မြန်မာနိုင်ငံ မှ ဝိတိုရိယဆေးရုံနဲ့ ထိုင်းနိုင်ငံ မှ ဆစ်မီတဝေ့ဆေးရုံတို့ပူးပေါင်းပြီး ကလေးရဖို့ခက်ခဲတဲ့ မြန်မာစုံတွဲများ အတွက် ကျန်းမာရေးဝန်ဆောင်မှုပေးမယ့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှု သဘောတူစာချု့ပ်တစ်ရပ်ကို လက်မှတ်ရေးထိုး

အဆိုပါ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုသဘောတူစာချုပ်ကို ဝိတိုရိယဆေးရုံရဲ့ CEO ဒေါက်တာအေးအေးဆန်းဝိတိုရိယဆေးရုံရဲ့ Customer Care Department မန်နေဂျာ ဒေါက်တာ မေသန်းထိုက်ဆစ်မီတဝေ့ဆူခွန်ဗစ်ဆေးရုံရဲ့ဒါရိုက်တာ Dr. Nithiwat Gijsriurai ၊ ဆစ်မီတဝေ့ဆေးရုံနှင့် BNH ဆေးရုံများရဲ့ Business Development ဒါရိုက်တာ Dr. Surapong Lookhanumanjao တို့မှ လက်မှတ်ရေးထိုးခဲ့ပါတယ်။ အဆိုပါသဘောတူညီမှုစာချုပ်အရ မျိုးမပွားနိုင်ခြင်းအတွက်ကုသမှုကို ရှာဖွေနေတဲ့ အထူးသဖြင့်  In-Vitro Fertilization (IVF) (ဖန်ပြွှန်သန္ဓေသားကုသမှုနည်းလမ်း) ဖြင့် ကလေးရယူချင်တဲ့ မြန်မာစုံတွဲများ အတွက် ဆစ်မီတဝေ့ဆေးရုံမှ ကျွမ်းကျင်မှုနဲ့ အတွေ့အကြုံများရဲ့ အကူအညီနဲ့ ကျန်းမာရေးဝန်ဆောင်မှုပေးဖို့ ရည်ရွယ်ထားပါတယ်။ အဆိုပါအခမ်းအနားကို ၂၀၂၃ ခုနှစ် ၊ ဇွန်လ (၂၀) ရက်နေ့က ဆစ်မီတဝေ့ဆူခွန်ဗစ်ဆေးရုံမှာ ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပြီး ဆစ်မီတဝေ့ဆေးရုံ သားဖွားနှင့်မီးယပ်ရောဂါအထူးကုဌာန ပါမောက္ခဌာနမှူး၊ မျိုးပွားခြင်းဆိုင်ရာကုသမှုယူနစ်  ဌာနမှူး ၊ မျိုးပွားခြင်းဆိုင်ရာအထူးကုဆရာဝန်ကြီး ၊ မှန်ပြောင်းသုံး သားအိမ်ခွဲစိတ်အထူးကုဆရာဝန်ကြီး ဖြစ်သူ Dr. Boonsaeng Wutthiphan နဲ့အတူ ဆေးရုံရဲ့သူနာပြုအဖွဲ့များလည်း တက်ရောက်ခဲ့ကြပါတယ်။

ဆစ်မီတဝေ့ဆေးရုံမှာရှိတဲ့ ရင်သွေးရရှိစေရန်ကုသရေး စင်တာ (Fertility Center) ဟာ ကလေးရစေနိုင်တဲ့ အထူးကုသမှုများကို ထိုင်းနိုင်ငံသာမက နိုင်ငံပေါင်း (၃၈) နိုင်ငံကျော်မှ နိုင်ငံခြားသား ကိုယ်ဝန်ဆောင် နဲ့ ကလေးမွေးဖွားမှုများကို အောင်မြင်မှု ရာခိုင်နှုန်း(၄၄) ရာခိုင်နှုန်းအထိ ရရှိအောင် ဝန်ဆောင်မှု ပေးနေတဲ့စင်တာတစ်ခုဖြစ်ပါတယ်။ ခေတ်မီမျိုးပွားမှုနည်းပညာများ၊ စံချိန်စံညွှန်းနဲ့ကိုက်ညီ တဲ့ ဓာတ်ခွဲခန်းများနဲ့အတူ သန္ဓေအောင်စေရန်ကုသမှု နယ်ပယ် မှာ အတွေ့အကြုံရှိ ကျွမ်းကျင်ဆရာဝန်အဖွဲ့များမှ ပူးပေါင်းလုပ်ဆောင်မှု များကြောင့် ထိုကဲ့သို့ အောင်မြင်တဲ့ ရလဒ်ကို ရရှိခဲ့တာ ဖြစ်ပါတယ်။ ရင်သွေးရရှိစေရန်ကုသရေးစင်တာရဲ့ သူနာပြုများနဲ့ ဝန်ထမ်းများဟာ မျိုးပွားမှုဆိုင်ရာဆေးပညာနယ်ပယ်မှာ အထူးသင်ယူလေ့လာထားတာကြောင့် တိတိကျကျရောဂါရှာဖွေစစ်ဆေးမှုများကို ပြုလုပ်နိုင်ပြီး ထိရောက်တဲ့ကုသမှု နဲ့ ပိုမိုမြင့်မားတဲ့အောင်မြင်မှုနှုန်းကို လုပ်ဆောင်ပေးနိုင်ပါတယ်။

အဆင့်သတ်မှတ်ချက်