
ခြေထောက်မှာရုတ်တရက်ခံစားမှုပျောက်ဆုံးခဲ့ပြီးဆစ်မီတဝေ့မှာကုသပျောက်ကင်းခဲ့တဲ့ Fiona
ရုတ်တရက် လုံးဝမမျှော်လင့်ထားဘဲ ခြေထောက်အပေါ်ထိန်းချုပ်နိုင်စွမ်းပျောက်ဆုံးခဲ့ပြီး မခံရပ်နိုင် အောင် နာကျင်မှုတွေခံစားခဲ့ရတဲ့ FIONA BRIDGET ATRACTA တစ်ယောက် ကုသမှုခံယူဖို့ ဆစ်မီတဝေ့ဆေးရုံကို ရောက်လာချိန်မှာ စိုးရိမ်ထိတ်လန့်မှု ၊ စိတ်ရှုပ်ထွေးမှု နဲ့အတူ သောကတွေများ နေခဲ့ပါတယ်။ ဆစ်မီတဝေ့မှဆရာဝန်များရဲ့ ဆေးပညာနှံ့စပ်ကျွမ်းကျင်မှုနဲ့အတူ ပေါင်းစပ်ပြီး အချိန်တို အတွင်းမှာပဲ X-Rays ဓာတ်မှန်ကြည့်ရှုခြင်း ၊ သွေးစစ်ခြင်း နဲ့ MRI Scan ကြည့်ရှုစစ်ဆေးလိုက်တဲ့ အခါ FIONA မှာ Cauda Equina Syndrome(CES) ခေါ် အာရုံကြောတွေကိုဖိမိနေတဲ့ ဝေဒနာခံစားနေရပြီး ကျောရိုးအောက်ခြေမှာအကျိတ်(Tarlov Cyst) ဖြစ်နေကြောင်း စစ်ဆေးတွေ့ရှိခဲ့ပါတယ်။ ဖြစ်ကြောင်းကုန်စင်တစ်ဆင့်ချင်းစီကို သိရှိရပြီးနောက်မှာ တော့ FIONA ဟာ အရေးပေါ်ကုသမှုခံယူခဲ့ပြီး ခံစားနေရတဲ့ ဝေဒနာတွေ အရှင်းသက်သာ ပျောက်ကင်း ခဲ့ပါတယ်။
FIONA ဟာ သူမရဲ့ အတွေ့အကြုံအားလုံးနဲ့ ဆစ်မီတဝေ့ဆေးရုံမှ ကုသပေးခဲ့တဲ့ တစ်ဖွဲ့လုံးကို ကျေးဇူးတင်ကြောင်း ယခုလိုပဲ မျှဝေပြောကြားပေးခဲ့ပါတယ်။