MIS နည်းပညာနဲ့အစာမျိုပြွှန်ကင်ဆာ သက်သာပျောက်ကင်းခဲ့တဲ့ ပြည်ပရောက်မြန်မာတစ်ယောက်ရဲ့ အတွေ့အကြုံ

MIS နည်းပညာနဲ့အစာမျိုပြွှန်ကင်ဆာ သက်သာပျောက်ကင်းခဲ့တဲ့ ပြည်ပရောက်မြန်မာတစ်ယောက်ရဲ့ အတွေ့အကြုံ

သာမန်အစာသီးခြင်းမှစခဲ့တဲ့အစာမျိုပြွန်ကင်ဆာ

ပြည်ပမှာ နေထိုင်တဲ့ မြန်မာလူမျိုးတစ်ယောက်ဟာ အကျိတ်များကိုဖယ်ရှားဖို့အတွက် MIS လို့ အတိုကောက်ခေါ်တဲ့ ခက်ခဲမှုနည်းပါးပြီး လွယ်ကူရိုးရှင်းသောခွဲစိတ်နည်းပညာ (Minimally Invasive Surgery) ကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ MIS နည်းပညာနဲ့ အစာမျိုပြွန်ကင်ဆာရောဂါကို ပျောက်ကင်း အောင်ကုသဖို့ ဆရာဝန် ရှာဖွေစုံစမ်းရင်း ဆစ်မီတဝေ့ဆေးရုံရောက်ရှိလာခဲ့ပုံကို Albert က ပြန်လည် ပြောပြခဲ့ပါတယ်။

ကျွန်တော့်ရဲ့ပြဿနာအစ

ကျွန်တော် ၂၀၁၅ ခုနှစ်မှာ အစာအိမ်မှန်ပြောင်းကြည့်တာနဲ့ အူလမ်းကြောင်းမှန်ပြောင်းကြည့် ရှုစစ်ဆေးမှုကိုလုပ်ခဲ့ပါတယ်။ အဲဒီနှစ်ဩဂုတ်လမှာပဲ ကျွန်တော် အစာသီးတဲ့ပြဿနာစဖြစ်လာတယ်ဗျ ။ အထူးသဖြင့် ကျွန်တော် မနက်စာ စားတဲ့အချိန်တွေမှာပေါ့။ ပုံမှန်အားဖြင့် ကျွန်တော် မနက်စာကို ပေါင်မုန့် စားဖြစ်တယ် ။ ပြီးတော့ ကျွန်တော်က အစားကို မြန်မြန်စားတတ်တယ်။ ပြီးတော့ ကျွန်တော် အသီးဖျော်ရည် သောက်လိုက်တဲ့ အချိန်မှာ မျိုချမရဘဲ ပြန်အန်ထွက်လာတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော် အသက်ရှူလို့မရခဲ့ဘူး။ အဲလိုမျိုး စက်တင်ဘာလအစလောက်က တစ်ခါဖြစ်တယ်။ နောက် တစ်လကို တစ်ကြိမ် နှစ်ကြိမ်လောက်ဖြစ်ခဲ့တယ်။ ပြီးတော့ ကျွန်တော် ရေသောက်လို့ ရေကိုမျိုချလိုက်တဲ့ အချိန်မှာ ပြန်အန်ထွက်တာမျိုးက အကြိမ်ကြိမ်ဖြစ်လာတယ်။ မှတ်မှတ်ရရ ၂၀၁၆ ဖေဖော်ဝါရီလ (၈) ရက်နေ့မှာ ကားမောင်းနေရင်း ခပ်ကြီးကြီး Multivitamin ဆေးပြားတစ်ပြားသောက်လိုက်တဲ့အချိန်မှာ စပြီး သီး တော့တာပါပဲ။ ရေသောက်လို့လည်း မပျောက်ဘူး ။ ဆေးပြားကကြီးလွန်းတော့ အစာမျိုပြွန်မှာ တစ်နေပြီး ပြန်လည်း အန်ထုတ်လို့မရခဲ့ပါဘူး။

ရောဂါရှာဖွေခြင်း

သေချာစစ်ဆေးဖို့ ကျွန်တော် ဆေးရုံသွားခဲ့တယ်။ နေ့လည်ရောက်တော့ သူတို့ အစာအိမ်မှန်ပြောင်း ကြည့်တဲ့အခါမှာ ပုံမှန်မဟုတ်တဲ့ အနာတစ်ခုကို သွားတွေ့တယ်။ အဲဒါကို အသားစယူ စစ်ပြီး အဖြေထွက်လာတော့ အစာမျိုပြွန်ကင်ဆာလို့ သံသယရှိခဲ့တယ်။ အနာကလည်း တော်တော်လေး ကို နက်တယ်ဗျ။ ဒီတော့ သူတို့ ဒုတိယအကြိမ် အသားစယူပြီး ထပ်စစ်တယ်။ ကြီးထွားမှုအဆင့်က ကြီးလား သေးလားဆိုတာကို ရောဂါဗေဒပညာရှင်တွေကိုယ်တိုင်လည်း ရာနှုန်းပြည့် သေသေချာချာ မပြောနိုင်ခဲ့ဘူး။ အဲဒါကမီးခိုးရောင် အဆင့်မှာရှိခဲ့ပါတယ်။ 

အစာအိမ်နဲ့အူလမ်းကြောင်းဆရာဝန်က တတိယအဆင့်အစာမျိုပြွှန်ကင်ဆာခွဲစိတ်ကုသမှုအတွက် ခွဲစိတ်ဆရာဝန်ဆီကို ထပ်လွှဲချင်ခဲ့တယ်။ ဒါပေမယ့် အဲဒီဆရာဝန်က ကင်ဆာဘယ်အဆင့်ရောက်နေပြီလဲ ဆိုတာကိုလည်း ထပ်စစ်ဆေးချင်ခဲ့တယ်။ အနာရဲ့အတိမ်အနက်ကိုသိရဖို့အတွက်  အာထရာစောင်းပါတဲ့ အစာအိမ်လမ်းကြောင်းကြည့်ကိရိယာ (EUS)  ရိုက်ဖို့နောက်ထပ် အစာအိမ်နဲ့အူလမ်းကြောင်း ဆရာဝန်တစ်ယောက်ဆီ လွှဲပေးခဲ့ပါတယ်။

နောက် (၁၀)ရက်လောက်ကြာတော့ ကျွန်တော့် EUS အဖြေထွက်လာတယ်။ အစာအိမ်နဲ့အူလမ်းကြောင်း ဆရာဝန်ကြီးပြောတာတော့ ကျွန်တော့်အခြေအနေက ကင်ဆာ ပထမအဆင့်တော့ မရောက်သေးဘူး .. ဒါပေမယ့် ကနဦးအဆင့်ကင်ဆာဖြစ်နိုင်လို့ သေချာစောင့်ကြည့်ရမယ်လို့ပြောတယ်။ သူက နောက်ထပ် လအနည်းငယ်ကြာထိစောင့်ကြည့်ခဲ့တယ်။ ကျွန်တော်ထင်တယ် (၄) လ (၅) လလောက် အထိ စောင့်ကြည့်ခဲ့တယ်။ ဇွန်လအလယ်လောက်ရောက်တော့ ဆရာဝန်ကြီးက ဒီအနာကိုဖယ်ရှားဖို့ ESD လို့ခေါ်တဲ့ Endoscopic Submucosal Dissection  နည်းပညာကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။

ကုသမှုအတွက်ပြင်ဆင်ခြင်း

ဒီနည်းပညာနဲ့ ကုသရာမှာ ဂျပန်ဆရာဝန်တွေက အရမ်းတော်တယ်ပါတယ်။ ဒါကြောင့် အစာအိမ်နဲ့အူ လမ်းကြောင်း ဆရာဝန်ကြီးက ကျွန်တော့်ကို ဂျပန်ခေါ်သွားခဲ့တယ်။ ဒါပေမယ့် အခက်အခဲပြဿနာတချို့ ကြောင့် ဂျပန်ဆရာဝန်တွေလည်း ဒီခွဲစိတ်ကုသမှုကိုမလုပ်နိုင်ခဲ့ပါဘူး။ ကျွန်တော့် အစာရည်မျိုပြွှန်က ကျဉ်းနေတော့ ဒီအနာကို သူတို့ မခွဲထုတ်နိုင်ခဲ့ပါဘူး။ ဒါပေမယ့် ကင်ဆာဆဲလ်တွေ ရှိနေပြီဆိုတာကို တော့ သူတို့ အတည်ပြုပေးနိုင်ခဲ့တယ်။ ပြီးတော့ ကျွန်တော်တို့ ထိုင်းကိုပြန်လာခဲ့ကြတယ်။ အစာအိမ်နဲ့ အူလမ်းကြောင်းဆရာဝန်ကြီးက အနာကို ခွဲစိတ်ဖယ်ရှားမှရမယ်လို့ အကြံပေးတယ်။ ကျွန်တော် ခွဲစိတ်ဖို့ စီစဉ်ခဲ့တယ်။  ကျွန်တော်ရှာကြည့်တော့ တခြားဆေးရုံတွေကို ဒါကို သမရိုးကျခွဲစိတ်ခြင်း (Open Surgery) နဲ့ ခွဲမှရမယ်လို့ သိရတယ်။ ဒါက ကျွန်တော် အရမ်းနာကျင်မှုကိုခံစားရမှာဖြစ်သလို သက်သာဖို့ အချိန်အကြာကြီး စောင့်ရမှာဗျ။ ဒါနဲ့ပတ်သက်ပြီး သူတို့ ကျွန်တော့်ကို မပြောခဲ့ပေမယ့် ကျွန်တော်ကိုယ့်ဘာကို ရှာရင်း စုံစမ်းရင်း သိခဲ့ရတာ။

ဆစ်မီတဝေ့မှာရွေးချယ်ဖြစ်ခဲ့တဲ့MISနည်းပညာ

ဒါကြောင့် ခက်ခဲမှုနည်းပြီးလွယ်ကူရိုးရှင်းသောခွဲစိတ်မှု(MIS) နည်းပညာနဲ့ ခွဲစိတ်ပေးနိုင်တဲ့ ဆရာဝန်ကို ရှာဖွေခဲ့ပါတယ်။ လအနည်းငယ်အချိန်ယူခဲ့ရသလို အဲဒီအချိန်မှာ ဝိတ်ချဖို့အတွက် သက်သက်လွတ်ပဲ စားခဲ့တယ်။ ဒီလိုနဲ့ ဖေဖော်ဝါရီလ အလယ်လောက်မှာ ကျွန်တော် ဒီကိုရောက်လာခဲ့တယ်။  ဘာလို့လဲ ဆိုတော့ ဒီဆေးရုံမှာ MIS နည်းပညာ ရ မရ ကျွန်တော် သိချင်ခဲ့တယ်လေ။ ဒီရောက်တော့ Dr.Pitulak နဲ့ တွေ့ပြီး သူမက ဒါကို ခွဲစိတ်ပြီးဖယ်ရှားလို့ရတယ်လို့ ပြောပါတယ်။ ပြီးတော့ Dr.Chingyiam ဆီထပ်လွှဲပေးတယ်။ သူက ဒါကို လုပ်နိုင်ပါတယ်လို့ ပြောတယ်။ Dr.Chingyiam ဟာ သမရိုးကျခွဲစိတ်မှု(Open Surgery) နဲ့ အစာမျိုပြွန်ကင်ဆာခွဲစိတ်ကုသမှုတွေကို လုပ်ဆောင်ခဲ့ဘူးသူ ပါ။ ဒါပေမယ့်လည်း ဗိုက်ကို အပေါက်ဖောက်ပြီး ကိရိယာနဲ့ခွဲစိတ်ကုသရတဲ့ Laparoscopic Procedure နဲ့တော့ မလုပ်ဖူးပါဘူး။ ခွဲစိတ်မှုကို မတ်လ(၆)ရက်နေ့လုပ်မယ်လို့ သတ်မှတ်လိုက်ပြီး ခွဲစိတ်မှုက အဆင်ပြေပြေနဲ့ပြီးသွားတယ်။ ဒီနေ့ (၁၇) ရက်နေ့ပါ။  ကျွန်တော် ဆေးရုံကနေဆင်းရတော့မှာပါ။ ရလဒ်အားဖြင့်ရော ဒီက ဝန်ဆောင်မှု တွေကိုရော အားလုံးကို ကျွန်တော်ကျေနပ်ပါတယ်။ ခွဲစိတ်မှုက လုံးဝကို အောင်မြင်တယ်လို့ပဲ ကျွန်တော် ပြောရမှာပါ။

ခွဲစိတ်အပြီးနောက်ပိုင်းကာလ

ဒါက နာကျင်မှုရှိပေမယ့် အချိန်မြန်မြန်အတွင်းမှာပဲ သက်သာလာခဲ့ပါတယ်။ (၂)ရက် (၃) ရက်လောက်ပဲ ကြာတယ် ။ ကျွန်တော် ပြန်ပြီး လမ်းလျှောက်နိုင်တယ်။ စားနိုင်တယ် ။ တကယ်ပဲ အံ့ဩရပါတယ်။ ခွဲစိတ်ကုသလိုက်ရတဲ့ အစာအိမ်နားတစ်ဝိုက်နဲ့ အစာမျိုပြွန်ဟာ အားလုံးကောင်းသွားပါပြီ။ အထဲမှာ နာကျင်မှုဆိုတာ လုံးဝမရှိတော့ပါဘူး။ အထဲမှာ အခြေအနေကောင်းတယ် ။ ကျွန်တော် ကောင်းကောင်း စားနိုင်သွားပြီ။ ခွဲစိတ်ပြီးနောက်မှာ ကျွန်တော် နာကျင်တာတွေ ၊ အစာသီးတာတွေ ၊ အန်တာတွေ ဘာတစ်ခုမှ မရှိတော့ပါဘူး။ ဒါက အရမ်းကောင်းတယ်လို့ ကျွန်တော်ထင်တယ်။ ပြောရဲတယ်ဗျာ ။ ကျွန်တော့်အတွက်အရမ်းကိုကောင်းတဲ့ အဖြေတစ်ခုထွက်ခဲ့တယ်ဆိုတာ။

အစာမျိုပြွန်ကင်ဆာဖြစ်နိုင်ခြေများသူများ(သို့) အစာမျိုပြွန်ကင်ဆာဖြစ်နေသူများအတွက်ပြောပြချင်တဲ့ အကြံပြုစကား - ကောင်းပြီ။ ကျွန်တော် ပြောချင်တာကတော့ အားလုံးပဲ ဂရုစိုက်ပြီး ကင်ဆာအကြောင်းကို လေ့ထာထား ဖို့ပါ။ ကျွန်တော့်ဘဝမှာ အစာမျိုပြွှန်ကင်ဆာနဲ့ပတ်သက်လို့ တစ်ခါမှ မကြားဖူးခဲ့ဘူး။  ဦးနှောက်ကင်ဆာ ၊ အစာအိမ်ကင်ဆာ ၊ အူမကြီးကင်ဆာ ၊ ပန်ကရိယကင်ဆာ နဲ့ တခြား ကင်ဆာတွေကို ကြားဖူးခဲ့ပေမယ့် အစာမျိုပြွှန်ကင်ဆာဆိုတာကို တစ်ခါမှ မကြားခဲ့ဖူးဘူး။ အဲဒါက နာကျင်မှုမရှိတော့ အဲဒါကို လစ်လျူရှုထား ခဲ့တယ်။ ခင်ဗျားတို့ ဘာမှခံစားနေရမှာမဟုတ်ဘူး။ တစ်ခါတစ်ခါတော့လည်း ရင်ပူတာလိုမျိုးဝေဒနာကို ခံစားရနိုင်ပါတယ်။ ဒါပေမယ့် ဒါက သာမန်နေထိုင်စားသောက်မှုလိုပဲဖြစ်ပြီး နှစ်အတော်ကြာ ကောင်းကောင်း စားသောက်နိုင်ပြီး ကင်ဆာဖြစ်နေတယ်ဆိုတာတောင် သိလိုက်မှာမဟုတ်ပါဘူး။ ဒါကြောင့် တခြားကင်ဆာရောဂါတွေကိုလည်း သတိထားဖို့ အကြံပေးချင်ပါတယ်။ အားလုံး ကျန်းမာရေးစစ်ဆေးမှု ပုံမှန်လုပ်ဖို့ တိုက်တွန်းချင်တယ်။ နီးစပ်ရာမိတ်ဆွေတွေကိုမေးတာထက် တတ်ကျွမ်းနားလည်သူတွေကို မေးပြီး ပုံမှန်စစ်ဆေးဖို့လည်း ပြောပါရစေ။

Dr.Pitulak , Dr.Chingyiam တို့နဲ့အတူ ဆစ်မီတဝေ့ဆရာဝန်များအဖွဲ့ရဲ့ ကုသစောင့်ရှောက်မှုများ - ဒီဆရာဝန်ကြီး(၂)ယောက်လုံးက တကယ်တော်ကြပါတယ်။ Dr.Pitulak က အတော်လေး ကြင်ကြင်နာနာနဲ့ ဂရုစိုက်တတ်တဲ့သူပါ။ လူနာတွေကို ဂရုတစိုက်နဲ့ သေချာအချိန်ယူပြီး ဘာက ဘယ်လိုဆိုတာကို အသေးစိတ် ရှင်းပြတယ်။ သူ ဘယ်လောက်အလုပ်များများ ကျွန်တော့်ဆီ အမြဲလာကြည့်တယ်။ သူမဟာ နေ့စဉ် မနက် (၆) နာရီခွဲလောက်ကတည်းက အလုပ်လုပ်နေရပေမယ့် အနည်းဆုံးတော့ ညနေဆိုရင် ကျွန်တော့်ဆီ လာကြည့်ပေးတယ်။ တစ်ခါတစ်လေ သူ ညစာတောင် မစားရသေးပေမယ့် ကျွန်တော့်ဆီ ည (၈) နာရီလောက်လည်း လာကြည့်တတ်တယ်။ လာရင်လည်း ကျွန်တော့်ဘေးထိုင်ပြီး သေချာဂရုတစိုက်နဲ့ ရှိပေးတတ်တဲ့သူပါ။ သူမဟာ ဒါကို အလုပ်တာဝန်တစ်ခု ထမ်းဆောင်နေရတယ်သဘောမထားဘဲ တကယ့်ကို စိတ်ထဲကနှစ်ပြီး ဂရုတစိုက်နဲ့ ကုသပေးတာပါ။

Dr.Chingyiam ကလည်း တကယ့်ကို ဗဟုသုတနှံ့စပ်တဲ့ ပုဂ္ဂိုလ်ပါ။ သူ့ရဲ့ အတွေ့အကြုံတွေကလည်း မနည်းဘူးဗျ။ သူအများကြီး နှံ့နှံ့စပ်စပ်သိသလို လူနာတွေကိုလည်း နှလုံးသားထဲကနေ စောင့်ရှောက်တတ် သူပါ။ ခွဲစိတ်မှုက (၆)နာရီကနေ (၈)နာရီလောက်ထိပဲ ကြာမယ်လို့ သူပြောခဲ့ပေမယ့် တကယ်တမ်းမှာ (၁၀) နာရီလောက်အချိန်ယူခဲ့တယ်။ အဲဒီ (၁၀)နာရီလုံးလုံး သူ ကျွန်တော့်အနားနေပေးခဲ့ ပြီး ကျွန်တော် (၁၀၀) ရာခိုင်နှုန်း ပြန်ဖြစ်တဲ့အထိ ရှိနေပေးခဲ့လို့ ဒီလောက် သက်သာလာတာပါ။ သူ ကျွန်တော့်ရဲ့ ကင်ဆာတွေအားလုံးကို ဖယ်ရှားပေးခဲ့တယ်။ သူ့ကြောင့် ကင်ဆာဘယ်တော့မှ ပြန်မဖြစ်တော့ ဘူးလို့တောင် ယုံကြည်ထားတယ်။ မကောင်းတဲ့ အရာတွေကို အားလုံးရှင်းထုတ်ဖို့ သူ့ကို ကျွန်တော်ပြောခဲ့တယ်။ ခုတော့ ကျွန်တော် သက်သာလာပြီလေ။ ဒီဆရာဝန်နှစ်ယောက်လုံး သူတို့ကိုယ်တိုင်အတွက် အချိန်မပေးန်ိုင်ခဲ့ကြပါဘူး။ ကျွန်တော်တို့ အကောင်းဆုံးပြန်လည်သက်သာလာဖို့ သူတို့ အချိန်တွေအများကြီးပေးဆပ်ခဲ့ကြတယ်။ ဒါကတော့ သူတို့နဲ့ တွေ့ဆုံခွင့်ရခဲ့တဲ့ ကျွန်တော့်ရဲ့ အတွေ့အကြုံတွေပါပဲ။

အဆင့်သတ်မှတ်ချက်