ကျွန်မမှာကိုယ်ဝန်ရှိနေပြီဆိုတာကို စသိတဲ့အချိန်မှာ သေချာလေ့လာကြည့်တော့ ဘန်ကောက်မှာရှိတဲ့ ဆစ်မီတဝေ့ဆေးရုံဟာ သဘာဝအတိုင်း ကလေးမွေးဖို့ အကောင်းဆုံး နေရာဆိုတာကို တွေ့ခဲ့ရပါတယ်။ ကျွန်မကြိုက်တဲ့တစ်ချက်က ဆေးရုံမှာ သဘာဝအတိုင်းကလေးမွေးဖို့ ကောင်းစွာပြင်ဆင်ထားတဲ့ အခန်းတွေ ရှိသလို ဆရာဝန်တွေကလည်း ဒီနည်းလမ်းအတွက် ဒီလိုပြင်ဆင်မှုတွေက ကောင်းစွာပံ့ပိုးပေးနိုင်တယ်ဆိုတာကို သိထားကြပါတယ်။ ဘန်ကောက်က ကလေးမွေးပြီးသားအမျိုးသမီးတွေ၊ သဘာဝအတိုင်းကလေးမွေးခဲ့တဲ့ အမျိုးသမီး တွေနဲ့လည်း စကားပြောကြည့်တော့ သူတို့က ဆစ်မီတဝေ့ဆေးရုံက Dr Yaowaluk Rapeepattana ကို ညွှန်ပေးပါတယ်။
Dr.Yaowaluk နဲ့ ပထမဆုံးအကြိမ် စတွေ့တော့ ကျွန်မ သဘာဝအတိုင်းပဲ မွေးချင်တယ် ဆိုတာ သူ့ကို ရှင်းပြခဲ့တယ်။ သူမကလည်း ဒါကို ကောင်းကောင်း နားလည်တော့ ကျွန်မ တကယ်ပဲဝမ်းသာရပါတယ်။ ကျွန်မ ကိုယ်ဝန်ဆောင်တဲ့ ကာလတစ်လျှောက်လုံး ကျွန်မရဲ့ စိုးရိမ်မှုမှန်သမျှကို သူ သေချာနားထောင် ပေးတယ်။ ပြီးတော့ ကျွန်မကို အကြံဉာဏ်ပေးတယ်။
ကျွန်မ ပထတစ်ကြိမ်ကလေးမွေးတော့ အသက်ရှူလေ့ကျင့်ခန်းနဲ့ နာကျင်မှု လျှော့ချတဲ့မွေးဖွားမှုနည်းလမ်း(Hypnobirthing) ကို သုံးခဲ့တယ်။ ပြီးတော့ အမျိုးသမီးတွေအတွက် ရေထဲမှာကလေးမွေး(Water Births) ဖို့ Hypnobirthing နည်းလမ်းနဲ့ အသားမကျသေးဘူးဆိုတာကို ကျွန်မ သတိထား မိခဲ့တယ်။ အမျိုးသမီးများစွာဟာ အိမ်မှာပဲ ရေထဲမှာကလေးမွေးခြင်း(Water Births) ကို လုပ်ဆောင်ကြတယ်ဆိုတာကိုလည်း ကျွန်မသိခဲ့ရတယ်။ ကျွန်မကိုယ်တိုင် မမွေးမချင်း ဒါကို စိတ်ထဲမှာ မရှိခဲ့ပါဘူး။ ပထမကတော့ ကျွန်မ ဘာဆေးမှမသုံးဘဲ သဘာဝအတိုင်းမွေးဖွားဖို့ စီစဉ်ခဲ့ပါတယ်။