ကင်ဆာဖြစ်လို့ ဘဝမှာ မပျော်ရတော့ဘူးရယ်လို့ မဟုတ်ပါဘူး။ ကိုယ့်ရဲ့ ကန့်သတ်ထားတဲ့ ဘောင်တွေက ဘာတွေလဲဆိုတာကို နားလည်အောင်လုပ်ခဲ့တယ်။ ပင်ပန်းလာရင် ကျွန်မ အနားယူလိုက် တယ်။ အလုပ်တွေ ဝန်ပိတဲ့အထိ မလုပ်မိအောင် ကြိုးစားတယ်။ ကျန်းမာရေးနဲ့ညီညွှတ်အောင် စားပြီး လုပ်နိုင်တဲ့အချိန်မှာ လေ့ကျင့်ခန်းလုပ်လိုက်တယ်။ ခီမိုဆေးသွင်းချိန်မှာ ကျွန်မ ကိုယ့်ကိုယ်ကို ကျန်းမာ တယ်လို့ ထင်ရတာက အရင်ရောဂါမတွေ့ခင်ကတည်းက လေ့ကျင့်ခန်းကို ပုံမှန်လုပ်ခဲ့လို့ပါ။ ကျွန်မ ဘောက်ဆင်ထိုးတယ်။ တင်းနစ်စ် ရိုက်တယ် ။ ကြက်တောင်ရိုက်တယ် ။ ရောဂါဖြစ်ကြောင်း သိပြီးနောက်မှာ ကျွန်မ အပေါင်းအသင်းဆန့်လာပြီး ကိုယ့်ကို ဂရုစိုက်သူတွေနဲ့ အဆက်မပြတ်အောင် နေတတ်လာတယ်။ နည်းနည်းလေး အားရှိလာလို့ လုပ်နိုင်ရင် အလုပ် လုပ်လိုက်တာပဲ။ ပြီးတော့ ကျွန်မ ဝါသနာပါတဲ့ အက နဲ့ စန္ဒရား တီးတယ်။ ငါဟာ တန်ဖိုးရှိတယ်ဆိုတဲ့အတွေးမျိုး ဖြစ်စေန်ိုင်တဲ့ ဟာမျိုးတွေ ၊ ငါလုပ်နိုင်သေးပါလားဆိုတဲ့ ဆိုတဲ့အရာမျိုးတွေကို ရှာကြံလုပ်တယ်။
နောက်တစ်ခု ကျွန်မ အမြဲ ခေါင်းထဲတွေးနေခဲ့တာက ငါဟာ ထက်မြက်ပြီး အရည်အချင်းရှိတဲ့ ဆရာဝန်တွေ လက်ထဲမှာရှိတယ်။ အရမ်းကောင်းတဲ့ ဆေးရုံကြီးတစ်ခုမှာ ကုသမှုခံယူနေတယ်ဆိုတာပါပဲ။
ရောဂါဖြစ်တာကို သိလိုက်ရချိန်ကတည်းက ကိုယ့်ကျန်းမာရေးကို ဂရုစိုက်ပြီး အမြဲတမ်း မျှော်လင့်ချက် ထားခဲ့တယ်။ ရင်သားကင်ဆာရောဂါဖြစ်တယ်ဆိုတာက ဘဝကိုအမြဲတမ်းအရှုံးပေးဖို့ မဟုတ်ပါဘူး။ အခြေအနေကို လက်ခံယုံကြည်နေသရွေ့ ကျွန်မဘဝလှပနေဆဲဆိုတာကို ကျွန်မရှာသိန်ိုင်ပါတယ်။ ကျွန်မသိပ်ကြိုက်တဲ့ အဆိုတစ်ခုရှိတယ်.. “ ဘာဖြစ်ဖြစ်လက်ခံလိုက်ပါ။ ဖြစ်ခဲ့တာတွေကို လျစ်လျူရှု လိုက်ပါ။ ဖြစ်လာသမျှကို ယုံကြည်ပါ ” ။ လက်ရှိတစ်ခဏအခြေအနေကို ကျွန်မ ပျော်ပျော်ပဲနေတယ်။ အနာဂတ်ဟာ လက်ရှိပစ္စုပ္ပန်ကို ရောင်ပြန်ဟပ်တယ်ဆိုတာကို ကျွန်မယုံတယ်လေ။ ဖြစ်လာတဲ့အခြေ အနေကို ချစ်ခြင်းမေတ္တာနဲ့ အကောင်းမြင်စိတ်ရှိမယ်ဆိုရင် ခံစားမှုဝေဒနာတွေသက်သာပါတယ်။
ကျွန်မ အနာဂတ်ကိုပဲ လှမ်းမျှော်ကြည့်မိတယ်…….
(၃)ပတ်ခြားတစ်ခါသွင်းရတဲ့ ခီမိုဆေး (၈)ကြိမ်သွင်းပြီး (၈)လအကြာ ၊ ဓာတ်ရောင်ခြည်ကုထုံး အကြိမ်(၂၀) ကုသမှုခံယူပြီးနောက် Khun Bow တစ်ယောက် အချိန်ပြည့် လုပ်ငန်းခွင်ကို ပြန်ဝင်နိုင် ပြီဖြစ်ပါတယ်။ နောက်ထပ် (၅)နှစ်လောက်ထိတော့ ဟော်မုန်းဆိုင်ရာကုသမှုတွေနဲ့ နေ့စဉ်ဟော်မုန်း ဆန့်ကျင်ဆေးတွေသောက်နေရဦးမှာပါ။ သူမဟာ ဆရာဝန်ရဲ့ ဂရုစိုက်ကုသမှုအောက်မှာ ပုံမှန် ပြန်လည် စစ်ဆေးမှုတွေကို ပြုလုပ်နေပါတယ်။
Khun Bow အနေနဲ့ ဒီကာလအတွင်းရရှိခဲ့တဲ့ ပြန်လည်မျှဝေလိုတဲ့ အကြံပြုချက်များကတော့ -
၁။ အကောင်းဘက်မှတွေးခြင်း (သို့မဟုတ်) အကောင်းမြင်စိတ်ရှိခြင်း က ကျွန်တော်တို့ ဖြတ်သန်းရတဲ့ဘဝတစ်လျှောက် အခက်အခဲပြဿနာများကို ဖြေရှင်းပေးနိုင်တဲ့ သော့ချက် ဖြစ်ပါတယ်။ အထူးသဖြင့် သဘောထားကြီးမှုကို ထိန်းပြီး ဘာအကြောင်းဖြစ်ဖြစ် လက်ခံနားလည်နိုင်ခြင်းက အခက်အခဲတွေနဲ့ မမျှော်လင့်တဲ့ အခြေအနေတွေကို ကိုင်တွယ်ရာ မှာ အထောက်အကူပြုပါတယ်။ အဓိက ကတော့ သည်းခံစိတ်မွေးဖို့ပါ။
၂ ။ သင်အကြောင်းကို သင်သိထားတာထက် ဘယ်သူမှ ပိုမသိနိုင်ပါဘူး။ ကိုယ့်ဘာကို သတိပြုမိတဲ့ အခြေအနေနဲ့ပတ်သက်လို့ ဆရာဝန်တွေကို သေသေချာချာ မေးမြန်းဖို့ တွန့်ဆုတ်မနေပါနဲ့။ ဆရာဝန်နဲ့ လူနာကြားက ဆက်ဆံမှုက အရေးကြီးပါတယ်။ အကောင်းဆုံးသော ကုသစောင့်ရှောက်မှုတွေအတွက် သင်ကိုယ်တိုင် ရှင်းရှင်းလင်းလင်း သိထားနားလည်ဖို့လိုပါတယ်။
၃ ။ အလုပ်နဲ့ ဘဝကို ညီမျှအောင်လုပ်ပါ။ အာဟာရမျှတအောင် စားခြင်း (အာဟာရအုပ်စု (၅) အုပ်စုပါဝင်အောင်စားခြင်း ) ၊ ကောင်းစွာအိပ်စက်အနားယူခြင်း ၊ လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်း အားဖြင့် ကိုယ့်ကိုယ်ကို ဂရုစိုက်ပါ။