ အဆင့်ပေါ်မူတည်ပြီး ပေးရမယ့်ဆေးကို ရွေးချယ်ရမှာ ဖြစ်ပါတယ်။ မယ်လင်နိုမာအရေပြားကင်ဆာ၊ သားငံရည်ကြိတ်ကင်ဆာအမျိုးအစားတစ်ချို့၊ အဆုတ်ကင်ဆာ၊ ဦးခေါင်းနဲ့ လည်ပင်း မှာ ဖြစ်တဲ့ကင်ဆာ၊ ဝမ်းဗိုက်မှာဖြစ်တဲ့ကင်ဆာ၊ ကျောက်ကပ်၊ အသည်းနဲ့ ရင်သားကင်ဆာ အမျိုးအစားတစ်ချို့၊ အစာအိမ်ကင်ဆာ၊ ခီမိုသရာဖီမတိုးတဲ့ ကင်ဆာအမျိုးအစားတစ်ချို့နဲ့ အူမကြီးကင်ဆာ စတာတွေအတွက် ကာကွယ်ဆေး ပါတဲ့ ကင်ဆာကုထုံးတွေဟာ အများကြီး သင့်တော်ပါတယ်၊
ကာကွယ်ဆေးပါတဲ့ ကင်ဆာကုထုံးတွေဟာ ရောဂါကြောင့် ဖြစ်ပေါ်လာတဲ့ လက္ခဏာတွေအလိုက် အခြားကုထုံးတွေနဲ့ တွဲဖက်ကုသနိုင်ပါတယ်။ စာရင်းဇယားတွေအရတော့ မယ်လင်နိုမာအရေပြားကင်ဆာဝေဒနာရှင်တွေမှာ ၅% နေ ၄၃% ဟာ ၃ နှစ် အသက်ပိုရှည်ကြပြီး အဆုတ်ကင်ဆာလူနာတွေရဲ့ ၆% ကနေ ၁၅% ကတော့ ၅ နှစ် အသက် ပိုရှည်ကြတာကို တွေ့ရပါတယ်။ သူတို့ဟာ ခီမိုဆေးသွင်းကုသနည်းနဲ့ တွဲဖက်ပြီး ကုသမှုခံယူကြတာ ဖြစ်ပါတယ်။